ဆာကာကို မက်အာသာ အသားလွတ်ကန်ခဲ့မှုကို မမြင်လိုက်ကြောင်း ပြောကြားကာ ဝင်းဂါးတပည့်ပီသကြောင်း ပြသလာတဲ့ ဗီအဲရာ

ပက်ထရစ်ဗီအဲရာဟာကစားသမားဘဝတုန်းကအာစင်ဝင်းဂါးဆီကနေပညာညာတွေအများကြီးသင်ယူခဲ့ရပါတယ်။ဝင်းဂါးဆီကဗီအဲရာသင်ယူခဲ့တဲ့ပညာတွေထဲကနည်းပြတစ်ယောက်ဘယ်လိုပြုမူပြောဆိုရမလဲဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ယခုအခါပက်ထရစ်ဗီအဲရာဟာဝင်းဂါးဆီကသင်ယူလာတဲ့ပညာတွေထဲကတစ်ခုကိုပြသလာပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်အသင်းနှင့်အတူပရီးမီးယားလိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီးပက်ထရစ်ဗီအဲရာအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူစဉ်တုန်းက၂၀၀၃-၀၄ရာသီမှာတစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

ယခုဆယ်စုနှစ်နှစ်ခုနီးပါးရှိလာချိန်မှာအသက်၄၅နှစ်ရှိအလယ်တန်းကစားသမားဟောင်းဟာခရစ္စတယ်ပဲလေ့စ်ကိုကိုင်တွယ်ပြီးလန်ဒန်သို့တကျော့ပြန်ရောက်လာပါတယ်။

တနင်္လာနေ့ညမှာတော့ဗီအဲရာဟာအသင်းဟောင်းအာဆင်နယ်ကိုအမ်းမရိသတ်သို့လာရောက်ယှဉ်ပြိုင်ခဲ့ရပြီး၂ဂိုးစီသရေကျခဲ့ပါတယ်။

ဗီအဲရာရဲ့ပဲလေ့စ်ဟာနာကျင်အချိန်ပို၉၅မိနစ်မှာလာကာဇက်တီရဲ့ချေပဂိုးကြောင့်ရမှတ်တစ်မှတ်နဲ့ဘဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်နှင့်ပဲလေ့စ်တို့ရဲ့ပွဲစဉ်မှာအကြီးမားဆုံးအငြင်းပွားစရာအဖြစ် ဂျိမ်းစ်မက်အာသာကဘူကာယိုဆာကာရဲ့ခြေသလုံးကိုအသားလွတ်အပြင်းကန်ခဲ့တာဖြစ်ပါတယ်။

အသက်၂၀နှစ်ရှိအင်္ဂလန်လူငယ်လေးဟာမက်အာသာရဲ့အပြင်းကန်ချက်ကြောင့်ဒဏ်ရာရရှိပြီးလူစားလဲခဲ့ရပါတယ်။မက်အာသာဟာဆာကာကိုအသားလွတ်အပြင်းကန်ခဲ့ပေမယ့်အနီကတ်အပြမခံရဘဲအဝါကတ်ဘဲအပြခံခဲ့ရပါတယ်။

ပရိသတ်တွေကယင်းကန်ချက်ကို MMA Kick ဆိုပြီးခေါ်ဝေါ်နေကြပါတယ်။

ပွဲအပြီးမှာယင်းကန်ချက်နဲ့ပတ်သက်ပြီးမေးမြန်းမှုကိုပက်ထရစ်ဗီအဲရာက “စိတ်မကောင်းပါဘူး။အဲဒီဖြစ်ရပ်ကိုကျွန်တော်မမြင်လိုက်ပါဘူး။အခုကျွန်တော်ရှိနေခဲ့တဲ့နေရာကြောင့်အဲဒီဖြစ်ရပ်ကိုလည်းထပ်မကြည့်ဖြစ်လိုက်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဗီအဲရာရဲ့ဆရာအာစင်ဝင်းဂါးဟာလည်းအာဆင်နယ်ကိုကိုင်တွယ်တုန်းကသူ့မျက်စိရှေ့နားမှာဖြစ်ပျက်တဲ့အရာဆိုရင်တောင် သူ့ကစားသမားကျူးလွန်းတယ်ဆိုရင် မျက်ကွယ်ပြုကာမမြင်လိုက်ကြောင်းပြောလေ့ရှိသူဖြစ်ပါတယ်။

ZawGyi

ဆာကာကို မက္အာသာ အသားလြတ္ကန္ခဲ့မႈကို မျမင္လိုက္ေၾကာင္း ေျပာၾကားကာ ဝင္းဂါးတပည့္ပီသေၾကာင္း ျပသလာတဲ့ ဗီအဲရာ

ပက္ထရစ္ဗီအဲရာဟာကစားသမားဘဝတုန္းကအာစင္ဝင္းဂါးဆီကေနပညာညာေတြအမ်ားႀကီးသင္ယူခဲ့ရပါတယ္။ဝင္းဂါးဆီကဗီအဲရာသင္ယူခဲ့တဲ့ပညာေတြထဲကနည္းျပတစ္ေယာက္ဘယ္လိုျပဳမူေျပာဆိုရမလဲဆိုတာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ယခုအခါပက္ထရစ္ဗီအဲရာဟာဝင္းဂါးဆီကသင္ယူလာတဲ့ပညာေတြထဲကတစ္ခုကိုျပသလာပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္အသင္းႏွင့္အတူပရီးမီးယားလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၿပီးပက္ထရစ္ဗီအဲရာအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူစဥ္တုန္းက၂၀၀၃-၀၄ရာသီမွာတစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္းျဖင့္ခ်န္ပီယံျဖစ္ခဲ့ဖူးပါတယ္။

ယခုဆယ္စုႏွစ္ႏွစ္ခုနီးပါးရွိလာခ်ိန္မွာအသက္၄၅ႏွစ္ရွိအလယ္တန္းကစားသမားေဟာင္းဟာခရစၥတယ္ပဲေလ့စ္ကိုကိုင္တြယ္ၿပီးလန္ဒန္သို႔တေက်ာ့ျပန္ေရာက္လာပါတယ္။

တနလၤာေန႔ညမွာေတာ့ဗီအဲရာဟာအသင္းေဟာင္းအာဆင္နယ္ကိုအမ္းမရိသတ္သို႔လာေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီး၂ဂိုးစီသေရက်ခဲ့ပါတယ္။

ဗီအဲရာရဲ႕ပဲေလ့စ္ဟာနာက်င္အခ်ိန္ပို၉၅မိနစ္မွာလာကာဇက္တီရဲ႕ေခ်ပဂိုးေၾကာင့္ရမွတ္တစ္မွတ္နဲ႔ဘဲေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ႏွင့္ပဲေလ့စ္တို႔ရဲ႕ပြဲစဥ္မွာအႀကီးမားဆုံးအျငင္းပြားစရာအျဖစ္ ဂ်ိမ္းစ္မက္အာသာကဘူကာယိုဆာကာရဲ႕ေျခသလုံးကိုအသားလြတ္အျပင္းကန္ခဲ့တာျဖစ္ပါတယ္။

အသက္၂၀ႏွစ္ရွိအဂၤလန္လူငယ္ေလးဟာမက္အာသာရဲ႕အျပင္းကန္ခ်က္ေၾကာင့္ဒဏ္ရာရရွိၿပီးလူစားလဲခဲ့ရပါတယ္။မက္အာသာဟာဆာကာကိုအသားလြတ္အျပင္းကန္ခဲ့ေပမယ့္အနီကတ္အျပမခံရဘဲအဝါကတ္ဘဲအျပခံခဲ့ရပါတယ္။

ပရိသတ္ေတြကယင္းကန္ခ်က္ကို MMA Kick ဆိုၿပီးေခၚေဝၚေနၾကပါတယ္။

ပြဲအၿပီးမွာယင္းကန္ခ်က္နဲ႔ပတ္သက္ၿပီးေမးျမန္းမႈကိုပက္ထရစ္ဗီအဲရာက “စိတ္မေကာင္းပါဘူး။အဲဒီျဖစ္ရပ္ကိုကြၽန္ေတာ္မျမင္လိုက္ပါဘူး။အခုကြၽန္ေတာ္ရွိေနခဲ့တဲ့ေနရာေၾကာင့္အဲဒီျဖစ္ရပ္ကိုလည္းထပ္မၾကည့္ျဖစ္လိုက္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဗီအဲရာရဲ႕ဆရာအာစင္ဝင္းဂါးဟာလည္းအာဆင္နယ္ကိုကိုင္တြယ္တုန္းကသူ႔မ်က္စိေရွ႕နားမွာျဖစ္ပ်က္တဲ့အရာဆိုရင္ေတာင္ သူ႔ကစားသမားက်ဴးလြန္းတယ္ဆိုရင္ မ်က္ကြယ္ျပဳကာမျမင္လိုက္ေၾကာင္းေျပာေလ့ရွိသူျဖစ္ပါတယ္။