ဆာကာနှင့်စမစ်ရိုးတို့ နေရာခိုင်မာလာမှုနဲ့အတူ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို ရောင်းချလာတော့မယ့် အာဆင်နယ်

နီကိုလပ်စ်ပီပီဟာအာဆင်နယ်တွင်သူ့ရဲ့အရည်အသွေးကိုပြသဖို့အချိန်တဖြည်းဖြည်းကုန်ဆုံးလာပြီလို့ယုံကြည်ရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဟာလိုင်လီမှကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၇၂သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက် ၂နှစ်ကျော်အကြာမှာဘဲသူ့အာဆင်နယ်နေ့ရက်တွေကုန်ဆုံးလာရတော့မှာဖြစ်ပါတယ်။

နီကိုလပ်စ်ပီပီဟာမီခေးလ်အာတီတာရဲ့ပွဲထွက်လူစာရင်းတွင်ပါဝင်ခွင့်ရရှိရန်ရုန်းကန်နေရပြီးလာမယ့်လများတွင်လည်းအခွင့်အရေးရရှိလာဖို့မရှိပါဘူး။

မီခေးလ်အာတီတာဟာဘူကာယိုဆာကာနှင့်အီမီလီစမစ်ရိုးတို့ကိုအဓိက အသုံးပြုလာမှုနဲ့ ပီပီမှာနေရာပျောက်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပီပီဟာအာဆင်နယ်နှင့်တစ်ပတ်လုပ်ခပေါင်၁၄၀၀၀၀ တန်နှစ်နှစ်ကျော်ကျန်နေသေးပေမယ့်အာဆင်နယ်ဟာနောင်တွင်သူ့တန်ဖိုးပိုမိုကျလာနိုင်တဲ့အနေအထားကြောင့်လာမယ့်ဇန်နဝါရီလတွင်ပင်ရောင်းချသွားဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်နီကိုလပ်စ်ပီပီကိုခေါ်ယူလိုနေတဲ့တစ်သင်းတည်းသောအသင်းကယနေ့တွင်အာဆင်နယ်ကိုရင်ဆိုင်ရမယ့်နယူးကာဆယ်ဖြစ်ပါတယ်။တစ်ဖက်တွင်သူဟာဇန်နဝါရီလတွင်အာဖရိကဖလားပြိုင်ပွဲကစားရန်သွားရမည်ဖြစ်ရာနယူးကာဆယ်အနေဖြင့်ခေါ်ယူရေး တွန့်ဆုတ်နေပါတယ်။

ZawGyi

ဆာကာႏွင့္စမစ္႐ိုးတို႔ ေနရာခိုင္မာလာမႈနဲ႔အတူ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ကို ေရာင္းခ်လာေတာ့မယ့္ အာဆင္နယ္

နီကိုလပ္စ္ပီပီဟာအာဆင္နယ္တြင္သူ႔ရဲ႕အရည္အေသြးကိုျပသဖို႔အခ်ိန္တျဖည္းျဖည္းကုန္ဆုံးလာၿပီလို႔ယုံၾကည္ရပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမားဟာလိုင္လီမွကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၇၂သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၂ႏွစ္ေက်ာ္အၾကာမွာဘဲသူ႔အာဆင္နယ္ေန႔ရက္ေတြကုန္ဆုံးလာရေတာ့မွာျဖစ္ပါတယ္။

နီကိုလပ္စ္ပီပီဟာမီေခးလ္အာတီတာရဲ႕ပြဲထြက္လူစာရင္းတြင္ပါဝင္ခြင့္ရရွိရန္႐ုန္းကန္ေနရၿပီးလာမယ့္လမ်ားတြင္လည္းအခြင့္အေရးရရွိလာဖို႔မရွိပါဘူး။

မီေခးလ္အာတီတာဟာဘူကာယိုဆာကာႏွင့္အီမီလီစမစ္႐ိုးတို႔ကိုအဓိက အသုံးျပဳလာမႈနဲ႔ ပီပီမွာေနရာေပ်ာက္လာခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ပီပီဟာအာဆင္နယ္ႏွင့္တစ္ပတ္လုပ္ခေပါင္၁၄၀၀၀၀ တန္ႏွစ္ႏွစ္ေက်ာ္က်န္ေနေသးေပမယ့္အာဆင္နယ္ဟာေနာင္တြင္သူ႔တန္ဖိုးပိုမိုက်လာႏိုင္တဲ့အေနအထားေၾကာင့္လာမယ့္ဇန္နဝါရီလတြင္ပင္ေရာင္းခ်သြားဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္နီကိုလပ္စ္ပီပီကိုေခၚယူလိုေနတဲ့တစ္သင္းတည္းေသာအသင္းကယေန႔တြင္အာဆင္နယ္ကိုရင္ဆိုင္ရမယ့္နယူးကာဆယ္ျဖစ္ပါတယ္။တစ္ဖက္တြင္သူဟာဇန္နဝါရီလတြင္အာဖရိကဖလားၿပိဳင္ပြဲကစားရန္သြားရမည္ျဖစ္ရာနယူးကာဆယ္အေနျဖင့္ေခၚယူေရး တြန႔္ဆုတ္ေနပါတယ္။