ဆာကာ အဆုံးအဖြတ်ပင်နယ်တီ မဝင်အောင် ကျိန်စာတိုက်ခဲ့ကြောင်း ချီရယ်လီနီဖွင့်ချလာ

ဂျော့ဂျီယိုချီရယ်လီနီကအင်္ဂလန်စတားဘူကာယိုဆာကာအဆုံးအဖြတ်ပင်နယ်တီမဝင်အောင်ကျိန်စာတိုက်ခဲ့ကြောင်းဖွင့်ချလာပါတယ်။

ဆာကာဟာတနင်္ဂနွေနေ့တုန်းကယူရို၂၀၂၀ဗိုလ်လုပွဲမှာအင်္ဂလန်ရဲ့ပဥ္စမမြောက်/အဆုံးအဖြတ်ပင်နယ်တီကိုကန်ခဲ့ပြီးအီတလီဂိုးသမားဒွန်နာရမ်မာကာကွယ်ခဲ့မှုကြောင့်အီတလီကိုရှုံးနိမ့်ကာယူရို၂၀၂၀ပြိုင်ပွဲမှာဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ယခုအခါအီတလီဝါရင့်နောက်ခံလူချီရယ်လီနီကအဆုံးအဖြတ်ပင်နယ်တီကန်ရင် ဆာကာထွက်ခွာသွားစဉ် Kiricocho ဆိုတဲ့ကံဆိုးမှုများကျရောက်စေတဲ့စကားလုံးဖြင့်ကျိန်စာတိုက်ခဲ့ကြောင်းဆိုသွားပါတယ်။

ဆာကာပင်နယ်တီကန်ရန်သွားစဉ်အီတလီအသင်းသားများအခြေအနေအား ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်နယ်တွင်အသက်၃၆နှစ်ရှိချီရယ်လီနီဟာပါးစပ်မှတတွက်တွက်ရေရွတ်နေကြောင်းတွေ့ရပါတယ်။

Kiricocho မှာ တောင်အမေရိကမှပေါက်ဖွားလာတဲ့စကားလုံးဖြစ်ပါတယ်။အင်္ဂလန်လိုဘာသာပြန်ရင်တော့ ကျိန်စာစူးပါစေ(သို့မဟုတ်)ဂြိုလ်ဆိုးဝင်ပါစေ လို့အဓိပ္ပါယ်ရပါတယ်။

တကယ်တော့ ကီရီကိုချိုဆိုတာ လူတစ်ယောက်ရဲ့အမည်ပါ။၁၉၈၀ခုနှစ်များတုန်းကအာဂျင်တီးနားမှ အက်စ်တူဒီယန်တက်စ်ပရိသတ်တစ်ဦးဖြစ်ပါတယ်။ယင်းပရိသတ်လာရောက်ကြည့်တဲ့လေ့ကျင့်ခန်းအစီအစဉ်တိုင်းမှာအသင်းရဲ့စတားကစားသမားများဒဏ်ရာရရှိတဲ့တိုက်ဆိုင်မှုကြီးတွေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်ကလပ်ရဲ့မန်နေဂျာကားလို့စ်ဘီလာဒိုကကီရီကိုချိုကိုပြိုင်ဘက်အသင်း ဂြိုလ်ဆိုးဝင်အောင်ဆိုပြီးအသင်းရဲ့ပွဲတွေကိုလာကြည့်စေပါတယ်။

တကယ်တမ်းမှာလည်းအသင်းဟာယင်းရာသီမှာရှုံးပွဲတစ်ပွဲဘဲရှိခဲ့ပါတယ်။ထူးခြားတာကတော့ယင်းပွဲကလည်းယင်းပရိသတ်လာမကြည့်တဲ့ပွဲဖြစ်ပါတယ်။

ယင်းကျိန်စာသတင်းကစပိန်ဘာသာစကားပြောဘောလုံးလောကမှာအကြီးအကျယ်ပြန့်နှံ့ခဲ့ပါတယ်။ယခုအခါဥရောပဘောလုံးပွဲများမှာလည်းအသုံးပြုလာကြပါတယ်။

စပိန်နည်းပြဂျိုဟန်ကက်တီဗီလာက၂၀၁၀ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းကအာဂျန်ရော်ဘင် တစ်ဦးချင်းအပိုင်ကန်ခွင့်မဝင်အောင်ယင်းစကားလုံးရေရွတ်ကျိန်စာတိုက်ခဲ့ကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။အာလန်းဟာလန်းဟာလည်းသူ့ကိုကီရီချိုကိုလို့အော်ပြီးကျိန်စာတိုက်တဲ့ဂိုးသမားအားပြန်အော်ခဲ့ရပါတယ်။

ESPN Argentina ကချီရယ်လီနီအားဆာကာရဲ့ပင်နယ်တီမဝင်အောင်ကျိန်စာတိုက်ခဲ့သလားလို့မေးမြန်းစဉ်ရာမှာအတည်ပြုခဲ့တာပါ။

ချီရယ်လီနီက “Kiricocho ကျိန်စာတိုက်ခဲ့တာအတည်ပြုပါတယ်”လို့ပြုံးပြီးဖြေခဲ့ပါတယ်။

ဆာကာဟာအင်္ဂလန်ကိုရှုံးပွဲကြုံစေတဲ့အဆုံးအဖြတ်ပင်နယ်တီမဝင်ခဲ့မှုကြောင့်အင်္ဂလန်ပရိသတ်များရဲ့လူမျိုးရေးခွဲခြားတိုက်ခိုက်မှုအကြီးအကျယ်ခံနေရပါတယ်။ချီရယ်လီနီရဲ့ကျိန်စာစက်ကွင်းကနေဆာကာတစ်ယောက်လွတ်သေးပုံမပေါ်သေးပါဘူး။

ZawGyi

ဆာကာ အဆုံးအျဖတ္ပင္နယ္တီ မဝင္ေအာင္ က်ိန္စာတိုက္ခဲ့ေၾကာင္း ခ်ီရယ္လီနီဖြင့္ခ်လာ

ေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီကအဂၤလန္စတားဘူကာယိုဆာကာအဆုံးအျဖတ္ပင္နယ္တီမဝင္ေအာင္က်ိန္စာတိုက္ခဲ့ေၾကာင္းဖြင့္ခ်လာပါတယ္။

ဆာကာဟာတနဂၤေႏြေန႔တုန္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဂၤလန္ရဲ႕ပၪၥမေျမာက္/အဆုံးအျဖတ္ပင္နယ္တီကိုကန္ခဲ့ၿပီးအီတလီဂိုးသမားဒြန္နာရမ္မာကာကြယ္ခဲ့မႈေၾကာင့္အီတလီကိုရႈံးနိမ့္ကာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။

ယခုအခါအီတလီဝါရင့္ေနာက္ခံလူခ်ီရယ္လီနီကအဆုံးအျဖတ္ပင္နယ္တီကန္ရင္ ဆာကာထြက္ခြာသြားစဥ္ Kiricocho ဆိုတဲ့ကံဆိုးမႈမ်ားက်ေရာက္ေစတဲ့စကားလုံးျဖင့္က်ိန္စာတိုက္ခဲ့ေၾကာင္းဆိုသြားပါတယ္။

ဆာကာပင္နယ္တီကန္ရန္သြားစဥ္အီတလီအသင္းသားမ်ားအေျခအေနအား ႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္နယ္တြင္အသက္၃၆ႏွစ္ရွိခ်ီရယ္လီနီဟာပါးစပ္မွတတြက္တြက္ေရ႐ြတ္ေနေၾကာင္းေတြ႕ရပါတယ္။

Kiricocho မွာ ေတာင္အေမရိကမွေပါက္ဖြားလာတဲ့စကားလုံးျဖစ္ပါတယ္။အဂၤလန္လိုဘာသာျပန္ရင္ေတာ့ က်ိန္စာစူးပါေစ(သို႔မဟုတ္)ၿဂိဳလ္ဆိုးဝင္ပါေစ လို႔အဓိပၸါယ္ရပါတယ္။

တကယ္ေတာ့ ကီရီကိုခ်ိဳဆိုတာ လူတစ္ေယာက္ရဲ႕အမည္ပါ။၁၉၈၀ခုႏွစ္မ်ားတုန္းကအာဂ်င္တီးနားမွ အက္စ္တူဒီယန္တက္စ္ပရိသတ္တစ္ဦးျဖစ္ပါတယ္။ယင္းပရိသတ္လာေရာက္ၾကည့္တဲ့ေလ့က်င့္ခန္းအစီအစဥ္တိုင္းမွာအသင္းရဲ႕စတားကစားသမားမ်ားဒဏ္ရာရရွိတဲ့တိုက္ဆိုင္မႈႀကီးေတြျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ကလပ္ရဲ႕မန္ေနဂ်ာကားလို႔စ္ဘီလာဒိုကကီရီကိုခ်ိဳကိုၿပိဳင္ဘက္အသင္း ၿဂိဳလ္ဆိုးဝင္ေအာင္ဆိုၿပီးအသင္းရဲ႕ပြဲေတြကိုလာၾကည့္ေစပါတယ္။

တကယ္တမ္းမွာလည္းအသင္းဟာယင္းရာသီမွာရႈံးပြဲတစ္ပြဲဘဲရွိခဲ့ပါတယ္။ထူးျခားတာကေတာ့ယင္းပြဲကလည္းယင္းပရိသတ္လာမၾကည့္တဲ့ပြဲျဖစ္ပါတယ္။

ယင္းက်ိန္စာသတင္းကစပိန္ဘာသာစကားေျပာေဘာလုံးေလာကမွာအႀကီးအက်ယ္ျပန႔္ႏွံ႔ခဲ့ပါတယ္။ယခုအခါဥေရာပေဘာလုံးပြဲမ်ားမွာလည္းအသုံးျပဳလာၾကပါတယ္။

စပိန္နည္းျပဂ်ိဳဟန္ကက္တီဗီလာက၂၀၁၀ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းကအာဂ်န္ေရာ္ဘင္ တစ္ဦးခ်င္းအပိုင္ကန္ခြင့္မဝင္ေအာင္ယင္းစကားလုံးေရ႐ြတ္က်ိန္စာတိုက္ခဲ့ေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။အာလန္းဟာလန္းဟာလည္းသူ႔ကိုကီရီခ်ိဳကိုလို႔ေအာ္ၿပီးက်ိန္စာတိုက္တဲ့ဂိုးသမားအားျပန္ေအာ္ခဲ့ရပါတယ္။

ESPN Argentina ကခ်ီရယ္လီနီအားဆာကာရဲ႕ပင္နယ္တီမဝင္ေအာင္က်ိန္စာတိုက္ခဲ့သလားလို႔ေမးျမန္းစဥ္ရာမွာအတည္ျပဳခဲ့တာပါ။

ခ်ီရယ္လီနီက “Kiricocho က်ိန္စာတိုက္ခဲ့တာအတည္ျပဳပါတယ္”လို႔ၿပဳံးၿပီးေျဖခဲ့ပါတယ္။

ဆာကာဟာအဂၤလန္ကိုရႈံးပြဲႀကဳံေစတဲ့အဆုံးအျဖတ္ပင္နယ္တီမဝင္ခဲ့မႈေၾကာင့္အဂၤလန္ပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈအႀကီးအက်ယ္ခံေနရပါတယ္။ခ်ီရယ္လီနီရဲ႕က်ိန္စာစက္ကြင္းကေနဆာကာတစ္ေယာက္လြတ္ေသးပုံမေပၚေသးပါဘူး။