ဆာလက်ကို စာချုပ်သစ်ချုပ်ဆိုရေး လုပ်ဆောင်နိုင်တာ အားလုံးလုပ်နေတယ်လို့ ဆိုလာတဲ့ ကလော့ပ်ကို အေးဂျင့်ဝေဖန်လာ

မိုဟာမက်ဆာလက်ရဲ့အေးဂျင့်ဟာအီဂျစ်စူပါစတားကိုအန်ဖီးလ်တွင်ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက်လီဗာပူးဘက်ကလုပ်ဆောင်နိုင်သမျှအားလုံးလုပ်ဆောင်နေတယ်လို့ပြောကြားလာတဲ့နည်းပြဂျာဂင်ကလော့ပ်ကိုဝေဖန်မှုပြုလုပ်လာပါတယ်။

မိုဟာမက်ဆာလက်ရဲ့လက်ရှိစာချုပ်က၂၀၂၃ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီး၎င်းတို့အကြားစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာလအတန်ကြာပြီဖြစ်ပေမဲ့အောင်မြင်ခြင်းမရှိသေးပါဘူး။

ချဲလ်ဆီးနှင့်ရိုးမားစတားဟောင်းဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိအလိုရှိနေတယ်လို့သတင်းထွက်နေပြီးလီဗာပူးက ယင်းအထိမပေးလိုပါဘူး။

နောက်ပိုင်းတွင်မိုဟာမက်ဆာလက်နှင့်လီဗာပူးတို့အကြားစာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာသွေးအေးလာခဲ့ပါတယ်။

ဘရိုက်တန်နှင့်ပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်ကလော့ပ်က၎င်းတို့မှာ မိုဟာမက်ဆာလက်ကိုထိန်းထားနိုင်ရန်အစွမ်းကုန်လုပ်ဆောင်ထားပြီးဖြစ်ကာ ကစားသမားဘက်ကဆုံးဖြတ်သာကျန်တော့ကြောင်းဆိုသွားပါတယ်။

ဒါပေမဲ့ယင်းကို မိုဟာမက်ဆာလက်ရဲ့အေးဂျင့်အက်ဘက်စ်က ဆိုရှယ်မီဒီယာတွင် ငိုနေတဲ့ emojis များတင်ပြီးတုံ့ပြန်ခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာယခုရာသီတွင်လီဗာပူးအတွက်ပရီးမီးယားလိဂ်မှာ၁၉ဂိုးသွင်းယူပြီး၁၀ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။သူ့ကိုရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်၊ဘာစီလိုနာတို့ကစိတ်ဝင်စားနေပါတယ်။

Zawgyi

ဆာလက္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး လုပ္ေဆာင္ႏိုင္တာ အားလုံးလုပ္ေနတယ္လို႔ ဆိုလာတဲ့ ကေလာ့ပ္ကို ေအးဂ်င့္ေဝဖန္လာ

မိုဟာမက္ဆာလက္ရဲ႕ေအးဂ်င့္ဟာအီဂ်စ္စူပါစတားကိုအန္ဖီးလ္တြင္ဆက္လက္ထိန္းသိမ္းႏိုင္ေရးအတြက္လီဗာပူးဘက္ကလုပ္ေဆာင္ႏိုင္သမွ်အားလုံးလုပ္ေဆာင္ေနတယ္လို႔ေျပာၾကားလာတဲ့နည္းျပဂ်ာဂင္ကေလာ့ပ္ကိုေဝဖန္မႈျပဳလုပ္လာပါတယ္။

မိုဟာမက္ဆာလက္ရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၃ခုႏွစ္တြင္ကုန္ဆုံးမည္ျဖစ္ၿပီး၎တို႔အၾကားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာလအတန္ၾကာၿပီျဖစ္ေပမဲ့ေအာင္ျမင္ျခင္းမရွိေသးပါဘူး။

ခ်ဲလ္ဆီးႏွင့္႐ိုးမားစတားေဟာင္းဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိအလိုရွိေနတယ္လို႔သတင္းထြက္ေနၿပီးလီဗာပူးက ယင္းအထိမေပးလိုပါဘူး။

ေနာက္ပိုင္းတြင္မိုဟာမက္ဆာလက္ႏွင့္လီဗာပူးတို႔အၾကားစာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈမွာေသြးေအးလာခဲ့ပါတယ္။

ဘ႐ိုက္တန္ႏွင့္ပြဲမတိုင္မီသတင္းစာရွင္းလင္းပြဲတြင္ကေလာ့ပ္က၎တို႔မွာ မိုဟာမက္ဆာလက္ကိုထိန္းထားႏိုင္ရန္အစြမ္းကုန္လုပ္ေဆာင္ထားၿပီးျဖစ္ကာ ကစားသမားဘက္ကဆုံးျဖတ္သာက်န္ေတာ့ေၾကာင္းဆိုသြားပါတယ္။

ဒါေပမဲ့ယင္းကို မိုဟာမက္ဆာလက္ရဲ႕ေအးဂ်င့္အက္ဘက္စ္က ဆိုရွယ္မီဒီယာတြင္ ငိုေနတဲ့ emojis မ်ားတင္ၿပီးတုံ႔ျပန္ခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာယခုရာသီတြင္လီဗာပူးအတြက္ပရီးမီးယားလိဂ္မွာ၁၉ဂိုးသြင္းယူၿပီး၁၀ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။သူ႔ကိုရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္၊ဘာစီလိုနာတို႔ကစိတ္ဝင္စားေနပါတယ္။