ဆာလက်ရဲ့ပင်နယ်တီကို ကာကွယ်စဉ် ရရှိခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတဲ့ မီလန်ဂိုးသမား

အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာလီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရခြင်းကြောင့် ၁၀ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်ဂိုးသမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒွန်မာရမ်မာရဲ့နေရာမှာအစားထိုးရန်အေစီမီလန်သို့လိုင်လီမှရောက်လာသူဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိဂိုးသမားဟာစီးရီးအေ၇ပွဲကစားထားရာမှာအေစီမီလန်အသင်းကိုရှုံးပွဲမရှိအောင်ကူညီထားကာအီတလီမှာလက်စွမ်းပြနေပါတယ်။

ဒါပေမယ့်သူ့ရဲ့အီတလီတာထွက်ကောင်းမှုကကံဆိုးစွာဘဲအတားအဆီးကြုံလာရပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကအန်ဖီးလ်တွင်ကစားခဲ့တဲ့လီဗာပူးနှင့်ချန်ပီယံလိဂ်ပွဲမှာဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

လီဗာပူးကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းမှာသူဟာတံတောင်ဆစ်နာကျင်လာခဲ့ပေမယ့်အေစီမီလန်အတွက်ငါးပွဲဆက်တိုက်ကစားခဲ့ပါတယ်။ယခုအခါမှာတော့သူဟာဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။

သူဟာခြောက်ပတ်ကြာအနားယူပြီးနောက်လေးပတ်အားပြန်လည်နလန်ထူရေးလေ့ကျင့်ခန်းများပြုလုပ်လိုက်ပါတယ်။

အေစီမီလန်ဟာမိုက်မင်ညောင်ရဲ့နေရာမှာယာယီအစားထိုးဖို့အတွက်ဂျူဗင်တပ်နှင့်ရိုးမားဂိုးသမားဟောင်းအန်တိုနီမီရန်တီကိုခေါ်ယူလိုက်ပါတယ်။

ZawGyi

ဆာလက္ရဲ႕ပင္နယ္တီကို ကာကြယ္စဥ္ ရရွိခဲ့တဲ့ ဒဏ္ရာကို ခြဲစိတ္ကုသခဲ့ရတဲ့ မီလန္ဂိုးသမား

ေအစီမီလန္ဂိုးသမားမိုက္မင္ေညာင္ဟာလီဗာပူးႏွင့္ပြဲစဥ္တြင္မိုဟာမက္ဆာလက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ရရွိခဲ့တဲ့ဒဏ္ရာအားခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရျခင္းေၾကာင့္ ၁၀ပတ္ၾကာအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္ဂိုးသမားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဒြန္မာရမ္မာရဲ႕ေနရာမွာအစားထိုးရန္ေအစီမီလန္သို႔လိုင္လီမွေရာက္လာသူျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိဂိုးသမားဟာစီးရီးေအ၇ပြဲကစားထားရာမွာေအစီမီလန္အသင္းကိုရႈံးပြဲမရွိေအာင္ကူညီထားကာအီတလီမွာလက္စြမ္းျပေနပါတယ္။

ဒါေပမယ့္သူ႔ရဲ႕အီတလီတာထြက္ေကာင္းမႈကကံဆိုးစြာဘဲအတားအဆီးႀကဳံလာရပါတယ္။သူဟာၿပီးခဲ့တဲ့လတုန္းကအန္ဖီးလ္တြင္ကစားခဲ့တဲ့လီဗာပူးႏွင့္ခ်န္ပီယံလိဂ္ပြဲမွာဆာလက္ရဲ႕ပင္နယ္တီကိုကာကြယ္စဥ္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

လီဗာပူးကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲေနာက္ပိုင္းမွာသူဟာတံေတာင္ဆစ္နာက်င္လာခဲ့ေပမယ့္ေအစီမီလန္အတြက္ငါးပြဲဆက္တိုက္ကစားခဲ့ပါတယ္။ယခုအခါမွာေတာ့သူဟာဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္လိုက္ရၿပီျဖစ္ပါတယ္။

သူဟာေျခာက္ပတ္ၾကာအနားယူၿပီးေနာက္ေလးပတ္အားျပန္လည္နလန္ထူေရးေလ့က်င့္ခန္းမ်ားျပဳလုပ္လိုက္ပါတယ္။

ေအစီမီလန္ဟာမိုက္မင္ေညာင္ရဲ႕ေနရာမွာယာယီအစားထိုးဖို႔အတြက္ဂ်ဴဗင္တပ္ႏွင့္႐ိုးမားဂိုးသမားေဟာင္းအန္တိုနီမီရန္တီကိုေခၚယူလိုက္ပါတယ္။