ဆာလက်အတွက် အီဂျစ်နှင့် တိုက်ပွဲဝင်ရာမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာမိုဟာမက်ဆာလက်ကိုအီဂျစ်နှင့်အတူအိုလံပစ်ပြိုင်ပွဲဝင်ရောက်မကစားဖို့အတွက်တိုက်ပွဲဝင်ခဲ့ရာမှာအောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။

အီဂျစ်အိုလံပစ်အသင်းဟာတိုကျိုအိုလံပစ်ပြိုင်ပွဲတွင်အသက်၂၉နှစ်ရှိလီဗာပူးစူပါစတားအားထည့်သွင်းအသုံးပြုလိုနေပါတယ်။အီဂျစ်ဟာလာမယ့်ဇူလိုင်လ၂၂ရက်နေ့မှာဆက်ပ်ပိုရိုမှာစပိန်နှင့်အုပ်စုအဖွင့်ပွဲကစားရပါမယ်။

ဒါပေမယ့်လီဗာပူးဟာမိုဟာမက်ဆာလက်အားအီဂျစ်အိုလံပစ်အသင်းအတွက်မစေလွှတ်နိုင်ဖို့အတွက်အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ရာမှာအောင်မြင်မှုရရှိခဲ့ပါတယ်။

ဒါကြောင့်လည်းမိုဟာမက်ဆာလက်ဟာအီဂျစ်နှင့်အတူဂျပန်သို့သုံးပတ်ကြာသွားရောက်တော့မှာမဟုတ်တော့ဘဲမကြာမီကာလအတွင်းမှာလီဗာပူးနှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းတော့မှာဖြစ်ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်ကိုအိုလံပစ်သို့မစေလွှတ်ခဲ့ရပေမယ့်လည်းလာမယ့်ဇန်နဝါရီလမှဖေဖော်ဝါရီလအထိကင်မရွန်းမှာကျင်းပမယ့်အာဖရိကဖလားပြိုင်ပွဲသို့တော့စေလွှတ်ရမှာဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာပြီးခဲ့တဲ့ရာသီတုန်းကလီဗာပူးအတွက်ပရီးမီးယားလိဂ်ဂိုး၂၂ဂိုးသွင်းယူကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။

လီဗာပူးဟာဩဂုတ်လ၁၄ရက်နေ့မှာနော့ဝှစ်ချ်အားအဝေးကွင်းသို့သွားရောက်ကစားကာ၂၀၂၁-၂၂ဘောလုံးရာသီအားစတင်ရပါမယ်။

ZawGyi

ဆာလက္အတြက္ အီဂ်စ္ႏွင့္ တိုက္ပြဲဝင္ရာမွာ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ လီဗာပူး

လီဗာပူးအသင္းဟာမိုဟာမက္ဆာလက္ကိုအီဂ်စ္ႏွင့္အတူအိုလံပစ္ၿပိဳင္ပြဲဝင္ေရာက္မကစားဖို႔အတြက္တိုက္ပြဲဝင္ခဲ့ရာမွာေအာင္ပြဲခံသြားႏိုင္ခဲ့ပါတယ္။

အီဂ်စ္အိုလံပစ္အသင္းဟာတိုက်ိဳအိုလံပစ္ၿပိဳင္ပြဲတြင္အသက္၂၉ႏွစ္ရွိလီဗာပူးစူပါစတားအားထည့္သြင္းအသုံးျပဳလိုေနပါတယ္။အီဂ်စ္ဟာလာမယ့္ဇူလိုင္လ၂၂ရက္ေန႔မွာဆက္ပ္ပို႐ိုမွာစပိန္ႏွင့္အုပ္စုအဖြင့္ပြဲကစားရပါမယ္။

ဒါေပမယ့္လီဗာပူးဟာမိုဟာမက္ဆာလက္အားအီဂ်စ္အိိုလံပစ္အသင္းအတြက္မေစလႊတ္ႏိုင္ဖို႔အတြက္အစြမ္းကုန္တိုက္ပြဲဝင္ခဲ့ရာမွာေအာင္ျမင္မႈရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္းမိုဟာမက္ဆာလက္ဟာအီဂ်စ္ႏွင့္အတူဂ်ပန္သို႔သုံးပတ္ၾကာသြားေရာက္ေတာ့မွာမဟုတ္ေတာ့ဘဲမၾကာမီကာလအတြင္းမွာလီဗာပူးႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္ကိုအိုလံပစ္သို႔မေစလႊတ္ခဲ့ရေပမယ့္လည္းလာမယ့္ဇန္နဝါရီလမွေဖေဖာ္ဝါရီလအထိကင္မ႐ြန္းမွာက်င္းပမယ့္အာဖရိကဖလားၿပိဳင္ပြဲသို႔ေတာ့ေစလႊတ္ရမွာျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ဟာၿပီးခဲ့တဲ့ရာသီတုန္းကလီဗာပူးအတြက္ပရီးမီးယားလိဂ္ဂိုး၂၂ဂိုးသြင္းယူကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ကူညီႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာဩဂုတ္လ၁၄ရက္ေန႔မွာေနာ့ဝွစ္ခ်္အားအေဝးကြင္းသို႔သြားေရာက္ကစားကာ၂၀၂၁-၂၂ေဘာလုံးရာသီအားစတင္ရပါမယ္။