ဆာလက်အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း ကလော့ပ်အတည်ပြုလာ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကမိုဟာမက်ဆာလက်အားနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေကြောင်းအတည်ပြုလာပါတယ်။

အီဂျစ်အသင်းခေါင်းဆောင်မိုဟာမက်ဆာလက်ဟာလီဗာပူးနှင့်၂နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးယခုအခါ၂၀၂၅ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်အားချုပ်ဆိုရန်ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်အားလက်ရှိရရှိနေတဲ့တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀မှ ပေါင်၂၅၀၀၀၀အထိတိုးမြှင့်ပေးကာစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။မိုဟာမက်ဆာလက်ဟာတစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀အထိရရှိလာမည်ဆိုပါကလီဗာပူးသမိုင်းတွင်လုပ်ခအမြင့်မားဆုံးရရှိတဲ့ကစားသမားဖြစ်လာပါမယ်။

လီဗာပူးဟာယခုနွေရာသီမှာထရန်းအလက်ဇန္ဒားအာနိုး၊ဖာဘင်ဟို၊အလီဆင်၊ဗန်ဒိုက်တို့ကိုစာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာမိုဟာမက်ဆာလက်ကိုလည်းနှစ်ရှည်ထိန်းထားနိုင်ရန်ကြိုးပမ်းလာပါတယ်။

ကလော့ပ်က “ကလပ်ဖြစ်ပျက်တာတွေနဲ့တော်တော်များများမှာကျွန်တော်ပါဝင်ပါတယ်။တစ်ချို့ဆွေးနွေးမှုမှာတော့မပါပါဘူး။ဒါပေမယ့်အားလုံးနီးပါးကိုတော့ကျွန်တော်သိပါတယ်။ပထမအရေးအကြီးဆုံးကမို(ဆာလက်)ကအရမ်းအရမ်းကိုကောင်းနေတယ်။အကောင်းဆုံးခြေစွမ်းရနေတယ်။စိတ်ဓာတ်ပိုင်းလည်းအကောင်းဆုံးအနေအထားမှာရှိတယ်။ဒီကိုပြန်ရောက်(လေ့ကျင့်ခန်းအစီအစဉ်နဲ့ပူးပေါင်း)ကတည်းက သူ့အပြုအမူတွေအားလုံးကအရမ်းကောင်းတယ်။ကျွန်တော်တို့အားလုံးကရင့်ကျက်တဲ့သူတွေပါ။ပရော်ဖက်ရှင်နယ်တွေပါ။ဆွေးနွေးတယ်ဆိုရင်ဆွေးနွေးတယ်ပေါ့။ဆုံးဖြတ်ချက်ချပြီးတော့အသိပေးလာမှာပါ။သူ့စာချုပ်က၂နှစ်ပဲကျန်တော့တာဆိုတော့ဆွေးနွေးနေပြီဆိုတာခင်ဗျားတို့လည်းမှန်းဆလို့ရပါတယ်။တကယ်လဲဆွေးနွေးနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ကလော့ပ်ကအသင်းခေါင်းဆောင်ဟင်ဒါဆင်အား၃နှစ်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပြီလို့မီဒီယာများကဖော်ပြမှုကိုငြင်းဆိုသွားပါတယ်။

ဆာလက်ဟာ၂၀၁၈ခုနှစ်တွင်လီဗာပူးသို့ရောက်လာပြီးနောက်လီဗာပူးအတွက်၂၀၄ပွဲကစားထားရာတွင်၁၂၆ဂိုးသွင်းယူထားပါတယ်။

သူဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်နော့ဝှစ်ချ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိရာမှာကိုယ်တိုင်နှစ်ဂိုးသွင်းတဲ့အပြင်တစ်ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ZawGyi

ဆာလက္အား စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးေနေၾကာင္း ကေလာ့ပ္အတည္ျပဳလာ

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကမိုဟာမက္ဆာလက္အားႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနေၾကာင္းအတည္ျပဳလာပါတယ္။

အီဂ်စ္အသင္းေခါင္းေဆာင္မိုဟာမက္ဆာလက္ဟာလီဗာပူးႏွင့္၂ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးယခုအခါ၂၀၂၅ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုရန္ေဆြးေႏြးေနတာလည္းျဖစ္ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္အားလက္ရွိရရွိေနတဲ့တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀မွ ေပါင္၂၅၀၀၀၀အထိတိုးျမႇင့္ေပးကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနတာလည္းျဖစ္ပါတယ္။မိုဟာမက္ဆာလက္ဟာတစ္ပတ္လုပ္ခေပါင္၂၅၀၀၀၀အထိရရွိလာမည္ဆိုပါကလီဗာပူးသမိုင္းတြင္လုပ္ခအျမင့္မားဆုံးရရွိတဲ့ကစားသမားျဖစ္လာပါမယ္။

လီဗာပူးဟာယခုေႏြရာသီမွာထရန္းအလက္ဇႏၵားအာႏိုး၊ဖာဘင္ဟို၊အလီဆင္၊ဗန္ဒိုက္တို႔ကိုစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးျဖစ္ကာမိုဟာမက္ဆာလက္ကိုလည္းႏွစ္ရွည္ထိန္းထားႏိုင္ရန္ႀကိဳးပမ္းလာပါတယ္။

ကေလာ့ပ္က “ကလပ္ျဖစ္ပ်က္တာေတြနဲ႔ေတာ္ေတာ္မ်ားမ်ားမွာကြၽန္ေတာ္ပါဝင္ပါတယ္။တစ္ခ်ိဳ႕ေဆြးေႏြးမႈမွာေတာ့မပါပါဘူး။ဒါေပမယ့္အားလုံးနီးပါးကိုေတာ့ကြၽန္ေတာ္သိပါတယ္။ပထမအေရးအႀကီးဆုံးကမို(ဆာလက္)ကအရမ္းအရမ္းကိုေကာင္းေနတယ္။အေကာင္းဆုံးေျခစြမ္းရေနတယ္။စိတ္ဓာတ္ပိုင္းလည္းအေကာင္းဆုံးအေနအထားမွာရွိတယ္။ဒီကိုျပန္ေရာက္(ေလ့က်င့္ခန္းအစီအစဥ္နဲ႔ပူးေပါင္း)ကတည္းက သူ႔အျပဳအမူေတြအားလုံးကအရမ္းေကာင္းတယ္။ကြၽန္ေတာ္တို႔အားလုံးကရင့္က်က္တဲ့သူေတြပါ။ပေရာ္ဖက္ရွင္နယ္ေတြပါ။ေဆြးေႏြးတယ္ဆိုရင္ေဆြးေႏြးတယ္ေပါ့။ဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့အသိေပးလာမွာပါ။သူ႔စာခ်ဳပ္က၂ႏွစ္ပဲက်န္ေတာ့တာဆိုေတာ့ေဆြးေႏြးေနၿပီဆိုတာခင္ဗ်ားတို႔လည္းမွန္းဆလို႔ရပါတယ္။တကယ္လဲေဆြးေႏြးေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ကေလာ့ပ္ကအသင္းေခါင္းေဆာင္ဟင္ဒါဆင္အား၃ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားၿပီလို႔မီဒီယာမ်ားကေဖာ္ျပမႈကိုျငင္းဆိုသြားပါတယ္။

ဆာလက္ဟာ၂၀၁၈ခုႏွစ္တြင္လီဗာပူးသို႔ေရာက္လာၿပီးေနာက္လီဗာပူးအတြက္၂၀၄ပြဲကစားထားရာတြင္၁၂၆ဂိုးသြင္းယူထားပါတယ္။

သူဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ေနာ့ဝွစ္ခ်္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိရာမွာကိုယ္တိုင္ႏွစ္ဂိုးသြင္းတဲ့အျပင္တစ္ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။