ဆာလက်အား စာချုပ်သစ်ချုပ်ဆိုရေးအပေါ် နှစ်ခါစဉ်းစားရန် လီဗာပူးသတိပေးခံရ

လီဗာပူးဂန္ထဝင်ကစားသမားဂျွန်ဘန်းစ်ကမိုဟာမက်ဆာလက်မှာလက်ရှိအချိန်တွင်ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း၊သို့ရာတွင်လီဗာပူးအနေဖြင့်သူ့အားစာချုပ်သစ်ချုပ်ဆိုရေးကမ်းလှမ်းမှုပြုလုပ်ရာတွင်အထူးဂရုတစိုက်စဉ်းစားပြီးမှကမ်းလှမ်းမှုပြုလုပ်ရန်သတိပေးလိုက်ပါတယ်။

အသက်၅၇နှစ်ရှိဂျွန်ဘန်းစ်ကအသက်၂၉နှစ်ရှိမိုဟာမက်ဆာလက်ရဲ့အရည်အသွေးကြောင့်မြင့်မားတဲ့လုပ်ခတိုးမြှင့်ပေးပြီးစာချုပ်သစ်ချုပ်ဆိုရန် ထိုက်တန်နေသော်လည်းစာချုပ်သစ်ကအနာဂတ်တွင်အသင်းအတွက်အခက်အခဲဖြစ်လာနိုင်ကြောင်းဆိုလာပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းက “အခုအချိန်မှာသူကကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်လသုံးလတွေမှာသူ့လုံးဝအကောင်းဆုံးကစားသမားပါ။လီဗာပူးဟာသူ့ကိုနောက်ထပ်နှစ်နှစ်ပိုင်ဆိုင်ပါဦးမယ်။ဒီတော့ဒါကအရေးပါပါတယ်။ပြဿနာကဂီနီဝီနယ်ဒမ်လိုမျိုးအခြေအနေကြုံလာရတာပါ။သူ့စာချုပ်နှစ်နှစ်ကျန်သေးတယ်။သူ့ဘက်ကငါးနှစ်စာချုပ်သစ်ချုပ်ဆိုချင်တယ်ဆိုရင်အသက်၃၄နှစ်အထိဒီမှာရှိနေပါမယ်။အသက်၃၄နှစ်အရွယ်ကစားသမားကအခုလိုအချိန်မှာလောက်တန်ဖိုးရှိမှာမဟုတ်ပါဘူး။အခြေအနေကရှိနေပါတယ်။တကယ်လို့သူ့ကိုလုပ်ခအများဆုံးကစားသမားအဖြစ်ချုပ်လိုက်တယ်ဆိုရင်တောင်သူ့အသက်၃၃နှစ်ရောက်ပြီဆိုရင်ပြဿနာရှိလာပါမယ်။သူ့ကိုလုပ်ခအများကြီးပေးနေရပြီးကျုပ်တို့ကအခြားကစားသမားကိုအားကိုးရမယ့်အခြေအနေရှိလာပါမယ်။စာချုပ်ကအရေးမပါပါဘူး။အရေးအကြီးဆုံးကသူ့ကိုလီဗာပူးတို့နောက်နှစ်နှစ်ရထားဖို့ပါ”လို့ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလက်ဟာယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေပြီးပြိုင်ပွဲအရပ်ရပ်မှာ၁၂ပွဲကစားထားရာမှာ၁၅ဂိုးအထိသွင်းယူထားနိုင်ပါတယ်။သူဟာလီဗာပူးအတွက်၂၁၅ပွဲကစားထားရာမှာဂိုး၁၄၀သွင်းထားပြီးချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်ဖလားရရှိထားပါတယ်။

ZawGyi

ဆာလက္အား စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအေပၚ ႏွစ္ခါစဥ္းစားရန္ လီဗာပူးသတိေပးခံရ

လီဗာပူးဂႏၴဝင္ကစားသမားဂြၽန္ဘန္းစ္ကမိုဟာမက္ဆာလက္မွာလက္ရွိအခ်ိန္တြင္ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေၾကာင္း၊သို႔ရာတြင္လီဗာပူးအေနျဖင့္သူ႔အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကမ္းလွမ္းမႈျပဳလုပ္ရာတြင္အထူးဂ႐ုတစိုက္စဥ္းစားၿပီးမွကမ္းလွမ္းမႈျပဳလုပ္ရန္သတိေပးလိုက္ပါတယ္။

အသက္၅၇ႏွစ္ရွိဂြၽန္ဘန္းစ္ကအသက္၂၉ႏွစ္ရွိမိုဟာမက္ဆာလက္ရဲ႕အရည္အေသြးေၾကာင့္ျမင့္မားတဲ့လုပ္ခတိုးျမႇင့္ေပးၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ထိုက္တန္ေနေသာ္လည္းစာခ်ဳပ္သစ္ကအနာဂတ္တြင္အသင္းအတြက္အခက္အခဲျဖစ္လာႏိုင္ေၾကာင္းဆိုလာပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္းက “အခုအခ်ိန္မွာသူကကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္လသုံးလေတြမွာသူ႔လုံးဝအေကာင္းဆုံးကစားသမားပါ။လီဗာပူးဟာသူ႔ကိုေနာက္ထပ္ႏွစ္ႏွစ္ပိုင္ဆိုင္ပါဦးမယ္။ဒီေတာ့ဒါကအေရးပါပါတယ္။ျပႆနာကဂီနီဝီနယ္ဒမ္လိုမ်ိဳးအေျခအေနႀကဳံလာရတာပါ။သူ႔စာခ်ဳပ္ႏွစ္ႏွစ္က်န္ေသးတယ္။သူ႔ဘက္ကငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္တယ္ဆိုရင္အသက္၃၄ႏွစ္အထိဒီမွာရွိေနပါမယ္။အသက္၃၄ႏွစ္အ႐ြယ္ကစားသမားကအခုလိုအခ်ိန္မွာေလာက္တန္ဖိုးရွိမွာမဟုတ္ပါဘူး။အေျခအေနကရွိေနပါတယ္။တကယ္လို႔သူ႔ကိုလုပ္ခအမ်ားဆုံးကစားသမားအျဖစ္ခ်ဳပ္လိုက္တယ္ဆိုရင္ေတာင္သူ႔အသက္၃၃ႏွစ္ေရာက္ၿပီဆိုရင္ျပႆနာရွိလာပါမယ္။သူ႔ကိုလုပ္ခအမ်ားႀကီးေပးေနရၿပီးက်ဳပ္တို႔ကအျခားကစားသမားကိုအားကိုးရမယ့္အေျခအေနရွိလာပါမယ္။စာခ်ဳပ္ကအေရးမပါပါဘူး။အေရးအႀကီးဆုံးကသူ႔ကိုလီဗာပူးတို႔ေနာက္ႏွစ္ႏွစ္ရထားဖို႔ပါ”လို႔ေျပာၾကားသြားပါတယ္။

မိုဟာမက္ဆာလက္ဟာယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနၿပီးၿပိဳင္ပြဲအရပ္ရပ္မွာ၁၂ပြဲကစားထားရာမွာ၁၅ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။သူဟာလီဗာပူးအတြက္၂၁၅ပြဲကစားထားရာမွာဂိုး၁၄၀သြင္းထားၿပီးခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္ဖလားရရွိထားပါတယ္။