ဆာလက် Vs မက်ဆီ Vs ရော်နယ်ဒို – ဆာလက်က လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလား?

မနေ့ညတုန်းကမန်စီးတီးနှင့်ပွဲစဉ်မှာဆာလက်ကမန်စီးတီးနောက်ခံလူများကိုတစ်ကိုယ်တော်အစွမ်းနဲ့မွေနှောက်လိမ်ခေါက်ကာအဆင့်မြင့်ဂိုးတစ်ဂိုးကိုသွင်းယူလိုက်ပြီးတဲ့နောက်လီဗာပူးဂန္ထဝင်ကစားသမားဂျင်မီကာရေဂါကဆာလက်ဟာလီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုကျော်ဖြတ်ကာလက်ရှိကမ္ဘာ့အကောင်းဆုံကစားသမားဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။

အသက်၂၉နှစ်ရှိမိုဟာမက်ဆာလက်ဟာမန်စီးတီးနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာဂိုးသွင်းယူနိုင်ပြီးနောက်ယခုရာသီမှာသွင်းဂိုး၉ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

လီဗာပူးနှင့်မန်စီးတီးပွဲအပြီးမှာကာရေဂါက “လက်ရှိကမ္ဘာ့ဘောလုံးလောကမှာရောဥရောပမှာပါသူ့လောက်ကောင်းတဲ့သူမရှိဘူးလို့ထင်ပါဘူး။လုံးဝကိုထင်ပါတယ်။ချန်ပီယံလိဂ်လည်းကြည့်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာသူ့မှတ်တမ်းကတကယ့်ကိုကောင်းမွန်လွန်းလှပါတယ်။လီဗာပူးမှာသူပြုလုပ်တာတွေနဲ့ပတ်သက်ပြီးဘယ်သူမှမေးခွန်းထုတ်လို့မရပါဘူး။အခုအချိန်မှာသူကကျွန်တော်မြင်ဖူးသမျှထဲမှာသူခြေစွမ်းထိပ်တန်းသို့ရောက်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလီဗာပူးအသင်းမှာဒဏ်ရာပြဿနာများကြောင့်ရုန်းကန်ခဲ့ရသော်လည်းအီဂျစ်စူပါစတားမှာအကောင်းဆုံးခြေစွမ်းဖြင့်ကစားပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၂၀-၂၁ဘောလုံးရာသီမှစတင်ကာဆာလက်ဟာပွဲ၆၀ကစားခဲ့ရာမှာဂိုး၄၀အထိသွင်းယူနိုင်ခဲ့သလို ဖန်တီးမှု၉ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။သူနောက်ဆုံးအကြိမ်ဖန်တီးထားတာမန်စီးတီးနှင့်ပွဲတုန်းကဆာနေးဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့တာပါ။

မိုဟာမက်ဆာလက်ရဲ့မှတ်တမ်းကို လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေလို့ အားလုံးကယူဆထားတဲ့မက်ဆီနှင့်ရော်နယ်ဒိုတို့ရဲ့မှတ်တမ်းနဲ့နှိုင်းယှဉ်ကြည့်ပါမယ်။

မက်ဆီက၅၂ပွဲကစားထားရာမှာ၃၉ဂိုးသွင်းယူပြီး၁၂ကြိမ်ဖန်တီးမှုလုပ်ထားကာခရစ္စတီယာနိုရော်နယ်ဒိုက၅၁ပွဲမှာ၄၁ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးထားပါတယ်။

ယင်းကာလအတွင်းမှာမိုဟာမက်ဆာလက်ဟာ၁၀၁မိနစ်ကစားတိုင်း တစ်ဂိုး(သို့မဟုတ်)ဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

တစ်ဖက်မှာမက်ဆီက၈၉မိနစ်လျှင်တစ်ဂိုး(သို့မဟုတ်)ဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ပြီးရော်နယ်ဒိုက၉၂မိနစ်ကစားတိုင်း တစ်ဂိုး(သို့မဟုတ်)ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။

လီဗာပူးစတားဟာဂိုးပေါက်ကန်သွင်းမှုအပိုင်းမှာမက်ဆီနှင့်ရော်နယ်ဒိုတို့ထက်များပေမယ့်၂၀.၅ ရာခိုင်နှုန်းသာအောင်မြင်မှုရှိပါတယ်။မက်ဆီနှင့်ရော်နယ်ဒိုတို့ကတော့၁၃.၇ ရာခိုင်နှုန်းနှင့်၁၇.၂ရာခိုင်နှုန်းစီသာရှိပါတယ်။

မက်ဆီကလိမ်ခေါက်မှု၆၃.၁ရာခိုင်နှုန်းအောင်မြင်ပြီးဆာလက်ထက်၂၀.၇ရာခိုင်နှုန်းပိုများပါတယ်။ရော်နယ်ဒိုကလည်း၅၉.၆ရာခိုင်နှုန်းအထိလိမ်ခေါက်မှုအောင်မြင်ပါတယ်။

ZawGyi

ဆာလက္ Vs မက္ဆီ Vs ေရာ္နယ္ဒို – ဆာလက္က လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေနၿပီလား?

မေန႔ညတုန္းကမန္စီးတီးႏွင့္ပြဲစဥ္မွာဆာလက္ကမန္စီးတီးေနာက္ခံလူမ်ားကိုတစ္ကိုယ္ေတာ္အစြမ္းနဲ႔ေမြေႏွာက္လိမ္ေခါက္ကာအဆင့္ျမင့္ဂိုးတစ္ဂိုးကိုသြင္းယူလိုက္ၿပီးတဲ့ေနာက္လီဗာပူးဂႏၴဝင္ကစားသမားဂ်င္မီကာေရဂါကဆာလက္ဟာလီယြန္နယ္မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကိုေက်ာ္ျဖတ္ကာလက္ရွိကမာၻ႔အေကာင္းဆုံကစားသမားျဖစ္ေနၿပီလို႔ေျပာၾကားခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိမိုဟာမက္ဆာလက္ဟာမန္စီးတီးႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာဂိုးသြင္းယူႏိုင္ၿပီးေနာက္ယခုရာသီမွာသြင္းဂိုး၉ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။

လီဗာပူးႏွင့္မန္စီးတီးပြဲအၿပီးမွာကာေရဂါက “လက္ရွိကမာၻ႔ေဘာလုံးေလာကမွာေရာဥေရာပမွာပါသူ႔ေလာက္ေကာင္းတဲ့သူမရွိဘူးလို႔ထင္ပါဘူး။လုံးဝကိုထင္ပါတယ္။ခ်န္ပီယံလိဂ္လည္းၾကည့္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာသူ႔မွတ္တမ္းကတကယ့္ကိုေကာင္းမြန္လြန္းလွပါတယ္။လီဗာပူးမွာသူျပဳလုပ္တာေတြနဲ႔ပတ္သက္ၿပီးဘယ္သူမွေမးခြန္းထုတ္လို႔မရပါဘူး။အခုအခ်ိန္မွာသူကကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာသူေျခစြမ္းထိပ္တန္းသို႔ေရာက္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလီဗာပူးအသင္းမွာဒဏ္ရာျပႆနာမ်ားေၾကာင့္႐ုန္းကန္ခဲ့ရေသာ္လည္းအီဂ်စ္စူပါစတားမွာအေကာင္းဆုံးေျခစြမ္းျဖင့္ကစားျပႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့၂၀၂၀-၂၁ေဘာလုံးရာသီမွစတင္ကာဆာလက္ဟာပြဲ၆၀ကစားခဲ့ရာမွာဂိုး၄၀အထိသြင္းယူႏိုင္ခဲ့သလို ဖန္တီးမႈ၉ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။သူေနာက္ဆုံးအႀကိမ္ဖန္တီးထားတာမန္စီးတီးႏွင့္ပြဲတုန္းကဆာေနးဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့တာပါ။

မိုဟာမက္ဆာလက္ရဲ႕မွတ္တမ္းကို လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားေတြလို႔ အားလုံးကယူဆထားတဲ့မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ရဲ႕မွတ္တမ္းနဲ႔ႏႈိင္းယွဥ္ၾကည့္ပါမယ္။

မက္ဆီက၅၂ပြဲကစားထားရာမွာ၃၉ဂိုးသြင္းယူၿပီး၁၂ႀကိမ္ဖန္တီးမႈလုပ္ထားကာခရစၥတီယာႏိုေရာ္နယ္ဒိုက၅၁ပြဲမွာ၄၁ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးထားပါတယ္၊

ယင္းကာလအတြင္းမွာမိုဟာမက္ဆာလက္ဟာ၁၀၁မိနစ္ကစားတိုင္း တစ္ဂိုး(သို႔မဟုတ္)ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ႏိုင္ပါတယ္။

တစ္ဖက္မွာမက္ဆီက၈၉မိနစ္လွ်င္တစ္ဂိုး(သို႔မဟုတ္)ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ႏိုင္ၿပီးေရာ္နယ္ဒိုက၉၂မိနစ္ကစားတိုင္း တစ္ဂိုး(သို႔မဟုတ္)ဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။

လီဗာပူးစတားဟာဂိုးေပါက္ကန္သြင္းမႈအပိုင္းမွာမက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ထက္မ်ားေပမယ့္၂၀.၅ ရာခိုင္ႏႈန္းသာေအာင္ျမင္မႈရွိပါတယ္။မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ကေတာ့၁၃.၇ ရာခိုင္ႏႈန္းႏွင့္၁၇.၂ရာခိုင္ႏႈန္းစီသာရွိပါတယ္။

မက္ဆီကလိမ္ေခါက္မႈ၆၃.၁ရာခိုင္ႏႈန္းေအာင္ျမင္ၿပီးဆာလက္ထက္၂၀.၇ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ေရာ္နယ္ဒိုကလည္း၅၉.၆ရာခိုင္ႏႈန္းအထိလိမ္ေခါက္မႈေအာင္ျမင္ပါတယ္။