ဆာလာကို ရောင်းချသွားမည်မဟုတ်ဟု ဘိုင်ယန်မြူးနစ်ကို လီဗာပူး သတိပေး

လီဗာပူးကမိုဟာမက်ဆာလာမှာရောင်းချရန်မဟုတ်ကြောင်းဘိုင်ယန်မြူးနစ်ကိုအကြောင်းကြားလိုက်ပါတယ်။မကြာသေးမီတုန်းကဘိုင်ယန်မြူးနစ်အကြီးအကဲကားလ်ရမ်မန်နစ်ဂီကမိုဟာမက်ဆာလာကိုအာဖရိကမက်ဆီလို့ကင်ပွန်းတပ်ပြောဆိုခဲ့ပြီးအီဂျစ်လက်ရွေးစင်ကိုခေါ်ယူရန်စိတ်ဝင်စားနကြောင်းပြသလာခဲ့ပါတယ်။

အသက်၂၈နှစ်ရှိချဲလ်ဆီးနှင့်ရိုးမားတောင်ပံတိုက်စစ်သမားဟာလီဗာပူးမှာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ ရရှိနေပြီးစာချုပ်မှာ၂၀၂၃ခုနှစ်တွင်မှသက်တမ်းကုန်ဆုံးပါမယ်။

ပြီးခဲ့တဲ့လတုန်းကဆာလာကလီဗာပူးကစားသမားအဖြစ်ကစားသမားဘဝကုန်ဆုံးလိုကြောင်းနှင့်ဆုဖလားများစွာဆွတ်ခူးလိုကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်ယခုအခါသူ့ကိုခေါ်ယူရေးအတွက်ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်တို့အပြင်ဘိုင်ယန်မြူးနစ်လည်း စိတ်ဝင်စားလာခဲ့ပါပြီ။

ရမ်မန်နစ်ဂီက “သူ့ကိုပိုင်ဆိုင်ရရင်တော့ဂုဏ်ယူစရာဖြစ်လာပါမယ်။ဆာလာကအာဖရိကမက်ဆီပါ။သူ့မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေအတွက်ကစားနိုင်တဲ့ကျွမ်းကျင်မှုတွေရှိပါတယ်။သူ့မှာမက်ဆီနဲ့ရော်နယ်ဒိုတို့ဘာကာနဲ့ရီးရဲလ်မက်ဒရစ်မှာလုပ်ပြခဲ့တာကိုယှဉ်နိုင်တဲ့အောင်မြင်မှုလည်းရှိပါတယ်”လို့ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလာဟာယခုရာသီတွင်လီဗာပူးအတွက်၃၂ပွဲကစားထားရာမှာ၂၂ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားကာရေဂါကမူဆာလာမှာလုပ်ခတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုလိုနေကြောင်း ပြောကြားထားပါတယ်။လီဗာပူးဟာလာမယ့်လတွေအတွင်းမှာဆာလာကိုလုပ်ခတိုးပြီးစာချုပ်သစ်ချုပ်ဆို လာဖို့ရှိပါတယ်။

ZawGyi

ဆာလာကို ေရာင္းခ်သြားမည္မဟုတ္ဟု ဘိုင္ယန္ျမဴးနစ္ကို လီဗာပူး သတိေပး

လီဗာပူးကမိုဟာမက္ဆာလာမွာေရာင္းခ်ရန္မဟုတ္ေၾကာင္းဘိုင္ယန္ျမဴးနစ္ကိုအေၾကာင္းၾကားလိုက္ပါတယ္။မၾကာေသးမီတုန္းကဘိုင္ယန္ျမဴးနစ္အႀကီးအကဲကားလ္ရမ္မန္နစ္ဂီကမိုဟာမက္ဆာလာကိုအာဖရိကမက္ဆီလို႔ကင္ပြန္းတပ္ေျပာဆိုခဲ့ၿပီးအီဂ်စ္လက္ေ႐ြးစင္ကိုေခၚယူရန္စိတ္ဝင္စားနေၾကာင္းျပသလာခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိခ်ဲလ္ဆီးႏွင့္႐ိုးမားေတာင္ပံတိုက္စစ္သမားဟာလီဗာပူးမွာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ ရရွိေနၿပီးစာခ်ဳပ္မွာ၂၀၂၃ခုႏွစ္တြင္မွသက္တမ္းကုန္ဆုံးပါမယ္။

ၿပီးခဲ့တဲ့လတုန္းကဆာလာကလီဗာပူးကစားသမားအျဖစ္ကစားသမားဘဝကုန္ဆုံးလိုေၾကာင္းႏွင့္ဆုဖလားမ်ားစြာဆြတ္ခူးလိုေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဒါေပမယ့္ယခုအခါသူ႔ကိုေခၚယူေရးအတြက္ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္တို႔အျပင္ဘိုင္ယန္ျမဴးနစ္လည္း စိတ္ဝင္စားလာခဲ့ပါၿပီ။

ရမ္မန္နစ္ဂီက “သူ႔ကိုပိုင္ဆိုင္ရရင္ေတာ့ဂုဏ္ယူစရာျဖစ္လာပါမယ္။ဆာလာကအာဖရိကမက္ဆီပါ။သူ႔မွာ ကမာၻ႔အေကာင္းဆုံးအသင္းေတြအတြက္ကစားႏိုင္တဲ့ကြၽမ္းက်င္မႈေတြရွိပါတယ္။သူ႔မွာမက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ဘာကာနဲ႔ရီးရဲလ္မက္ဒရစ္မွာလုပ္ျပခဲ့တာကိုယွဥ္ႏိုင္တဲ့ေအာင္ျမင္မႈလည္းရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မိုဟာမက္ဆာလာဟာယခုရာသီတြင္လီဗာပူးအတြက္၃၂ပြဲကစားထားရာမွာ၂၂ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားကာေရဂါကမူဆာလာမွာလုပ္ခတိုးျမႇင့္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနေၾကာင္း ေျပာၾကားထားပါတယ္။လီဗာပူးဟာလာမယ့္လေတြအတြင္းမွာဆာလာကိုလုပ္ခတိုးၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆို လာဖို႔ရွိပါတယ္။