ဆာအိုပေါ်လိုနှင့် ဂွါရာနီပွဲတွင် ဒိုင်လူကြီးကို တိုက်ခိုက်မှုကြောင့် ဘရာဇီးစတားရီဘိုင်ရို ဖမ်းဆီးခံရ

ဘရာဇီးဘောလုံးကစားသမားတစ်ဦးဟာဒိုင်လူကြီးတစ်ခုကိုတိုက်ခိုက်မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ယင်းဒိုင်လူကြီးကြောင့်ဒိုင်လူကြီးဟာသတိမေ့သွားခဲ့ပြီးဆေးရုံသို့အရေးပေါ်ပို့ခဲ့ရပါတယ်။

ဝီလီယမ်ရီဘိုင်ရိုဟာတနင်္လာနေ့တုန်းကဆာအိုပေါ်လာအာအက်စ်နှင့်ဂွါရာနီတို့ပွဲတွင်ဒိုင်လူကြီးရိုဒရီဂိုခရီဗယ်လာရိုကိုကန်ကျောက်ခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့အသင်းဟာ၁-၀ဂိုးဖြင့်သာရှုံးနိမ့်နေချိန်တွင်ဒိုင်လူကြီးကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဘာအကြောင်းကြောင့်တိုက်ခိုက်သလဲဆိုတာအတိအကျပြောဖို့ခက်ပါတယ်။

ဗီဒီယိုမှတ်တမ်းအရပွဲအစ၁၅မိနစ်မပြည့်သေးခင်တွင်ရီဘိုင်ရိုဟာဒိုင်လူကြီးကန်ကျောက်မှုပြုလုပ်ခဲ့ပြီးဒိုင်လူကြီးမှာကွင်းမြင်ခင်းသို့ဟန်ချက်ပျက်ကာလဲကျသွားခဲ့ပါတယ်။ယင်းနောက်ကစားသမားဟာလဲကျနေတဲ့ဒိုင်လူကြီးရဲ့ခေါင်းကိုထပ်မံကန်ကျောက်မှုပြုလုပ်ခဲ့ပါတယ်။

ချက်ချင်းပင်ရီဘိုင်ရိုဟာပြိုင်ဘက်ကစားသမားတို့ရဲ့ထိန်းချုပ်ခြင်းခံခဲ့ရပြီးတစ်ချို့ကလည်းဆေးအဖွဲ့ကိုခေါ်ယူခဲ့ကြပါတယ်။

ခရီဗယ်လာရိုဟာကွင်းထဲတွင်သတိမေ့နေခဲ့ပြီးဆေးအဖွဲ့ရဲ့ကုသမှုခံခဲ့ရပါတယ်။ယင်းနောက်အရေးပေါ်ကားရောက်လာချိန်တွင်ဘရာဇီးတောင်ပိုင်း ပေါ်တိုအလီဂရီအနီးရှိ ဗီနနန်စီယိုအေရက်စ်ရဲ့ဆေးရုံတစ်ခုသို့ပို့ဆောင်ခဲ့ရပါတယ်။

ဒေသတွင်းမီဒီယာများရဲ့ဖော်ပြချက်အရဒိုင်လူကြီးဟာဆေးရုံသို့ရောက်ပြီးနောက်သတိရလာပြီဖြစ်သော်လည်းဆရာဝန်များရဲ့အနီးကပ်စောင့်ကြည့်ခြင်းခံနေရဆဲဖြစ်ကြောင်းသိရပါတယ်။

ရီဘိုင်ရိုကိုရဲတပ်ဖွဲ့ကကွင်းအတွင်းသို့ဝင်ရောက်ကာဖမ်းဆီးပြီးနောက်ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ပွဲကိုလည်းရပ်ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကအထက်ပါအဖြစ်အပျက်အားစစ်ဆေးမှုများပြုလုပ်ကာအရေးယူမှုပြုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာသွားပါတယ်။

ZawGyi

ဆာအိုေပၚလိုႏွင့္ ဂြါရာနီပြဲတြင္ ဒိုင္လူႀကီးကို တိုက္ခိုက္မႈေၾကာင့္ ဘရာဇီးစတားရီဘိုင္႐ို ဖမ္းဆီးခံရ

ဘရာဇီးေဘာလုံးကစားသမားတစ္ဦးဟာဒိုင္လူႀကီးတစ္ခုကိုတိုက္ခိုက္မႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ယင္းဒိုင္လူႀကီးေၾကာင့္ဒိုင္လူႀကီးဟာသတိေမ့သြားခဲ့ၿပီးေဆး႐ုံသို႔အေရးေပၚပို႔ခဲ့ရပါတယ္။

ဝီလီယမ္ရီဘိုင္႐ိုဟာတနလၤာေန႔တုန္းကဆာအိုေပၚလာအာအက္စ္ႏွင့္ဂြါရာနီတို႔ပြဲတြင္ဒိုင္လူႀကီး႐ိုဒရီဂိုခရီဗယ္လာ႐ိုကိုကန္ေက်ာက္ခဲ့တာျဖစ္ပါတယ္။

ကစားသမားရဲ႕အသင္းဟာ၁-၀ဂိုးျဖင့္သာရႈံးနိမ့္ေနခ်ိန္တြင္ဒိုင္လူႀကီးကိုတိုက္ခိုက္ခဲ့တာျဖစ္ၿပီးဘာအေၾကာင္းေၾကာင့္တိုက္ခိုက္သလဲဆိုတာအတိအက်ေျပာဖို႔ခက္ပါတယ္။

ဗီဒီယိုမွတ္တမ္းအရပြဲအစ၁၅မိနစ္မျပည့္ေသးခင္တြင္ရီဘိုင္႐ိုဟာဒိုင္လူႀကီးကန္ေက်ာက္မႈျပဳလုပ္ခဲ့ၿပီးဒိုင္လူႀကီးမွာကြင္းျမင္ခင္းသို႔ဟန္ခ်က္ပ်က္ကာလဲက်သြားခဲ့ပါတယ္။ယင္းေနာက္ကစားသမားဟာလဲက်ေနတဲ့ဒိုင္လူႀကီးရဲ႕ေခါင္းကိုထပ္မံကန္ေက်ာက္မႈျပဳလုပ္ခဲ့ပါတယ္။

ခ်က္ခ်င္းပင္ရီဘိုင္႐ိုဟာၿပိဳင္ဘက္ကစားသမားတို႔ရဲ႕ထိန္းခ်ဳပ္ျခင္းခံခဲ့ရၿပီးတစ္ခ်ိဳ႕ကလည္းေဆးအဖြဲ႕ကိုေခၚယူခဲ့ၾကပါတယ္။

ခရီဗယ္လာ႐ိုဟာကြင္းထဲတြင္သတိေမ့ေနခဲ့ၿပီးေဆးအဖြဲ႕ရဲ႕ကုသမႈခံခဲ့ရပါတယ္။ယင္းေနာက္အေရးေပၚကားေရာက္လာခ်ိန္တြင္ဘရာဇီးေတာင္ပိုင္း ေပၚတိုအလီဂရီအနီးရွိ ဗီနနန္စီယိုေအရက္စ္ရဲ႕ေဆး႐ုံတစ္ခုသို႔ပို႔ေဆာင္ခဲ့ရပါတယ္။

ေဒသတြင္းမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒိုင္လူႀကီးဟာေဆး႐ုံသို႔ေရာက္ၿပီးေနာက္သတိရလာၿပီျဖစ္ေသာ္လည္းဆရာဝန္မ်ားရဲ႕အနီးကပ္ေစာင့္ၾကည့္ျခင္းခံေနရဆဲျဖစ္ေၾကာင္းသိရပါတယ္။

ရီဘိုင္႐ိုကိုရဲတပ္ဖြဲ႕ကကြင္းအတြင္းသို႔ဝင္ေရာက္ကာဖမ္းဆီးၿပီးေနာက္ရဲစခန္းသို႔ေခၚေဆာင္သြားခဲ့ပါတယ္။ပြဲကိုလည္းရပ္ဆိုင္းမႈျပဳလုပ္ခဲ့ရပါတယ္။

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ကအထက္ပါအျဖစ္အပ်က္အားစစ္ေဆးမႈမ်ားျပဳလုပ္ကာအေရးယူမႈျပဳသြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာသြားပါတယ္။