ဆာအဲလက်စ်က ဝိုင်တိုက်ရန် ကမ်းလှမ်းမှုကို မူးလာရင် ခင်ဗျားတို့အားလုံးကို တစ်စစီလုပ်ပစ်နိုင်တယ်လို့ပြောပြီး ငြင်းတဲ့ ခါဘစ်

UFC စတားဟောင်းခါဘစ်ဟာဆာအဲလက်စ်ဖာဂူဆန်ကဝိုင်တစ်ခွက်တိုက်ရန်ကမ်းလှမ်းလာမှုအား မူးလာရင် မန်ယူနည်းပြဟောင်း၊ပက်ထရစ်အီဗရာနှင့်ဟူစိန်ဘို့သ်တို့အားလုံးကိုတစ်စစီဖြစ်အောင်လုပ်လာနိုင်ကြောင်းဟာသနှောပြောကြားကာငြင်းဆိုလိုက်ပါတယ်။

UFC ချန်ပီယံဟောင်းဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်မန်ယူနှင့်အဲဗာတန်တို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်သူ့သူငယ်ချင်းခရစ္စတီယာနိုရော်နယ်ဒိုအားလာရောက်အားပေးခဲ့ပါတယ်။

ခါဘစ်ဟာအထူးအခန်းထဲတွင်ဆာအဲလက်စ်ဖာဂူဆန်၊ပက်ထရစ်အီဗရာ၊အူစိန်ဘို့သ်တို့နှင့်စကားပြောနေခဲ့ကြတာတွေ့ရပါတယ်။ယခုအခါရုရှားသားကစကော့လူမျိုးနည်းပြကဝိုင်တိုက်ရန်ကမ်းလှမ်းလာမှုအားပညာသားပါပါငြင်းဆိုလာမှုကိုဖွင့်ဟပြောကြားလာပါတယ်။

ခါဘစ်က “အရက်သောက်တာကျွန်တော့်အတွက်မကောင်းဘူး။အရက်သောက်မိရင်ခင်ဗျားတို့အားလုံးကိုတစ်စစီဖြစ်အောင်လုပ်မိလိမ့်မယ်”လို့ဟာသပြောဆိုကာငြင်းဆိုခဲ့တာဖြစ်ပါတယ်။

တကယ်တော့ခါဘစ်ဟာမွတ်စလင်ဘာသာဝင်ဖြစ်တာနဲ့အညီအရက်သောက်လို့မရပါဘူး။သူဟာမွတ်စလင်ဘာသာဝင်ဖြစ်တာကြောင့်အရက်မသောက်နိုင်မှုကိုတိုက်ရိုက်မပြောကြားဘဲပညာသားပါပါဟာသနှောပြီးငြင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ခါဘစ်ဟာဘောလုံးချစ်သူတစ်ဦးအဖြစ်နာမည်ကြီးတဲ့ UFC တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီးမကြာသေးမီတုန်းကရုရှားကလပ်တစ်ခုနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဆာအဲလက္စ္က ဝိုင္တိုက္ရန္ ကမ္းလွမ္းမႈကို မူးလာရင္ ခင္ဗ်ားတို႔အားလုံးကို တစ္စစီလုပ္ပစ္ႏိုင္တယ္လို႔ေျပာၿပီး ျငင္းတဲ့ ခါဘစ္

UFC စတားေဟာင္းခါဘစ္ဟာဆာအဲလက္စ္ဖာဂူဆန္ကဝိုင္တစ္ခြက္တိုက္ရန္ကမ္းလွမ္းလာမႈအား မူးလာရင္ မန္ယူနည္းျပေဟာင္း၊ပက္ထရစ္အီဗရာႏွင့္ဟူစိန္ဘို႔သ္တို႔အားလုံးကိုတစ္စစီျဖစ္ေအာင္လုပ္လာႏိုင္ေၾကာင္းဟာသေႏွာေျပာၾကားကာျငင္းဆိုလိုက္ပါတယ္။

UFC ခ်န္ပီယံေဟာင္းဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္မန္ယူႏွင့္အဲဗာတန္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္သူ႔သူငယ္ခ်င္းခရစၥတီယာႏိုေရာ္နယ္ဒိုအားလာေရာက္အားေပးခဲ့ပါတယ္။

ခါဘစ္ဟာအထူးအခန္းထဲတြင္ဆာအဲလက္စ္ဖာဂူဆန္၊ပက္ထရစ္အီဗရာ၊အူစိန္ဘို႔သ္တို႔ႏွင့္စကားေျပာေနခဲ့ၾကတာေတြ႕ရပါတယ္။ယခုအခါ႐ုရွားသားကစေကာ့လူမ်ိဳးနည္းျပကဝိုင္တိုက္ရန္ကမ္းလွမ္းလာမႈအားပညာသားပါပါျငင္းဆိုလာမႈကိုဖြင့္ဟေျပာၾကားလာပါတယ္။

ခါဘစ္က “အရက္ေသာက္တာကြၽန္ေတာ့္အတြက္မေကာင္းဘူး။အရက္ေသာက္မိရင္ခင္ဗ်ားတို႔အားလုံးကိုတစ္စစီျဖစ္ေအာင္လုပ္မိလိမ့္မယ္”လို႔ဟာသေျပာဆိုကာျငင္းဆိုခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ခါဘစ္ဟာမြတ္စလင္ဘာသာဝင္ျဖစ္တာနဲ႔အညီအရက္ေသာက္လို႔မရပါဘူး။သူဟာမြတ္စလင္ဘာသာဝင္ျဖစ္တာေၾကာင့္အရက္မေသာက္ႏိုင္မႈကိုတိုက္႐ိုက္မေျပာၾကားဘဲပညာသားပါပါဟာသေႏွာၿပီးျငင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ခါဘစ္ဟာေဘာလုံးခ်စ္သူတစ္ဦးအျဖစ္နာမည္ႀကီးတဲ့ UFC တိုက္ခိုက္ေရးသမားတစ္ဦးျဖစ္ၿပီးမၾကာေသးမီတုန္းက႐ုရွားကလပ္တစ္ခုႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။