ဆာအဲလက်စ်ဖာဂူဆန်ခေတ်အလွန်တွင် နည်းပြထုတ်ပယ်ရာမှာ ပေါင် ၃၈ သန်း သုံးခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ၂၀၁၃ခုနှစ်တွင်အိုးထရက်ဖို့ဒ်ကိုဆာအဲလက်စ်ဖာဂူဆန်စွန့်ခွာသွားပြီးနောက်နည်းပြများကိုထုတ်ပယ်ရာတွင်ပေါင်၃၈သန်းအထိအသုံးပြုခဲ့ရပြီးဖြစ်ပါတယ်။

အသက်၇၉နှစ်ရှိဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်ကို၂၇နှစ်ကြာကိုင်တွယ်စဉ်အတွင်းအသင်းကိုအခိုင်ခန့်ဆုံးအတောင့်တင်းဆုံးဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဆာအဲလက်စ်ဖာဂူဆန်မရှိတဲ့နောက်ပိုင်းမှာတော့မန်ယူဟာမတည်ငြိမ်မှုများနှင့်ကြုံတွေ့လာရပါတယ်။

ယူနိုက်တက်ဟာတနင်္ဂနွေနေ့နံနက်ပိုင်းတုန်းကအိုးလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ခဲ့ပြီးစာချုပ်နစ်နာကြေးပေါင်၇.၅သန်းပေးခဲ့ရပါတယ်။နော်ဝေလူမျိုးနည်းပြဟာနွေရာသီတုန်းကသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီးတစ်နှစ်စာလုပ်ခလျော်ကြေးရရှိပါတယ်။

ယူနိုက်တက်ဟာမိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပြီးလွန်ခဲ့တဲ့၈နှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောကပဥ္စမမြောက်နည်းပြကိုရှာဖွေနေပါတယ်။

၎င်းတို့ဟာအိုလီဂန်နားဆိုးလ်ရှားခေတ်အလွန်တွင်အောင်မြင်တဲ့ခရီးတစ်ခုလျှောက်လှမ်းနိုင်ရန်မျှော်လင့်နေပါတယ်။

မန်ယူဟာဆာအဲလက်စ်ဖာဂူဆန်ခေတ်အလွန်ပထမဆုံးနည်းပြဖြစ်တဲ့ဒေးဗစ်မိုယက်စ်ကို၂၀၁၄ခုနှစ်ဧပြီလတွင်ရှစ်လတာဝန်ထမ်းဆောင်ချိန်တွင်ထုတ်ပယ်ပြီးနစ်နာကြေးပေါင်၇သန်းပေးခဲ့ရပါတယ်။

ယင်းနောက်လူးဝစ်ဗန်ဂါးလ်ကိုခန့်အပ်ခဲ့ပြီးသူကိုင်တွယ်တဲ့နှစ်နှစ်တာကာလအတွင်းတွင်အက်ဖ်အေဖလားရရှိခဲ့ပေမယ့်ထုတ်ပယ်ခဲ့ကာနစ်နာကြေးပေါင်၈.၄သန်းပေးခဲ့ရပါတယ်။

မန်ယူဟာဗန်ဂါးလ်နေရာတွင်မော်ရင်ဟိုကိုခန့်အပ်ခဲ့ပြီး၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတွင်နစ်နာကြေးပေါင်၁၅သန်းအသုံးပြုကာထုတ်ပယ်ခဲ့ရပါတယ်။

လက်ရှိအချိန်တွင်မန်ယူနည်းပြရာထူးအတွက်ဘရန်ဒန်ရော်ဂျာ၊ဇီဒန်း၊အဲရစ်တင်ဟက်၊လောရင့်ဘလန့်၊လိုပီတီဂူတို့ကရေပန်းစားနေပါတယ်။

ZawGyi

ဆာအဲလက္စ္ဖာဂူဆန္ေခတ္အလြန္တြင္ နည္းျပထုတ္ပယ္ရာမွာ ေပါင္ ၃၈ သန္း သုံးခဲ့ရတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာ၂၀၁၃ခုႏွစ္တြင္အိုးထရက္ဖို႔ဒ္ကိုဆာအဲလက္စ္ဖာဂူဆန္စြန႔္ခြာသြားၿပီးေနာက္နည္းျပမ်ားကိုထုတ္ပယ္ရာတြင္ေပါင္၃၈သန္းအထိအသုံးျပဳခဲ့ရၿပီးျဖစ္ပါတယ္။

အသက္၇၉ႏွစ္ရွိဆာအဲလက္စ္ဖာဂူဆန္ဟာမန္ခ်က္စတာယူႏိုက္တက္ကို၂၇ႏွစ္ၾကာကိုင္တြယ္စဥ္အတြင္းအသင္းကိုအခိုင္ခန႔္ဆုံးအေတာင့္တင္းဆုံးျဖစ္ေအာင္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ဆာအဲလက္စ္ဖာဂူဆန္မရွိတဲ့ေနာက္ပိုင္းမွာေတာ့မန္ယူဟာမတည္ၿငိမ္မႈမ်ားႏွင့္ႀကဳံေတြ႕လာရပါတယ္။

ယူႏိုက္တက္ဟာတနဂၤေႏြေန႔နံနက္ပိုင္းတုန္းကအိုးလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ခဲ့ၿပီးစာခ်ဳပ္နစ္နာေၾကးေပါင္၇.၅သန္းေပးခဲ့ရပါတယ္။ေနာ္ေဝလူမ်ိဳးနည္းျပဟာေႏြရာသီတုန္းကသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီးတစ္ႏွစ္စာလုပ္ခေလ်ာ္ေၾကးရရွိပါတယ္။

ယူႏိုက္တက္ဟာမိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားၿပီးလြန္ခဲ့တဲ့၈ႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ထြက္ခြာသြားၿပီးေနာကပၪၥမေျမာက္နည္းျပကိုရွာေဖြေနပါတယ္။

၎တို႔ဟာအိုလီဂန္နားဆိုးလ္ရွားေခတ္အလြန္တြင္ေအာင္ျမင္တဲ့ခရီးတစ္ခုေလွ်ာက္လွမ္းႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

မန္ယူဟာဆာအဲလက္စ္ဖာဂူဆန္ေခတ္အလြန္ပထမဆုံးနည္းျပျဖစ္တဲ့ေဒးဗစ္မိုယက္စ္ကို၂၀၁၄ခုႏွစ္ဧၿပီလတြင္ရွစ္လတာဝန္ထမ္းေဆာင္ခ်ိန္တြင္ထုတ္ပယ္ၿပီးနစ္နာေၾကးေပါင္၇သန္းေပးခဲ့ရပါတယ္။

ယင္းေနာက္လူးဝစ္ဗန္ဂါးလ္ကိုခန႔္အပ္ခဲ့ၿပီးသူကိုင္တြယ္တဲ့ႏွစ္ႏွစ္တာကာလအတြင္းတြင္အက္ဖ္ေအဖလားရရွိခဲ့ေပမယ့္ထုတ္ပယ္ခဲ့ကာနစ္နာေၾကးေပါင္၈.၄သန္းေပးခဲ့ရပါတယ္။

မန္ယူဟာဗန္ဂါးလ္ေနရာတြင္ေမာ္ရင္ဟိုကိုခန႔္အပ္ခဲ့ၿပီး၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတြင္နစ္နာေၾကးေပါင္၁၅သန္းအသုံးျပဳကာထုတ္ပယ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူနည္းျပရာထူးအတြက္ဘရန္ဒန္ေရာ္ဂ်ာ၊ဇီဒန္း၊အဲရစ္တင္ဟက္၊ေလာရင့္ဘလန႔္၊လိုပီတီဂူတို႔ကေရပန္းစားေနပါတယ္။