ဆာအဲလက်စ်ဖာဂူဆန်နဲ့ တစ်အိပ်ယာတည်းမအိပ်ခဲ့ဖူးကြောင်းနှင့်ဘယ်အသင်းကို အားပေးသလဲ ဟောင်းဝပ်ဝက်ဘ်ဖွင့်ဟလာ

ဟောင်းဝပ်ဝက်ဘ်ဟာလာမယ့်ရာသီမှစတင်ကာပရီးမီးယားလိဂ်ဒိုင်ချုပ်အဖြစ်တာဝန်ထမ်းဆောင်လာတော့မှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဒိုင်ချုပ်အဖြစ်ဟောင်းဝပ်ဝက်ဘ်ခန့်အပ်ခံရမှုနဲ့အတူ ဘောလုံးပရိသတ်များက သူ့ကို ယခုနွေရာသီတွင်ယူနိုက်တက်ရဲ့အကောင်းဆုံးခေါ်ယူမှုအဖြစ်လှောင်ပြောင်နေကြပါတယ်။

ဟောင်းဝပ်ဝက်ဘ်ဟာပရီးမီးယားလိဂ်ဒိုင်အဖြစ်တာဝန်ထမ်းဆောင်စဉ်တုန်းကယူနိုက်တက်ကိုဘက်လိုက်ဆုံးဖြတ်တယ်ဆိုပြီးပရိသတ်များရဲ့စွပ်စွဲမှုခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။

သူဟာဆာအဲလက်စ်ဖာဂူဆန်နဲ့တစ်အိပ်ယာတည်းအတူအိပ်တယ်လို့တောင်ပရိသတ်တွေရဲ့ပြောဆိုခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့The Man in the Middleအမည်ရှိသူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွင်းမှာတော့ဟောင်းဝပ်ဝက်ဘ်က “အင်တာနက်မှာမြင်ရတာကတော့အားလုံးဆန့်ကျင်ဘက်တွေချည်းပါ။ကျွန်တော်ဘယ်တုန်းကမှဆာအဲလက်စ်ဖာဂူဆန်နဲ့တစ်အိပ်ယာတည်းမအိပ်ခဲ့ဖူးပါဘူး။အိုးထရက်ဖို့ဒ်အပြင်ဘက်မှာကျွန်တော့်ရုပ်ထုလည်းမရှိပါဘူး။ကျွန်တော့်ကလေးတွေကလည်း ရီယို၊ဝိန်း၊ခရစ္စတီယာနိုလို့မခေါ်ကြပါဘူး။ကျွန်တော့်ဘယ်လက်မောင်းမှာဘာသရဲနီတက်တူးမှမရှိပါဘူး။ကျွန်တော်အားပေးတဲ့တစ်သင်းတည်းသောယူနိုက်တက်ကတော့ရိုသာဟမ်ပဲဖြစ်ပါတယ်”လို့ရေးသားသွားခဲ့ပါတယ်။

ZawGyi

ဆာအဲလက္စ္ဖာဂူဆန္နဲ႔ တစ္အိပ္ယာတည္းမအိပ္ခဲ့ဖူးေၾကာင္းႏွင့္ဘယ္အသင္းကို အားေပးသလဲ ေဟာင္းဝပ္ဝက္ဘ္ဖြင့္ဟလာ

ေဟာင္းဝပ္ဝက္ဘ္ဟာလာမယ့္ရာသီမွစတင္ကာပရီးမီးယားလိဂ္ဒိုင္ခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္လာေတာ့မွာျဖစ္ပါတယ္။ပရီးမီးယားလိဂ္ဒိုင္ခ်ဳပ္အျဖစ္ေဟာင္းဝပ္ဝက္ဘ္ခန႔္အပ္ခံရမႈနဲ႔အတူ ေဘာလုံးပရိသတ္မ်ားက သူ႔ကို ယခုေႏြရာသီတြင္ယူႏိုက္တက္ရဲ႕အေကာင္းဆုံးေခၚယူမႈအျဖစ္ေလွာင္ေျပာင္ေနၾကပါတယ္။

ေဟာင္းဝပ္ဝက္ဘ္ဟာပရီးမီးယားလိဂ္ဒိုင္အျဖစ္တာဝန္ထမ္းေဆာင္စဥ္တုန္းကယူႏိုက္တက္ကိုဘက္လိုက္ဆုံးျဖတ္တယ္ဆိုၿပီးပရိသတ္မ်ားရဲ႕စြပ္စြဲမႈခံခဲ့ရတဲ့သူလည္းျဖစ္ပါတယ္။

သူဟာဆာအဲလက္စ္ဖာဂူဆန္နဲ႔တစ္အိပ္ယာတည္းအတူအိပ္တယ္လို႔ေတာင္ပရိသတ္ေတြရဲ႕ေျပာဆိုျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့The Man in the Middleအမည္ရွိသူ႔ရဲ႕ကိုယ္ေရးအတၳဳပၸတၱိစာအုပ္အတြင္းမွာေတာ့ေဟာင္းဝပ္ဝက္ဘ္က “အင္တာနက္မွာျမင္ရတာကေတာ့အားလုံးဆန႔္က်င္ဘက္ေတြခ်ည္းပါ။ကြၽန္ေတာ္ဘယ္တုန္းကမွဆာအဲလက္စ္ဖာဂူဆန္နဲ႔တစ္အိပ္ယာတည္းမအိပ္ခဲ့ဖူးပါဘူး။အိုးထရက္ဖို႔ဒ္အျပင္ဘက္မွာကြၽန္ေတာ့္႐ုပ္ထုလည္းမရွိပါဘူး။ကြၽန္ေတာ့္ကေလးေတြကလည္း ရီယို၊ဝိန္း၊ခရစၥတီယာႏိုလို႔မေခၚၾကပါဘူး။ကြၽန္ေတာ့္ဘယ္လက္ေမာင္းမွာဘာသရဲနီတက္တူးမွမရွိပါဘူး။ကြၽန္ေတာ္အားေပးတဲ့တစ္သင္းတည္းေသာယူႏိုက္တက္ကေတာ့႐ိုသာဟမ္ပဲျဖစ္ပါတယ္”လို႔ေရးသားသြားခဲ့ပါတယ္။