
ဟိုဆေးမော်ရင်ဟိုနှင့်ဆာအဲလက်စ်ဖာဂူဆန်ရဲ့နာမည်ကျော်စကားများကို အောက်စ်ဖို့ဒ်အဘိဓာန်ထဲတွင်ထည့်သွင်းလာတော့မည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါနည်းပြနှစ်ဦးတို့ဟာဘောလုံးလောကတွင်ကြီးကျယ်တဲ့အောင်မြင်မှုများရယူခဲ့ကြသူများဖြစ်ပြီးပွဲအပေါ်တွင်လည်းအကြီးအကျယ်ဩဇာလွှမ်းမိုးခဲ့ကြသူများလည်းဖြစ်ပါတယ်။
အောက်စ်ဖို့ဒ်အဘိဓာန်တွင် ဘောလုံးနှင့်ပတ်သက်ပြီးစကားလုံး ၁၅ ခွန်းတို့ကိုထည့်သွင်းလာပြီဖြစ်ပါတယ်။ အဆိုပါစကားများထဲတွင် မော်ရင်ဟိုနှင့်ဖာဂူဆန်တို့ရဲ့နာမည်ကျော်စကားများအပြင် Panenka ၊ Rabona ၊ Cruyff turn စတဲ့စကားများကိုလည်းထည့်သွင်းလာပါတယ်။
လက်ရှိအချိန်တွင်ရိုးမားကိုကိုင်တွယ်နေတဲ့မော်ရင်ဟိုဟာပေါ်တို၊ချဲလ်ဆီး၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊ယူနိုက်တက်နှင်စပါးစ်တို့ကိုလည်းကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကျော်စကားများထဲမှတစ်ခွန်းကတော့ Park the bus ဆိုတဲ့စကားဖြစ်ပါတယ်။
မော်ရင်ဟိုဟာအဆိုပါစကားကိုပထမဆုံးသုံးခဲ့တာကတော့ ၂၀၀၄ခုနှစ်တုန်းကစပါးစ်နှင့်ပွဲစဉ်တွင်စပါးစ်အသင်းအသုံးပြုတဲ့ ခံစစ်စုပြုံပိတ်ဆို့ကစားကွက်ရည်ညွှန်းပြီးစတင်အသုံးပြုခဲ့တာပါ။
ဒါပေမဲ့တကယ်တမ်းတွင်စပါယ်ရှယ်ဝမ်းကိုယ်တိုင်မှာနည်းပြဘဝတစ်လျှောက်လုံးခံစစ်ပိတ်ဆို့ကစားကွက်ဖြင့်အောင်မြင်လာသူဖြစ်ရာပရိသတ်များအကြားယင်းစကားမှာပိုမိုကျယ်ပြန့်စွာအသုံးပြုလာခဲ့ကြပါတယ်။
အောက်စ်ဖို့ဒ်အဘိဓာန်တွင်ထည့်သွင်းခံရတဲ့ဆာအဲလက်စ်ဖာဂူဆန်ရဲ့စကားကတော့ ‘Squeaky Bum Time’ဆိုတဲ့စကားဖြစ်ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာအဆိုပါစကားအား ပရီးမီးယားလိဂ်ရာသီသိမ်းခါနီးအချိန်တွင်ဆုဖလားအတွက်သူ့အသင်းစိန်ခေါ်လာနိုင်မှုအပေါ်ရည်ညွှန်းအသုံးပြုခဲ့ပါတယ်။
အောက်စ်ဖို့ဒ်အဘိဓာန်တွင်ထည့်သွင်းခံထားရတဲ့ဘောလုံးနှင့်သက်ဆိုင်တဲ့အခြားစကားများကတော့Cruyff turn ဖြစ်ပြီးဒတ်ချ်ဂန္ထဝင်ဂျိုဟန်ခရိုက်ဖ်ရဲ့ပဥ္စလက်ဘောလုံးစွမ်းဖြစ်ပါတယ်။နောက်တစ်ခုကတော့Panenka ဖြစ်ပါတယ်။အန်တိုနန်ပါနန်ကာက၁၉၇၆ခုနှစ်ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲတွင်သွင်းယူခဲ့တဲ့ပင်နယ်တီကန်စတိုင်ဖြစ်ပါတယ်။
ဒါ့အပြင် Row Z’၊’Outfield’၊’Over the top’၊ ‘Tiki-taka’၊ ‘top scoring’၊ ‘trequartista’၊ ‘zonal marking’ နှင့်’total football’တို့ဖြစ်ပါတယ်။
ZawGyi
ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ေမာ္ရင္ဟိုတို႔ရဲ႕ဂႏၴဝင္စကားမ်ားကို ေအာက္စ္ဖို႔ဒ္ အဘိဓာန္ထဲတြင္ ထည့္သြင္းလာေတာ့မည္
ဟိုေဆးေမာ္ရင္ဟိုႏွင့္ဆာအဲလက္စ္ဖာဂူဆန္ရဲ႕နာမည္ေက်ာ္စကားမ်ားကို ေအာက္စ္ဖို႔ဒ္အဘိဓာန္ထဲတြင္ထည့္သြင္းလာေတာ့မည္ျဖစ္ေၾကာင္းသိရပါတယ္။
အဆိုပါနည္းျပႏွစ္ဦးတို႔ဟာေဘာလုံးေလာကတြင္ႀကီးက်ယ္တဲ့ေအာင္ျမင္မႈမ်ားရယူခဲ့ၾကသူမ်ားျဖစ္ၿပီးပြဲအေပၚတြင္လည္းအႀကီးအက်ယ္ဩဇာလႊမ္းမိုးခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။
ေအာက္စ္ဖို႔ဒ္အဘိဓာန္တြင္ ေဘာလုံးႏွင့္ပတ္သက္ၿပီးစကားလုံး ၁၅ ခြန္းတို႔ကိုထည့္သြင္းလာၿပီျဖစ္ပါတယ္။ အဆိုပါစကားမ်ားထဲတြင္ ေမာ္ရင္ဟိုႏွင့္ဖာဂူဆန္တို႔ရဲ႕နာမည္ေက်ာ္စကားမ်ားအျပင္ Panenka ၊ Rabona ၊ Cruyff turn စတဲ့စကားမ်ားကိုလည္းထည့္သြင္းလာပါတယ္။
လက္ရွိအခ်ိန္တြင္႐ိုးမားကိုကိုင္တြယ္ေနတဲ့ေမာ္ရင္ဟိုဟာေပၚတို၊ခ်ဲလ္ဆီး၊အင္တာမီလန္၊ရီးရဲလ္မက္ဒရစ္၊ယူႏိုက္တက္ႏွင္စပါးစ္တို႔ကိုလည္းကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။
သူ႔ရဲ႕နာမည္ေက်ာ္စကားမ်ားထဲမွတစ္ခြန္းကေတာ့ Park the bus ဆိုတဲ့စကားျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာအဆိုပါစကားကိုပထမဆုံးသုံးခဲ့တာကေတာ့ ၂၀၀၄ခုႏွစ္တုန္းကစပါးစ္ႏွင့္ပြဲစဥ္တြင္စပါးစ္အသင္းအသုံးျပဳတဲ့ ခံစစ္စုၿပဳံပိတ္ဆို႔ကစားကြက္ရည္ၫႊန္းၿပီးစတင္အသုံးျပဳခဲ့တာပါ။
ဒါေပမဲ့တကယ္တမ္းတြင္စပါယ္ရွယ္ဝမ္းကိုယ္တိုင္မွာနည္းျပဘဝတစ္ေလွ်ာက္လုံးခံ
စစ္ပိတ္ဆို႔ကစားကြက္ျဖင့္ေအာင္ျမင္လာသူျဖစ္ရာပရိသတ္မ်ားအၾကားယင္းစကားမွာပိုမိုက်ယ္ျပန႔္စြာအသုံးျပဳလာခဲ့ၾကပါတယ္။
ေအာက္စ္ဖို႔ဒ္အဘိဓာန္တြင္ထည့္သြင္းခံရတဲ့ဆာအဲလက္စ္ဖာဂူဆန္ရဲ႕စကားကေတာ့ ‘Squeaky Bum Time’ဆိုတဲ့စကားျဖစ္ပါတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာအဆိုပါစကားအား ပရီးမီးယားလိဂ္ရာသီသိမ္းခါနီးအခ်ိန္တြင္ဆုဖလားအတြက္သူ႔အသင္းစိန္ေခၚလာႏိုင္မႈအေပၚရည္ၫႊန္းအသုံးျပဳခဲ့ပါတယ္။
ေအာက္စ္ဖို႔ဒ္အဘိဓာန္တြင္ထည့္သြင္းခံထားရတဲ့ေဘာလုံးႏွင့္သက္ဆိုင္တဲ့အျခားစကားမ်ားကေတာ့Cruyff turn ျဖစ္ၿပီးဒတ္ခ်္ဂႏၴဝင္ဂ်ိဳဟန္ခ႐ိုက္ဖ္ရဲ႕ပၪၥလက္ေဘာလုံးစြမ္းျဖစ္ပါတယ္။ေနာက္တစ္ခုကေတာ့Panenka ျဖစ္ပါတယ္။အန္တိုနန္ပါနန္ကာက၁၉၇၆ခုႏွစ္ဥေရာပခ်န္ပီယံရွစ္ဗိုလ္လုပြဲတြင္သြင္းယူခဲ့တဲ့ပင္နယ္တီကန္စတိုင္ျဖစ္ပါတယ္။
ဒါ့အျပင္ Row Z’၊’Outfield’၊’Over the top’၊ ‘Tiki-taka’၊ ‘top scoring’၊ ‘trequartista’၊ ‘zonal marking’ ႏွင့္’total football’တို႔ျဖစ္ပါတယ္။