ဆာအဲလက်စ်ဖာဂူဆန်နှင့် ညစာအတူစားခဲ့တဲ့အကြောင်းကို ဖွင့်ဟလာတဲ့ အဲရစ်တန်ဟက်

အဲရစ်တန်ဟက်ကဘာစီလိုနာနှင့်ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့်ညစာအတူစားကာစကားပြောဆွေးနွေးခဲ့တဲ့အကြောင်းရင်ဖွင့်လာပါတယ်။

ယူနိုက်တက်ဟာယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့တွင်ဘာစီလိုနာနှင့်၂ဂိုးစီသရေကျခဲ့ပါတယ်။

ယူနိုက်တက်ဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းတွင်ဘာစီလိုနာကိုဧည့်ခံကစားရပါမယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဗုဒ္ဓဟူးနေ့ညတုန်းက Wilmslow ရှိ Cibo စားသောက်ဆိုင်တွင်ဆာအဲလက်စ်ဖာဂူဆန်နှင့် ညစာအတူစားသောက်ခဲ့တာတွေ့ရပါတယ်။

ယင်းနှင့်ပတ်သက်ပြီးအဲရစ်တန်ဟက်က “ဒါကကြီးမားတဲ့အရာ(ဖာဂူဆန်ရဲ့အားပေးမှုရရှိမှု)။အတွေ့အကြုံအများကြီးရှိပြီးဗဟုသုတများတဲ့သူတွေနဲ့စကားပြောရတာကြိုက်တယ်။သူကဝေမျှချင်တယ်။ကူညီချင်တယ်၊အားပေးချင်တယ်။မန်ချက်စတာယူနိုက်တက်ကသူ့ကလပ်ပါ။သူကကျွန်တော်တို့ကို ကောင်းကောင်းသွားစေချင်တယ်။ညကောင်းလေးတစ်ညပါ”လို့ပြောကြားသွားပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာနွေရာသီတွင်ယူနိုက်တက်ကိုကိုင်တွယ်ပြီးနောက် ဖလားလေးလုံးပစ်မှတ်ထားနိုင်တဲ့အနေအထားသို့ပို့ဆောင်ပေးထားတဲ့အဲရစ်တန်ဟက်ကိုအထင်ကြီးလေးစားသူလည်းဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာယူနိုက်တက်ကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၅မှတ်တည်းသာကွာဟနေပါတယ်။၎င်းတို့ဟာတနင်္ဂနွေနေ့တွင်နယူးကာဆယ်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။အက်ဖ်အေဖလားပဥ္စမအဆင့်အဖြစ်ဝက်စ်ဟမ်းနှင့်ရင်ဆိုင်ရပါဦးမယ်။

ZawGyi

ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ ညစာအတူစားခဲ့တဲ့အေၾကာင္းကို ဖြင့္ဟလာတဲ့ အဲရစ္တန္ဟက္

အဲရစ္တန္ဟက္ကဘာစီလိုနာႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္မတိုင္မီဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ႏွင့္ညစာအတူစားကာစကားေျပာေဆြးေႏြးခဲ့တဲ့အေၾကာင္းရင္ဖြင့္လာပါတယ္။

ယူႏိုက္တက္ဟာယူ႐ိုပါလိဂ္ရႈံးထြက္ပေလးေအာ့ဖ္ပထမအေက်ာ့တြင္ဘာစီလိုနာႏွင့္၂ဂိုးစီသေရက်ခဲ့ပါတယ္။

ယူႏိုက္တက္ဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းတြင္ဘာစီလိုနာကိုဧည့္ခံကစားရပါမယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဗုဒၶဟူးေန႔ညတုန္းက Wilmslow ရွိ Cibo စားေသာက္ဆိုင္တြင္ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ ညစာအတူစားေသာက္ခဲ့တာေတြ႕ရပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီးအဲရစ္တန္ဟက္က “ဒါကႀကီးမားတဲ့အရာ(ဖာဂူဆန္ရဲ႕အားေပးမႈရရွိမႈ)။အေတြ႕အႀကဳံအမ်ားႀကီးရွိၿပီးဗဟုသုတမ်ားတဲ့သူေတြနဲ႔စကားေျပာရတာႀကိဳက္တယ္။သူကေဝမွ်ခ်င္တယ္။ကူညီခ်င္တယ္၊အားေပးခ်င္တယ္။မန္ခ်က္စတာယူႏိုက္တက္ကသူ႔ကလပ္ပါ။သူကကြၽန္ေတာ္တို႔ကို ေကာင္းေကာင္းသြားေစခ်င္တယ္။ညေကာင္းေလးတစ္ညပါ”လို႔ေျပာၾကားသြားပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာေႏြရာသီတြင္ယူႏိုက္တက္ကိုကိုင္တြယ္ၿပီးေနာက္ ဖလားေလးလုံးပစ္မွတ္ထားႏိုင္တဲ့အေနအထားသို႔ပို႔ေဆာင္ေပးထားတဲ့အဲရစ္တန္ဟက္ကိုအထင္ႀကီးေလးစားသူလည္းျဖစ္ပါတယ္။

အဲရစ္တန္ဟက္ဟာယူႏိုက္တက္ကိုပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ေပးထားၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၅မွတ္တည္းသာကြာဟေနပါတယ္။၎တို႔ဟာတနဂၤေႏြေန႔တြင္နယူးကာဆယ္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲကစားရမွာျဖစ္ပါတယ္။အက္ဖ္ေအဖလားပၪၥမအဆင့္အျဖစ္ဝက္စ္ဟမ္းႏွင့္ရင္ဆိုင္ရပါဦးမယ္။