ဆာအဲလက်စ်ဖာဂူဆန်ရဲ့ချန်ပီယံလိဂ်နိုင်ပွဲစံချိန်ကို ကာလိုအန်ဆယ်လော့တီ ရိုက်ချိုးလာ

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီဟာချန်ပီယံလိဂ်နိုင်ပွဲ၁၀၃ပွဲရရှိကာချန်ပီယံလိဂ်သမိုင်းတွင်နိုင်ပွဲအများဆုံးရယူထားတဲ့ဆာအဲလက်စ်ဖာဂူဆန်ရဲ့စံချိန်ကိုရိုက်ချိုးလာပါတယ်။

ကာလိုအန်ဆယ်လော့တီဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်ကဆဲလ်တစ်ကို၅-၁ဂိုးဖြင့်အနိုင်ရယူပြီးနောက် ချန်ပီယံလိဂ်သမိုင်းတွင်နိုင်ပွဲအများဆုံးရရှိတဲ့နည်းပြအဖြစ်မှတ်တမ်းရေးထိုးလာတာလည်းဖြစ်ပါတယ်။

ယခင်တုန်းကချန်ပီယံလိဂ်သမိုင်းတွင်နိုင်ပွဲအများဆုံးရရှိတဲ့နည်းပြဆာအဲလက်စ်ဖာဂူဆန်က၁၀၂ပွဲဖြင့်ရပ်တည်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ကာလိုအန်ဆယ်လော့တီကဆဲလ်တစ်ကိုအနိုင်ရရှိပြီးနောက်၁၀၃ပွဲဖြင့်ချန်ပီယံလိဂ်သမိုင်းတွင်နိုင်ပွဲအများဆုံးစံချိန်ကိုရယူလာပါတယ်။

အန်ဆယ်လော့တီဟာအသင်း၈သင်းနှင့်အတူချန်ပီယံလိဂ်သမိုင်းတွင်နိုင်ပွဲအများဆုံးရစံချိန်ကိုရေးထိုးလာတာလည်းဖြစ်ပါတယ်။

သူဟာပါးမား(၂ပွဲ)၊ဂျူဗင်တပ်(၂ပွဲ)၊အေစီမီလန်(၃၉ပွဲ)၊ချဲလ်ဆီး(၁၀ပွဲ)၊ပီအက်စ်ဂျီ(၆ပွဲ)၊ဘိုင်ယန်မြူးနစ်(၇ပွဲ)၊နာပိုလီ(၅ပွဲ)၊ရီးရဲလ်မက်ဒရစ်(၃၂)ပွဲတို့ဖြင့်မှတ်တမ်းရေးထိုးလာတာလည်းဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူ ၂ကြိမ်၊အေစီမီလန်နှင့်အတူ ၂ကြိမ်ချန်ပီယံလိဂ်ဖလားရရှိထားကာချန်ပီယံလိဂ်ဖလားအများဆုံးဆွတ်ခူးထားတဲ့နည်းပြအဖြစ်လည်းရပ်တည်နေသူဖြစ်ပါတယ်။

ZawGyi







