ဆာအဲလက်စ်ဖာဂူဆန်အတွက် အိုးထရက်ဖို့ဒ်သို့ တကျော့ပြန်လာခြင်းဟု ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟ

ခရစ္စတီယာနိုရော်နယ်ဒိုကသူ့ရဲ့အိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးမှာဆာအဲလက်စ်ဖာဂူဆန်အတွက်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာယနေ့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအားပြောင်းရွှေ့ကြေးပေါင်၁၂.၈သန်းဖြင့်အပြီးသတ်ခေါ်ယူလိုက်ပါတယ်။မန်ယူဟာရော်နယ်ဒိုရဲ့အောင်မြင်မှုအပေါ်မူတည်ကာနောက်ထပ်ပေါင်၆.၉သန်းထပ်မံပေးရပါမယ်။

မန်ယူအပြောင်းအရွှေ့ပြီးမြောက်သွားပြီးနောက်အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူကစားသမားဘဝတုန်းကအိုးထရက်ဖို့ဒ်တွင်သူအောင်ပွဲခံနေတဲ့ဓာတ်ပုံကိုတင်ပြီးယခုအပြောင်းအရွှေ့မှာဖာဂူဆန်ကိုရည်ရွယ်ကြောင်းအင်စတာဂရမ်မှာရေးသားလာပါတယ်။

ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းက “ကျွန်တော့်အကြောင်းသိတဲ့သူတွေအားလုံးလည်းကျွန်တော့်ရဲ့မန်ယူအပေါ်ထားတဲ့ချစ်ခြင်းဘယ်တော့မှအဆုံးသတ်မသွားဘူးဆိုတာသိကြမှာပါ။မန်ယူမှာကုန်လွန်ခဲ့တဲ့ကာလတွေကတကယ့်ကိုအံ့ဩစရာကောင်းလှပါတယ်။ဒီကြီးမားတဲ့အံ့ဩစရာကောင်းတဲ့ဒီအဖွဲ့ရဲ့သမိုင်းမှာရွှေပေလွှာတွေအတူရေးသားခဲ့ကြပါတယ်။အခုအချိန်မှာဘယ်လိုခံစားရတယ်ဆိုတာပြောပြဖို့တောင်မတတ်ပါဘူး။အိပ်မက်တစ်ခုတကယ်ဖြစ်လာပါပြီ။မန်ယူကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ဖို့လာတိုင်းပွဲကြည့်စင်ကပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာနဲ့လေးစားမှုကိုအမြဲခံစားရပါတယ်။အိပ်မက်အားလုံးဒီမှာဘဲဖြစ်လာခဲ့တာပါ။ပထမဆုံးပြည်တွင်းလိဂ်ဖလား၊ပထမဆုံးဖလား၊ပေါ်တူဂီအသင်းမှာပထမဆုံးရွေးချယ်ခံရမှု၊ပထမဆုံးချန်ပီယံလိဂ်ဖလား၊ပထမဆုံးရွှေဖိနပ်ဆု၊ပထမဆုံး Ballon d’Or ဆုအားလုံးဖြစ်ခဲ့တဲ့နေရာပါ။ကျွန်တော်နဲ့သရဲနီအကြားထူးခြားတဲ့ဆက်နွယ်မှုကနေမွေးဖွားလာခဲ့တာပါ။အရင်တုန်းကသမိုင်းရေးခဲ့ပြီးပါပြီ။အခုထပ်ရေးပါမယ်။ကတိပေးပါတယ်။အခုရောက်လာပြီ။ကျွန်တော်နဲ့သက်ဆိုင်တဲ့နေရာသို့ပြန်ရောက်လာပြီ။နောက်ထပ်တစ်ကြိမ်ထပ်လုပ်ကြဦးစို့။ဆာအဲလက်စ်ဖာဂူဆန်ရေ။ဒီတစ်ကြိမ်ကခင်ဗျားအတွက်ပါ”လို့ရေးသားခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ပြောင်းရွှေ့ကြေးများကိုငါးနှစ်အရစ်ကျဖြင့်ပေးချေသွားမှာဖြစ်လို့ခရစ္စတီယာနိုရော်နယ်ဒိုအသက်၄၁နှစ်ရောက်တဲ့အထိပေးရမှာလည်းဖြစ်ပါတယ်။

ZawGyi

ဆာအဲလက္စ္ဖာဂူဆန္အတြက္ အိုးထရက္ဖို႔ဒ္သို႔ တေက်ာ့ျပန္လာျခင္းဟု ခရစၥတီယာႏိုေရာ္နယ္ဒိုဖြင့္ဟ

ခရစၥတီယာႏိုေရာ္နယ္ဒိုကသူ႔ရဲ႕အိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ခရီးမွာဆာအဲလက္စ္ဖာဂူဆန္အတြက္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာယေန႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂.၈သန္းျဖင့္အၿပီးသတ္ေခၚယူလိုက္ပါတယ္။မန္ယူဟာေရာ္နယ္ဒိုရဲ႕ေအာင္ျမင္မႈအေပၚမူတည္ကာေနာက္ထပ္ေပါင္၆.၉သန္းထပ္မံေပးရပါမယ္။

မန္ယူအေျပာင္းအေ႐ႊ႕ၿပီးေျမာက္သြားၿပီးေနာက္အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူကစားသမားဘဝတုန္းကအိုးထရက္ဖို႔ဒ္တြင္သူေအာင္ပြဲခံေနတဲ့ဓာတ္ပုံကိုတင္ၿပီးယခုအေျပာင္းအေ႐ႊ႕မွာဖာဂူဆန္ကိုရည္႐ြယ္ေၾကာင္းအင္စတာဂရမ္မွာေရးသားလာပါတယ္။

ရီးရဲလ္မက္ဒရစ္စူပါစတားေဟာင္းက “ကြၽန္ေတာ့္အေၾကာင္းသိတဲ့သူေတြအားလုံးလည္းကြၽန္ေတာ့္ရဲ႕မန္ယူအေပၚထားတဲ့ခ်စ္ျခင္းဘယ္ေတာ့မွအဆုံးသတ္မသြားဘူးဆိုတာသိၾကမွာပါ။မန္ယူမွာကုန္လြန္ခဲ့တဲ့ကာလေတြကတကယ့္ကိုအံ့ဩစရာေကာင္းလွပါတယ္။ဒီႀကီးမားတဲ့အံ့ဩစရာေကာင္းတဲ့ဒီအဖြဲ႕ရဲ႕သမိုင္းမွာေ႐ႊေပလႊာေတြအတူေရးသားခဲ့ၾကပါတယ္။အခုအခ်ိန္မွာဘယ္လိုခံစားရတယ္ဆိုတာေျပာျပဖို႔ေတာင္မတတ္ပါဘူး။အိပ္မက္တစ္ခုတကယ္ျဖစ္လာပါၿပီ။မန္ယူကိုၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ဖို႔လာတိုင္းပြဲၾကည့္စင္ကပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ေလးစားမႈကိုအၿမဲခံစားရပါတယ္။အိပ္မက္အားလုံးဒီမွာဘဲျဖစ္လာခဲ့တာပါ။ပထမဆုံးျပည္တြင္းလိဂ္ဖလား၊ပထမဆုံးဖလား၊ေပၚတူဂီအသင္းမွာပထမဆုံးေ႐ြးခ်ယ္ခံရမႈ၊ပထမဆုံးခ်န္ပီယံလိဂ္ဖလား၊ပထမဆုံးေ႐ႊဖိနပ္ဆု၊ပထမဆုံး Ballon d’Or ဆုအားလုံးျဖစ္ခဲ့တဲ့ေနရာပါ။ကြၽန္ေတာ္နဲ႔သရဲနီအၾကားထူးျခားတဲ့ဆက္ႏြယ္မႈကေနေမြးဖြားလာခဲ့တာပါ။အရင္တုန္းကသမိုင္းေရးခဲ့ၿပီးပါၿပီ။အခုထပ္ေရးပါမယ္။ကတိေပးပါတယ္။အခုေရာက္လာၿပီ။ကြၽန္ေတာ္နဲ႔သက္ဆိုင္တဲ့ေနရာသို႔ျပန္ေရာက္လာၿပီ။ေနာက္ထပ္တစ္ႀကိမ္ထပ္လုပ္ၾကဦးစို႔။ဆာအဲလက္စ္ဖာဂူဆန္ေရ။ဒီတစ္ႀကိမ္ကခင္ဗ်ားအတြက္ပါ”လို႔ေရးသားခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေျပာင္းေ႐ႊ႕ေၾကးမ်ားကိုငါးႏွစ္အရစ္က်ျဖင့္ေပးေခ်သြားမွာျဖစ္လို႔ခရစၥတီယာႏိုေရာ္နယ္ဒိုအသက္၄၁ႏွစ္ေရာက္တဲ့အထိေပးရမွာလည္းျဖစ္ပါတယ္။