
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာထူးဆန်းတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဆားဘီးယားဟာသောကြာနေ့ညနေမှာဆွစ်ဇာလန်နှင့် All Or Nothing ပွဲကစားရပါမယ်။ယင်းပွဲမတိုင်ခင်ဆားဘီးယားစတားဒူဆန်ဗလာဟိုဗစ်ဟာပရိသတ်တွေအကြားပြန့်နှံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီးလူသိရှင်ကြားငြင်းဆိုမှုပြုလုပ်လာရပါတယ်။
အွန်လိုင်းတွင်ထွက်ပေါ်နေတဲ့သတင်းအရဆားဘီးယားတိုက်စစ်မှူးဟာဆားဘီးယားကစားဖော်ရဲ့ဇနီးသည်နှင့်ဖောက်ပြနေမှုနှင့်အတူဆားဘီးယားရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲနှစ်ပွဲတွင်ပွဲထွက်ကစားခွင့်မရလာတာဖြစ်ကြောင်းသိရပါတယ်။
ဗလာဟိုဗစ်ဟာမာယော့ကာနှင့်ဆားဘီးယားအရန်ဂိုးသမားပရီဒရက်ရာကိုဗစ်ရဲ့ဇနီးသည်နှင့်ဖောက်ပြနေကြောင်းသတင်းထွက်နေပါတယ်။ဗလာဟိုဗစ်ဟာဆားဘီးယားရဲ့ကမ္ဘာ့ဖလား Camp အတွင်း ကစားဖော်ရဲ့ဇနီးသည်နှင့်ဖောက်ပြန်နေကြောင်းသတင်းထွက်နေတာလည်းဖြစ်ပါတယ်။
ဗလာဟိုဗစ်ဟာကမ္ဘာ့ဖလားအဖွင့်ပွဲနှစ်ပွဲတွင်၂၄မိနစ်တည်းသာကစားခွင့်ရထားပါတယ်။ဆားဘီးယားနည်းပြဒရာဂန်စတိုကိုဗစ်ကဂျူဗင်တပ်တိုက်စစ်မှူးမှာကြံ့ခိုင်မှုမပြည့်ဝသေးကြောင်းဆိုထားပါတယ်။
ယခုအခါဗလာဟိုဗစ်ဟာအထက်ပါသတင်းနှင့်ပတ်သက်ပြီးလူသိရှင်ကြားငြင်းဆိုမှုပြုလုပ်လာရပြီဖြစ်ပါတယ်။
ဗလာဟိုဗစ်က “ဘာမှလုပ်စရာမရှိတဲ့လူတွေဖန်တီးလိုက်တဲ့ဇာတ်လမ်းကလုံးဝအခြေအမြစ်မရှိပါဘူး။ကျွန်တော့်အမည်ကိုကာကွယ်ဖို့အသင့်ပါ။လိုအပ်ရင်တရားရေးအရလည်းလုပ်ဆောင်ပါမယ်။အခုပြောနေကြတာအလိမ်အညာပါ။အသင်းအတွင်းကစားဖော်တွေအကြားချစ်ခင်ရင်းနှီးမှုအရမ်းကောင်းပါတယ်။အခုကျွန်တော်တို့ရဲ့ရည်မှန်းချက်ကဆွစ်ဇာလန်နဲ့ပွဲပါ။အခြားအရာတွေနဲ့ပတ်သက်ပြီးပြောကြတာတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်”လို့ပြောကြားသွားပါတယ်။
ဆားဘီးယားဟာအဖွင့်ပွဲနှစ်ပွဲတွင်ရမှတ်တစ်မှတ်တည်းသာရရှိထားရာဆွစ်ဇာလန်နှင့်ပွဲတွင်အနိုင်ရရှိမှသာလျှင်ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။
ZawGyi
ဆားဘီးယားကစားေဖာ္ရဲ႕ဇနီးႏွင့္ ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းကို ဗလာဟိုဗစ္လူသိရွင္ၾကားေျဖရွင္းလာ
ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းမွာထူးဆန္းတဲ့သတင္းေတြထြက္ေပၚေနပါတယ္။ဆားဘီးယားဟာေသာၾကာေန႔ညေနမွာဆြစ္ဇာလန္ႏွင့္ All Or Nothing ပြဲကစားရပါမယ္။ယင္းပြဲမတိုင္ခင္ဆားဘီးယားစတားဒူဆန္ဗလာဟိုဗစ္ဟာပရိသတ္ေတြအၾကားျပန႔္ႏွံ႔ေနတဲ့သတင္းနဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားျငင္းဆိုမႈျပဳလုပ္လာရပါတယ္။
အြန္လိုင္းတြင္ထြက္ေပၚေနတဲ့သတင္းအရဆားဘီးယားတိုက္စစ္မႉးဟာဆားဘီးယားကစားေဖာ္ရဲ႕ဇနီးသည္ႏွင့္ေဖာက္ျပေနမႈႏွင့္အတူဆားဘီးယားရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲႏွစ္ပြဲတြင္ပြဲထြက္ကစားခြင့္မရလာတာျဖစ္ေၾကာင္းသိရပါတယ္။
ဗလာဟိုဗစ္ဟာမာေယာ့ကာႏွင့္ဆားဘီးယားအရန္ဂိုးသမားပရီဒရက္ရာကိုဗစ္ရဲ႕ဇနီးသည္ႏွင့္ေဖာက္ျပေနေၾကာင္းသတင္းထြက္ေနပါတယ္။ဗလာဟိုဗစ္ဟာဆားဘီးယားရဲ႕ကမာၻ႔ဖလား Camp အတြင္း ကစားေဖာ္ရဲ႕ဇနီးသည္ႏွင့္ေဖာက္ျပန္ေနေၾကာင္းသတင္းထြက္ေနတာလည္းျဖစ္ပါတယ္။
ဗလာဟိုဗစ္ဟာကမာၻ႔ဖလားအဖြင့္ပြဲႏွစ္ပြဲတြင္၂၄မိနစ္တည္းသာကစားခြင့္ရထားပါတယ္။ဆားဘီးယားနည္းျပဒရာဂန္စတိုကိုဗစ္ကဂ်ဴဗင္တပ္တိုက္စစ္မႉးမွာႀကံ့ခိုင္မႈမျပည့္ဝေသးေၾကာင္းဆိုထားပါတယ္။
ယခုအခါဗလာဟိုဗစ္ဟာအထက္ပါသတင္းႏွင့္ပတ္သက္ၿပီးလူသိရွင္ၾကားျငင္းဆိုမႈျပဳလုပ္လာရၿပီျဖစ္ပါတယ္။
ဗလာဟိုဗစ္က “ဘာမွလုပ္စရာမရွိတဲ့လူေတြဖန္တီးလိုက္တဲ့ဇာတ္လမ္းကလုံးဝအေျခအျမစ္မရွိပါဘူး။ကြၽန္ေတာ့္အမည္ကိုကာကြယ္ဖို႔အသင့္ပါ။လိုအပ္ရင္တရားေရးအရလည္းလုပ္ေဆာင္ပါမယ္။အခုေျပာေနၾကတာအလိမ္အညာပါ။အသင္းအတြင္းကစားေဖာ္ေတြအၾကားခ်စ္ခင္ရင္းႏွီးမႈအရမ္းေကာင္းပါတယ္။အခုကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ကဆြစ္ဇာလန္နဲ႔ပြဲပါ။အျခားအရာေတြနဲ႔ပတ္သက္ၿပီးေျပာၾကတာေတြအတြက္စိတ္မေကာင္းျဖစ္ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဆားဘီးယားဟာအဖြင့္ပြဲႏွစ္ပြဲတြင္ရမွတ္တစ္မွတ္တည္းသာရရွိထားရာဆြစ္ဇာလန္ႏွင့္ပြဲတြင္အႏိုင္ရရွိမွသာလွ်င္ရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ပါမယ္။