
ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဂရာနစ်ဇာခါဟာနိုင်ငံရေးဆက်နွယ်နေတဲ့အောင်ပွဲခံမှုပြုလုပ်မှုကြောင့်ဖီဖာရဲ့အရေးယူခြင်းခံလာရဖို့ရှိနေပြီဖြစ်ပါတယ်။
ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာခါးသီးတဲ့ပြိုင်ဘက်ဆားဘီးယားကို၃-၂ဂိုးဖြင့်အနိုင်ရရှိပြီးနောက်သူ့ရဲ့ကျောနံပါတ်၂၆နှင့်Jashari အမည်ပါ အင်္ကျီကိုဝတ်ဆင်အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမဲ့ဇာခါကတော့ Jashari မှာ၁၉၉၈ခုနှစ်တုန်းကကိုဆိုဗိုလွတ်လပ်ရေးရရှိရေးကြိုးပမ်းမှုကြောင့်ဆားဘီးယားရဲတပ်ဖွဲ့ရဲ့အသတ်ခံရတဲ့ကိုဆိုဗိုလွတ်မြောက်ရေးတပ်ဖွဲ့ကိုတည်ထောင်သူ Adem Jashari ကိုမရည်ရွယ်ကြောင်းငြင်းဆိုထားပါတယ်။
သူကသူ့အောင်ပွဲကိုဆွစ်ဇာလန်လက်ရွေးစင်ကစားဖော်အာဒွန်ဂျာရှာရီအားမျှဝေနိုင်ပွဲရန်အောင်ပွဲခံခဲ့ခြင်းမျှသာဖြစ်ကြောင်းဆိုသွားပါတယ်။
ဇာခါက “ဒီအင်္ကျီရဲ့နောက်ကွယ်မှာဘာနိုင်ငံရေးမှမပါဝင်ပါဘူး။အာဒွန်ကကျွန်တော်အရမ်းသဘောကျတဲ့ကောင်လေးပါ။နေ့တိုင်းသူနဲ့အချိန်အများကြီးကုန်ဆုံးတယ်။သူ့အသက်အရွယ်မှာကျွန်တော်တို့တုန်းကထက်အများကြီးပိုကောင်းတယ်။ကျွန်တော့်ဆီကအကြံဉာဏ်တွေလည်းတောင်းတယ်။ဒီတော့သူ့အင်္ကျီဝတ်ဆင်မယ်လို့ကတိပြုခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ဇာခါရဲ့အကြောင်းပြချက်ကကျိုးကြောင်းသင့်လျော်သလိုရှိပေမဲ့လည်းဖီဖာကတော့ကိုဆိုဗိုနွယ်ဖွားဇာခါကိုအရေးယူလာဖို့ရှိနေပါတယ်။
ဇာခါဟာရဲ့ဖခင်ကကိုဆိုဗိုလွတ်မြောက်ရေးကြိုးပမ်းတဲ့ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ရာဂစ်ဟာယူဂိုဆလားဗီးယားမှလွတ်မြောက်ရေးကြိုးပမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးခြောက်လကြာနှိပ်စက်ခံရပြီးနောက်အသတ်ခံခဲ့ရပါတယ်။
အာဆင်နယ်စတားဟာဆားဘီးယားနှင့်ပွဲစဉ်တွင်အရန်ခုံတွင်ထိုင်နေတဲ့ဆားဘီးယားကစားသမားများကိုဘောညှစ်ပြပြီးနှစ်ဖက်အသင်းအကြားရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ဆားဘီးယားကို အနိုင်ရတဲ့ပွဲစဉ်မှ အောင်ပွဲခံမှုကြောင့် ဖီဖာရဲ့အရေးယူခံရတော့မယ့် ဆွစ်ဇာလန်စတားဇာခါ