ဆားဘီးယားနှင့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ နေမာ

ဘရာဇီးဟာကြာသပတေးနေ့ညမှာဆားဘီးယားကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နေမာဟာခြေကျင်းဝတ်ဒဏ်ရာရရှိကာခြေကျင်းဝတ်ရောင်ကိုင်းနေကာကမ္ဘာ့ဖလားတွင်ဆက်ကစားနိုင်ရေးမရေမရာဖြစ်နေပါတယ်။

အသက်၃၀နှစ်ရှိတိုက်စစ်သမားဟာကြာသပတေးနေ့တုန်းကဆားဘီးယားနှင့်ပွဲတွင်ပြစ်ဒဏ်ကျူးလွန်ခံရမှု၉ကြိမ်အထိရှိကာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြစ်ဒဏ်ဘောအကျူးလွန်ခံရဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒါပေမဲ့ပွဲချိန်၇၉မိနစ်မှာတော့သူဟာမီလန်ကိုဗစ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့်ခြေကျင်းဝတ်ဒဏ်ရာရရှိသွားပြီးနောက်ရိုဒရီဂိုနှင့်လူစားလဲခဲ့ရပါတယ်။

ပီအက်စ်ဂျီတိုက်စစ်သမားဟာအရန်ခုံတွင်ခြေကျဉ်းဝတ်ကိုရေခဲအိတ်ကပ်နေခဲ့တာတွေ့ရပြီးခြေကျင်းဝတ်မှာလည်းရောင်ကိုင်းနေတာတွေ့ရပါတယ်။

ဘရာဇီးအသင်းဆရာဝန်ကတော့နေမာရဲ့ဒဏ်ရာအခြေအနေကိုအနည်းဆုံး၂၄နာရီမှ၄၈နာရီအထိစောင့်ကြည့်ရဦးမှာဖြစ်ကြောင်းဆိုသွားပါတယ်။

နေမာဟာခြေကျင်းဝတ်ဒဏ်ရာပြဿနာသမိုင်းကြောင်းများစွာရှိခဲ့ဖူးသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂လတစ်ကြိမ်၊၁လတစ်ကြိမ်အနားယူခဲ့ရဖူးပါတယ်။

မနေ့ညတုန်းကဆားဘီးယားနှင့်ပွဲစဉ်တွင်ဘရာဇီးဟာလူစားဝင်ရောက်လာတဲ့ရီချာလီဆင်ရဲ့သွင်းဂိုးနှစ်ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

ZawGyi

ဆားဘီးယားႏွင့္ပြဲတြင္ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့ ေနမာ

ဘရာဇီးဟာၾကာသပေတးေန႔ညမွာဆားဘီးယားကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးကမာၻ႔ဖလားၿပိဳင္ပြဲကိုဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ေနမာဟာေျခက်င္းဝတ္ဒဏ္ရာရရွိကာေျခက်င္းဝတ္ေရာင္ကိုင္းေနကာကမာၻ႔ဖလားတြင္ဆက္ကစားႏိုင္ေရးမေရမရာျဖစ္ေနပါတယ္။

အသက္၃၀ႏွစ္ရွိတိုက္စစ္သမားဟာၾကာသပေတးေန႔တုန္းကဆားဘီးယားႏွင့္ပြဲတြင္ျပစ္ဒဏ္က်ဴးလြန္ခံရမႈ၉ႀကိမ္အထိရွိကာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပစ္ဒဏ္ေဘာအက်ဴးလြန္ခံရဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၇၉မိနစ္မွာေတာ့သူဟာမီလန္ကိုဗစ္ရဲ႕ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈေၾကာင့္ေျခက်င္းဝတ္ဒဏ္ရာရရွိသြားၿပီးေနာက္႐ိုဒရီဂိုႏွင့္လူစားလဲခဲ့ရပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္သမားဟာအရန္ခုံတြင္ေျခက်ဥ္းဝတ္ကိုေရခဲအိတ္ကပ္ေနခဲ့တာေတြ႕ရၿပီးေျခက်င္းဝတ္မွာလည္းေရာင္ကိုင္းေနတာေတြ႕ရပါတယ္။

ဘရာဇီးအသင္းဆရာဝန္ကေတာ့ေနမာရဲ႕ဒဏ္ရာအေျခအေနကိုအနည္းဆုံး၂၄နာရီမွ၄၈နာရီအထိေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ေနမာဟာေျခက်င္းဝတ္ဒဏ္ရာျပႆနာသမိုင္းေၾကာင္းမ်ားစြာရွိခဲ့ဖူးသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ၂လတစ္ႀကိမ္၊၁လတစ္ႀကိမ္အနားယူခဲ့ရဖူးပါတယ္။

မေန႔ညတုန္းကဆားဘီးယားႏွင့္ပြဲစဥ္တြင္ဘရာဇီးဟာလူစားဝင္ေရာက္လာတဲ့ရီခ်ာလီဆင္ရဲ႕သြင္းဂိုးႏွစ္ဂိုးျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။