ဆားဘီးယားနှင့်ပွဲတွင် ရရှိတဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားလက်ကျန်အုပ်စုပွဲနှစ်ပွဲကို နေမာလွဲချော်မည်

နေမာဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်ဘရာဇီးရဲ့ကမ္ဘာ့ဖလားလက်ကျန်အုပ်စုပွဲနှစ်ပွဲကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာကြာသပတေးနေ့တုန်းကဆားဘီးယားကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဆားဘီးယားကစားသမားများရဲ့ပစ်မှတ်ထားကြမ်းတမ်းစွာဖျက်ထုတ်ကစားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာဆားဘီးယားနောက်ခံလူမီလန်ကိုဗစ်ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပြီး ပြစ်ဒဏ်ကျူးလွန်မှု၉ကြိမ်အထိခံရကာတစ်ပွဲတည်းတွင်ပြစ်ဒဏ်အကျူးလွန်ခံရခြင်းကစားသမားအဖြစ်ရပ်တည်နေပါတယ်။

သူဟာပွဲချိန်၈၀မိနစ်မှာတော့ခြေကျင်းဝတ်ဒဏ်ရာကြောင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။

ယခုအခါဘရာဇီးအသင်းဆရာဝန်ကနေမာမှာခြေကျင်းဝတ်ဒဏ်ရာကြောင့်အနည်းဆုံးတစ်ပတ်ကြာအနားယူရမှာဖြစ်ပြီးလက်ကျန်ကမ္ဘာ့ဖလားအုပ်စုပွဲနှစ်ပွဲကိုလွဲချော်လာတော့မှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းဘရာဇီးအတွက်၁၂၂ပွဲကစားထားရာမှာ၇၅ဂိုးသွင်းယူထားတဲ့နေမာဟာတနင်္လာနေ့တွင်ဆွစ်ဇာလန်၊စနေနေ့တွင်ကင်မရွန်းတို့နှင့်ရင်ဆိုင်ရမယ့်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များကိုလွဲချော်ပါမယ်။

နေမာဟာဘရာဇီးသာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်မည်ဆိုပါကပါဝင်ကစားလာနိုင်ပါမယ်။

ZawGyi

ဆားဘီးယားႏွင့္ပြဲတြင္ ရရွိတဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားလက္က်န္အုပ္စုပြဲႏွစ္ပြဲကို ေနမာလြဲေခ်ာ္မည္

ေနမာဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ဘရာဇီးရဲ႕ကမာၻ႔ဖလားလက္က်န္အုပ္စုပြဲႏွစ္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာၾကာသပေတးေန႔တုန္းကဆားဘီးယားကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဆားဘီးယားကစားသမားမ်ားရဲ႕ပစ္မွတ္ထားၾကမ္းတမ္းစြာဖ်က္ထုတ္ကစားျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာဆားဘီးယားေနာက္ခံလူမီလန္ကိုဗစ္ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရၿပီး ျပစ္ဒဏ္က်ဴးလြန္မႈ၉ႀကိမ္အထိခံရကာတစ္ပြဲတည္းတြင္ျပစ္ဒဏ္အက်ဴးလြန္ခံရျခင္းကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

သူဟာပြဲခ်ိန္၈၀မိနစ္မွာေတာ့ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။

ယခုအခါဘရာဇီးအသင္းဆရာဝန္ကေနမာမွာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္အနည္းဆုံးတစ္ပတ္ၾကာအနားယူရမွာျဖစ္ၿပီးလက္က်န္ကမာၻ႔ဖလားအုပ္စုပြဲႏွစ္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဘရာဇီးအတြက္၁၂၂ပြဲကစားထားရာမွာ၇၅ဂိုးသြင္းယူထားတဲ့ေနမာဟာတနလၤာေန႔တြင္ဆြစ္ဇာလန္၊စေနေန႔တြင္ကင္မ႐ြန္းတို႔ႏွင့္ရင္ဆိုင္ရမယ့္ကမာၻ႔ဖလားအုပ္စုပြဲစဥ္မ်ားကိုလြဲေခ်ာ္ပါမယ္။

ေနမာဟာဘရာဇီးသာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္မည္ဆိုပါကပါဝင္ကစားလာႏိုင္ပါမယ္။