ဆားဘီးယားအရန်ခုံတစ်ခုလုံးကို ဘောကိုင်ပြပြီး ဒေါသဆွပေးခဲ့တဲ့ ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဇာခါ

ဂရာနစ်ဇာခါဟာသောကြာနေ့ညတုန်းကဆားဘီးယားကိုဆွစ်ဇာလန်ကအနိုင်ရရှိတဲ့ပွဲစဉ်တွင်ဆားဘီးယားအရန်ခုံရှိရာဘက်သို့အကြီးအကျယ်ထွက်စေမဲ့အပြုအမူလုပ်ပြခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ Stadium 974 တွင်ဆားဘီးယားကို၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့ပါတယ်။

ယင်းပွဲတွင်ရှာကွီရီကဆွစ်ဇာလန်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးမီထရိုဗစ်ကပြန်လည်ချေပခဲ့ပါတယ်။ယင်းနောက်ဗလာဟိုဗစ်ကဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမဲ့အမ်ဘိုလိုကပြန်လည်ချေပခဲ့လို့ပထမပိုင်းမှာ၂ဂိုးစီသရေကျနေပါတယ်။

ယင်းနောက်ဒုတိယပိုင်းအစတွင်ဖရူလာကဆွစ်ဇာလန်အတွက်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဒါပေမဲ့ယင်းနောက်ပိုင်းမှာတော့ဂရာနစ်ဇာခါကဆားဘီးယားအရန်ခုံတစ်ခုလုံးကိုဘောကိုင်ပြပြီးဒေါသဆွခဲ့မှုနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

သူဟာပွဲချိန်၆၅မိနစ်မှာယင်းလုပ်ရပ်လုပ်ဆောင်ခဲ့တာဖြစ်ပြီးဆားဘီးယားကစားသမားတို့ဒေါသပေါက်ကွဲခဲ့ကြပါတယ်။

ဆားဘီးယားအရန်ခုံမှကစားသမားတို့ဟာကွင်းအတွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့ပြီးဒိုင်လူကြီးကကွင်းအပြင်သို့ထွက်ရန်ညွှန်ကြားခဲ့ပါတယ်။

ဆားဘီးယားနည်းပြဒရာဂန်စတိုကိုဗစ်ကလည်းဇာခါကိုရန်မူရန်ကြိုးပမ်းတဲ့ဆားဘီးယားကစားသမားများကိုထိန်းသိမ်းခဲ့ရသလိုဆွစ်ဇာလန်ကစားသမားအချို့တို့လည်းဝင်ရောက်ဖြေဖျန်ခဲ့ကြပါတယ်။

ဇာခါဟာယင်းပွဲစဉ်တွင် Man Of The Match ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ပေါ်တူဂီနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဆားဘီးယားအရန္ခုံတစ္ခုလုံးကို ေဘာကိုင္ျပၿပီး ေဒါသဆြေပးခဲ့တဲ့ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္ဇာခါ

ဂရာနစ္ဇာခါဟာေသာၾကာေန႔ညတုန္းကဆားဘီးယားကိုဆြစ္ဇာလန္ကအႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဆားဘီးယားအရန္ခုံရွိရာဘက္သို႔အႀကီးအက်ယ္ထြက္ေစမဲ့အျပဳအမူလုပ္ျပခဲ့ပါတယ္။

ဆြစ္ဇာလန္ဟာ Stadium 974 တြင္ဆားဘီးယားကို၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ခဲ့ပါတယ္။

ယင္းပြဲတြင္ရွာကြီရီကဆြစ္ဇာလန္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးမီထ႐ိုဗစ္ကျပန္လည္ေခ်ပခဲ့ပါတယ္။ယင္းေနာက္ဗလာဟိုဗစ္ကဦးေဆာင္ဂိုးျပန္သြင္းခဲ့ေပမဲ့အမ္ဘိုလိုကျပန္လည္ေခ်ပခဲ့လို႔ပထမပိုင္းမွာ၂ဂိုးစီသေရက်ေနပါတယ္။

ယင္းေနာက္ဒုတိယပိုင္းအစတြင္ဖ႐ူလာကဆြစ္ဇာလန္အတြက္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။

ဒါေပမဲ့ယင္းေနာက္ပိုင္းမွာေတာ့ဂရာနစ္ဇာခါကဆားဘီးယားအရန္ခုံတစ္ခုလုံးကိုေဘာကိုင္ျပၿပီးေဒါသဆြခဲ့မႈႏွင့္႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

သူဟာပြဲခ်ိန္၆၅မိနစ္မွာယင္းလုပ္ရပ္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီးဆားဘီးယားကစားသမားတို႔ေဒါသေပါက္ကြဲခဲ့ၾကပါတယ္။

ဆားဘီးယားအရန္ခုံမွကစားသမားတို႔ဟာကြင္းအတြင္းဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ၿပီးဒိုင္လူႀကီးကကြင္းအျပင္သို႔ထြက္ရန္ၫႊန္ၾကားခဲ့ပါတယ္။

ဆားဘီးယားနည္းျပဒရာဂန္စတိုကိုဗစ္ကလည္းဇာခါကိုရန္မူရန္ႀကိဳးပမ္းတဲ့ဆားဘီးယားကစားသမားမ်ားကိုထိန္းသိမ္းခဲ့ရသလိုဆြစ္ဇာလန္ကစားသမားအခ်ိဳ႕တို႔လည္းဝင္ေရာက္ေျဖဖ်န္ခဲ့ၾကပါတယ္။

ဇာခါဟာယင္းပြဲစဥ္တြင္ Man Of The Match ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။၎တို႔ဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ေပၚတူဂီႏွင့္ရင္ဆိုင္ကစားရပါမယ္။