ဆိုင်ဝန်ထမ်းများ၊စားသုံးသူများနှင့်အချင်းများကြောင့် ဘားကနေ နှင်ထုတ်ခံခဲ့ရတဲ့ ဘာကလေ

အင်္ဂလန်စတားရို့စ်ဘာကလေဟာအထူးဘားတစ်ခုတွင်စားသုံးသူများ၊ဝန်ထမ်းတို့နှင့်အချင်းများပြီးနောက်ဘားမှနှင်ထုတ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ချဲလ်ဆီးမှအငှားဖြင့်လာရောက်ကစားနေတဲ့ဗီလာအလယ်တန်းကစားသမားဟာအရက်အလွန်အကျွံသောက်ထားမှုကြောင့်မူးနေပြီးစကားဗလုံးဗထွေးပြောနေတဲ့အပြင်မတ်တပ်ရပ်ရန်ပင်ခက်ခဲတဲ့အနေအထားမျိုးမှာရှိကြောင်းမျက်မြင်များကပြောကြပါတယ်။

ဘာကလေဟာလန်ဒန်ဗဟိုရှိ The May Fair Hotel တွင်သူငယ်ချင်းတစ်ဦးနဲ့အတူသောက်နေခဲ့တာဖြစ်ပြီးတံခါးပေါက်ဆီသို့သွားစဉ်အခြားစားသုံးသူတစ်ဦးနဲ့မျက်နှာကိုလက်မောင်းဖြင့်ထိမိခဲ့ပါတယ်။ချက်ချင်းပင်ဟိုတယ်လုံခြုံရေးအဖွဲ့မှတစ်ဦးရောက်ရှိလာပြီးအခြေအနေကိုထိန်းသိမ်းခဲ့ပါတယ်။

တစ်ပတ်လျှင်ပေါင်၁၀၀၀၀၀ရရှိနေတဲ့ဘာကလေဟာသူတို့စားပွဲဆီသို့ပြန်ခဲ့သော်လည်းလုံခြုံရေးက၎င်းတို့ကိုထွက်ခွာသွားရန်ပြောကြားခဲ့ပါတယ်။

ဘာကလေဟာဟိုတယ်ကထွက်ခွာရန်ကြိုးစားချိန်တွင်လမ်းတောင်လျှောက်နိုင်ခြင်းမရှိတော့ဘဲအကူအညီဖြင့်ထွက်ခဲ့ရပါတယ်။

ဘာကလေဟာအရက်အလွန်မူးနေခဲ့ပြီးအိမ်သို့ပြန်ရန်တက္ကစီငှားရာတွင်လည်းအလွန်မူးနေခြင်းကြောင့်တက္ကစီအချို့ကတင်ရန်ငြင်းဆိုခဲ့ကြပါတယ်။

ZawGyi

ဆိုင္ဝန္ထမ္းမ်ား၊စားသုံးသူမ်ားႏွင့္အခ်င္းမ်ားေၾကာင့္ ဘားကေန ႏွင္ထုတ္ခံခဲ့ရတဲ့ ဘာကေလ

အဂၤလန္စတား႐ို႕စ္ဘာကေလဟာအထူးဘားတစ္ခုတြင္စားသုံးသူမ်ား၊ဝန္ထမ္းတို႔ႏွင့္အခ်င္းမ်ားၿပီးေနာက္ဘားမွႏွင္ထုတ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးမွအငွားျဖင့္လာေရာက္ကစားေနတဲ့ဗီလာအလယ္တန္းကစားသမားဟာအရက္အလြန္အကြၽံေသာက္ထားမႈေၾကာင့္မူးေနၿပီးစကားဗလုံးဗေထြးေျပာေနတဲ့အျပင္မတ္တပ္ရပ္ရန္ပင္ခက္ခဲတဲ့အေနအထားမ်ိဳးမွာရွိေၾကာင္းမ်က္ျမင္မ်ားကေျပာၾကပါတယ္။

ဘာကေလဟာလန္ဒန္ဗဟိုရွိ The May Fair Hotel တြင္သူငယ္ခ်င္းတစ္ဦးနဲ႔အတူေသာက္ေနခဲ့တာျဖစ္ၿပီးတံခါးေပါက္ဆီသို႔သြားစဥ္အျခားစားသုံးသူတစ္ဦးနဲ႔မ်က္ႏွာကိုလက္ေမာင္းျဖင့္ထိမိခဲ့ပါတယ္။ခ်က္ခ်င္းပင္ဟိုတယ္လုံၿခဳံေရးအဖြဲ႕မွတစ္ဦးေရာက္ရွိလာၿပီးအေျခအေနကိုထိန္းသိမ္းခဲ့ပါတယ္။

တစ္ပတ္လွ်င္ေပါင္၁၀၀၀၀၀ရရွိေနတဲ့ဘာကေလဟာသူတို႔စားပြဲဆီသို႔ျပန္ခဲ့ေသာ္လည္းလုံၿခဳံေရးက၎တို႔ကိုထြက္ခြာသြားရန္ေျပာၾကားခဲ့ပါတယ္။

ဘာကေလဟာဟိုတယ္ကထြက္ခြာရန္ႀကိဳးစားခ်ိန္တြင္လမ္းေတာင္ေလွ်ာက္ႏိုင္ျခင္းမရွိေတာ့ဘဲအကူအညီျဖင့္ထြက္ခဲ့ရပါတယ္။

ဘာကေလဟာအရက္အလြန္မူးေနခဲ့ၿပီးအိမ္သို႔ျပန္ရန္တကၠစီငွားရာတြင္လည္းအလြန္မူးေနျခင္းေၾကာင့္တကၠစီအခ်ိဳ႕ကတင္ရန္ျငင္းဆိုခဲ့ၾကပါတယ္။