ဆိုစီဒက်ကစားသမားသုံးဦးအလဲလဲအပြိုပြိုဖြစ်အောင်လုပ်ပြီးမှဂိုးသွင်းခဲ့တဲ့ မန်ယူရဲ့ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာမနေ့ညတုန်းကတူရင်တွင်ဆိုစီဒက်ကို၄-၀ဂိုးဖြင့်မန်ယူအနိုင်ရရှိတဲ့ပွဲမှာမန်ယူအတွက်အနိုင် ဂိုးနှစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပွဲချိန်၂၇မိနစ်နှင့်ပွဲချိန်၅၇မိနစ်တို့မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးများကိုသွင်းယူခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့်သူ့ရဲ့ပထမပိုင်းပွဲချိန်၂၇မိနစ်မှာသွင်းယူတဲ့ဂိုးကမန်ယူအတွက်ဦးဆောင်ဂိုးကအလွန်အရေးပါလို့နေရပါတယ်။သူဟာဆိုစီဒက်ကစားသမားသုံးဦးတို့ရယ်စရာကောင်းလောက်အောင်တစ်ယောက်နဲ့တစ်ယောက်တိုက်မိပြီး နောက်ကျလာတဲ့ဘောလုံးကိုအလွယ်တကူသွင်းယူခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ချေပေးလိုက်တဲ့ဘောလုံးကိုဆိုစီဒက်ကစားသမားသုံးဦးတို့ဆိုင်ပြီးဖျက်ထုတ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဆိုစီဒက်ဂိုးသမားအဲလက်စ်ရီမိုင်ရိုဟာနောက်ခံလူနှစ်ဦးနှင့်တိုက်မိခဲ့ပြီးဖာနန်ဒက်စ်ကသူ့ရဲ့ယခုရာသီဂိုး၂၀မြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။သူဟာဒုတိယပိုင်းမှာလည်းမန်ယူအတွက်သူ့ရဲ့ယခုရာသီ၂၁ဂိုးမြောက်ဂိုးကိုသွင်းယူပေး နိုင်ခဲ့ပါတယ်။

မန်ယူအတွက်ကျန်အနိုင်ဂိုးနှစ်ဂိုးကိုရပ်ရှ်ဖို့ဒ်နှင့်ဒန်ဂျိမ်းစ်တို့ကသွင်းယူခဲ့ကြပါတယ်။

ပေါ်တူဂီစတားဟာလွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကစပို့တင်းလစ္စဘွန်းမှရောက်လာပြီးနောက်မန်ယူအတွက်ခြေစွမ်းပြကစားလာခဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီမှာသွင်းယူထားတဲ့၂၁ဂိုးမှ၁၄ဂိုးကပရီးမီးယားလိဂ်မှာသွင်းယူထားတာ ဖြစ်ပါတယ်။

ZawGyi

ဆိုစီဒက္ကစားသမားသုံးဦးအလဲလဲအၿပိဳၿပိဳျဖစ္ေအာင္လုပ္ၿပီးမွဂိုးသြင္းခဲ့တဲ့ မန္ယူရဲ႕ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာမေန႔ညတုန္းကတူရင္တြင္ဆိုစီဒက္ကို၄-၀ဂိုးျဖင့္မန္ယူအႏိုင္ရရွိတဲ့ပြဲမွာမန္ယူအတြက္အႏိုင္ ဂိုးႏွစ္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာပြဲခ်ိန္၂၇မိနစ္ႏွင့္ပြဲခ်ိန္၅၇မိနစ္တို႔မွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးမ်ားကိုသြင္းယူခဲ့တာ ျဖစ္ပါတယ္။

အထူးသျဖင့္သူ႔ရဲ႕ပထမပိုင္းပြဲခ်ိန္၂၇မိနစ္မွာသြင္းယူတဲ့ဂိုးကမန္ယူအတြက္ဦးေဆာင္ဂိုးကအလြန္အေရးပါလို႔ေနရပါတယ္။သူဟာဆိုစီဒက္ကစားသမားသုံးဦးတို႔ရယ္စရာေကာင္းေလာက္ေအာင္တစ္ေယာက္နဲ႔တစ္ေယာက္တိုက္မိၿပီးေနာက္က်လာတဲ့ေဘာလုံးကိုအလြယ္တကူသြင္းယူခဲ့တာျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ေခ်ေပးလိုက္တဲ့ေဘာလုံးကိုဆိုစီဒက္ကစားသမားသုံးဦးတို႔ဆိုင္ၿပီးဖ်က္ထုတ္ဖို႔ႀကိဳးပမ္းခဲ့ၾကပါတယ္။ဆိုစီဒက္ဂိုးသမားအဲလက္စ္ရီမိုင္႐ိုဟာေနာက္ခံလူႏွစ္ဦးႏွင့္တိုက္မိခဲ့ၿပီးဖာနန္ဒက္စ္ကသူ႔ရဲ႕ယခုရာသီဂိုး၂၀ေျမာက္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။သူဟာဒုတိယပိုင္းမွာလည္းမန္ယူအတြက္သူ႔ရဲ႕ယခုရာသီ၂၁ဂိုးေျမာက္ဂိုးကိုသြင္းယူေပး ႏိုင္ခဲ့ပါတယ္။

မန္ယူအတြက္က်န္အႏိုင္ဂိုးႏွစ္ဂိုးကိုရပ္ရွ္ဖို႔ဒ္ႏွင့္ဒန္ဂ်ိမ္းစ္တို႔ကသြင္းယူခဲ့ၾကပါတယ္။

ေပၚတူဂီစတားဟာလြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တုန္းကစပို႔တင္းလစၥဘြန္းမွေရာက္လာၿပီးေနာက္မန္ယူအတြက္ေျခစြမ္းျပကစားလာခဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီမွာသြင္းယူထားတဲ့၂၁ဂိုးမွ၁၄ဂိုးကပရီးမီးယားလိဂ္မွာသြင္းယူထားတာ ျဖစ္ပါတယ္။