
ဆိုစီဒက်တိုက်စစ်မှူးအလက်ဇန္ဒားဆိုလော့ဒ်ဟာဇန်နဝါရီလအတွက်ဆိုစီဒက်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးပြီးနောက်ငါးကြီးတစ်ကောင်ဆုချီးမြှင့်ခံခဲ့ရပါတယ်။
အသက်၂၇နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာဘွန်ဒက်စ်လီဂါကလပ်လိုက်ဇစ်မှဆိုစီဒက်သို့အငှားဖြင့်သွားကစားနေတာဖြစ်ပြီးဇန်နဝါရီလတုန်းက၇ပွဲကစားရာမှာ၃ဂိုးသွင်းပြီးလာလီဂါအမှတ်ပေးဇယားအဆင့်၃သို့တက်လှမ်းနိုင်အောင်ကူညီနိုင်ခဲ့ပြီးနောက် တစ်လတာအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆိုလော့ဒ်ဟာတစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်မှုနဲ့အတူငါးကြီးတစ်ကောင်ဆုရရှိခဲ့ပါတယ်။
ဆိုစီဒက်ဟာဆန်ဆီဘာစတီယန်အနီး စူပါမတ်ကားတစ်ခုဖြစ်တဲ့ BM Supermercados de Pagolaနှင့်ပူးပေါင်းကာအထက်ပါဆုအားချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
ဆိုလော့ဒ်ဟာဇန်နဝါရီလအတွက်လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
အာဆင်နယ်စတားမာတင်အိုဒီဂတ်ဟာလည်းရီးရဲလ်မက်ဒရစ်မှဆိုစီဒက်သို့အငှားဖြင့်သွားကစားစဉ်တုန်းကတစ်လတာအကောင်းဆုံးကစားသမားဆုအဖြစ်ငါးတစ်ကောင်ချီးမြှင့်ခံရပါသေးတယ်။
ZawGyi
ဆိုစီဒက်တစ်လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးပြီးနောက် ငါးတစ်ကောင်ရရှိခဲ့တဲ့ ဆိုလော့ဒ်