ဆိုစီဒက်နဲ့ပွဲမှာ ရပ်တန့်မရတဲ့ ဒုံးပျံကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ ဗီလာရီးရဲလ်ကွင်းလယ်လူပါရီဂျို

ဗီလာရီးရဲလ်ကွင်းလယ်ကစားသမားဒါနီပါရီဂျိုဟာမနေ့ညတုန်းကဆိုစီဒက်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာအပြင်း စားဒုံးပျံကန်ချက်နဲ့ဂိုးသွင်းယူပြီးကလပ်အတွက်နိုင်ပွဲရယူပေးခဲ့ပါတယ်။

ဗီလာရီးရဲလ်ဟာမနေ့ညတုန်းကလာလီဂါပွဲစဉ်အဖြစ်အယ်မာဒရီဂယ်မှာဆိုစီဒက်အသင်းကိုဧည့်ခံကစားခဲ့ရပါ တယ်။ဗီလာရီးရဲလ်ဟာပထမပိုင်းမှာဘဲပါရီဂျိုရဲ့အံ့မခန်းကန်ချက်နဲ့ဆိုစီဒက်ကိုဦး ဆောင်နိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်တိုက်စစ်မှူးအယ်ကာစာရဲ့ကန်ချက်ကိုဆိုစီဒက်ကစားသမားတစ်ဦးကပိတ်ဆို့လိုက်ပြီးနောက် ဘောလုံးဟာပါရီဂျိုရဲ့လမ်းကြောင်းအတွင်းသို့ကျလာခဲ့ပါတယ်။ပါရီဂျိုဟာကိုက်၃၀အကွာကနေဒုံးကျည်ကန်ချက်ဖြင့်အပြင်းကန်ကာသွင်းယူခဲ့ပါတယ်။

ဆိုစီဒက်ဂိုးသမားအဲလက်စ်ရီမိုင်ရိုဟာဘာမှမတတ်နိုင်ခဲ့ပါဘူး။ယင်းဂိုးဟာပါရီဂျိုအတွက်ယခုရာသီမှာဧရိယာအပြင်က သွင်းယူတဲ့တတိယမြောက်ဂိုးဖြစ်ပြီးလာလီဂါမှာဧရိယာအပြင်ကနေသွင်းယူတဲ့ဂိုးအများဆုံးကစားသမားအဖြစ်လည်းရပ်တည်နေပါတယ်။

အသက်၃၁နှစ်ရှိပါရီဂျိုဟာနွေရာသီတုန်းကဗလင်စီယာကနေဗီလာရီးရဲလ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်း လာခဲ့တဲ့သူဖြစ်ပါတယ်။သူဟာဗလင်စီယာမှာ၉နှစ်ကြာကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါ တယ်။ဒါပေမယ့်ကလပ်ကငွေကြေးမတတ်နိုင်မှုနဲ့အတူသူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာစေခဲ့လို့မြို့ခံပြိုင်ဘက်ကလပ်ဗီလာရီးရဲလ်သို့ပြောင်းခဲ့ပါတယ်။

သူဟာဗီလာရီးရဲလ်မှာကစားနေပေမယ့်လည်းကစားသမားဘဝကိုဗလင်စီယာမှာဘဲအဆုံးသတ်ဖို့မျှော်လင့်နေတဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဆိုစီဒက္နဲ႔ပြဲမွာ ရပ္တန႔္မရတဲ့ ဒုံးပ်ံကန္ခ်က္နဲ႔ ဂိုးသြင္းခဲ့တဲ့ ဗီလာရီးရဲလ္ကြင္းလယ္လူပါရီဂ်ိဳ

ဗီလာရီးရဲလ္ကြင္းလယ္ကစားသမားဒါနီပါရီဂ်ိဳဟာမေန႔ညတုန္းကဆိုစီဒက္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာအျပင္း စားဒုံးပ်ံကန္ခ်က္နဲ႔ဂိုးသြင္းယူၿပီးကလပ္အတြက္ႏိုင္ပြဲရယူေပးခဲ့ပါတယ္။

ဗီလာရီးရဲလ္ဟာမေန႔ညတုန္းကလာလီဂါပြဲစဥ္အျဖစ္အယ္မာဒရီဂယ္မွာဆိုစီဒက္အသင္းကိုဧည့္ခံကစားခဲ့ရပါ တယ္။ဗီလာရီးရဲလ္ဟာပထမပိုင္းမွာဘဲပါရီဂ်ိဳရဲ႕အံ့မခန္းကန္ခ်က္နဲ႔ဆိုစီဒက္ကိုဦး ေဆာင္ႏိုင္ခဲ့ပါတယ္။

ဗီလာရီးရဲလ္တိုက္စစ္မႉးအယ္ကာစာရဲ႕ကန္ခ်က္ကိုဆိုစီဒက္ကစားသမားတစ္ဦးကပိတ္ဆို႔လိုက္ၿပီးေနာက္ ေဘာလုံးဟာပါရီဂ်ိဳရဲ႕လမ္းေၾကာင္းအတြင္းသို႔က်လာခဲ့ပါတယ္။ပါရီဂ်ိဳဟာကိုက္၃၀အကြာကေနဒုံးက်ည္ကန္ခ်က္ျဖင့္အျပင္းကန္ကာသြင္းယူခဲ့ပါတယ္။

ဆိုစီဒက္ဂိုးသမားအဲလက္စ္ရီမိုင္႐ိုဟာဘာမွမတတ္ႏိုင္ခဲ့ပါဘူး။ယင္းဂိုးဟာပါရီဂ်ိဳအတြက္ယခုရာသီမွာဧရိယာအျပင္က သြင္းယူတဲ့တတိယေျမာက္ဂိုးျဖစ္ၿပီးလာလီဂါမွာဧရိယာအျပင္ကေနသြင္းယူတဲ့ဂိုးအမ်ားဆုံးကစားသမားအျဖစ္လည္းရပ္တည္ေနပါတယ္။

အသက္၃၁ႏွစ္ရွိပါရီဂ်ိဳဟာေႏြရာသီတုန္းကဗလင္စီယာကေနဗီလာရီးရဲလ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္း လာခဲ့တဲ့သူျဖစ္ပါတယ္။သူဟာဗလင္စီယာမွာ၉ႏွစ္ၾကာကစားခဲ့ၿပီးအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါ တယ္။ဒါေပမယ့္ကလပ္ကေငြေၾကးမတတ္ႏိုင္မႈနဲ႔အတူသူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထြက္ခြာေစခဲ့လို႔ၿမိဳ႕ခံၿပိဳင္ဘက္ကလပ္ဗီလာရီးရဲလ္သို႔ေျပာင္းခဲ့ပါတယ္။

သူဟာဗီလာရီးရဲလ္မွာကစားေနေပမယ့္လည္းကစားသမားဘဝကိုဗလင္စီယာမွာဘဲအဆုံးသတ္ဖို႔ေမွ်ာ္လင့္ေနတဲ့သူလည္းျဖစ္ပါတယ္။