ဆိုစီဒက်နှင့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူ ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ကစားခဲ့တဲ့ မက်ဂွိုင်းယား

ဟယ်ရီမက်ဂွိုင်းယားဟာမနေ့ညတုန်းကမန်ချက်စတာယူနိုက်တက်နှင့်ဆိုစီဒက်တို့ပွဲစဉ်မှာတိုက်စစ်မှူးအဖြစ်ကစားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းကပွဲစဉ်တွင်ဆိုစီဒက်ကို၂ဂိုးနှင့်အထက်ဖြင့်အနိုင်ရရှိမှသာလျှင်ယူရိုပါလိဂ်၁၆သင်းအဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ပါမယ်။

ယူနိုက်တက်ဟာအလီဂျန်ဒရိုဂါနာချိုရဲ့ဂိုးကြောင့်ဆိုစီဒက်ကို၁-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။အာဂျင်တီးနားပါရမီရှင်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဖန်တီးမှုကနေယူနိုက်တက်အတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာအနည်းဆုံးနှစ်ဂိုးပြတ်အနိုင်ရမှသာလျှင်အုပ်စုဗိုလ်ဖြစ်မှာဖြစ်လို့နောက်ထပ်ဂိုးရရှိရေးအစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။

ပွဲချိန်၈၂မိနစ်မှာတော့အဲရစ်တန်ဟက်ဟာဂါနာချိုနှင့်အဲရစ်ဆင်တို့ကိုထုတ်ပြီးဖရက်နှင့်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကိုထည့်သွင်းခဲ့ပါတယ်။

အင်္ဂလန်ဗဟိုနောက်ခံလူဟာခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်တိုက်စစ်တွင်ကစားသွားခဲ့ပြီးဂိုးရရှိရေးကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ယူနိုက်တက်ဟာလည်းဖြတ်တင်ဘော၊ Long Ball တို့ဖြင့် ခေါင်းတိုက်ဂိုးမှတဆင့်ဂိုးရရှိရေးကြိုးပမ်းခဲ့ပါတယ်။

အံ့ဩစရာကောင်းတာကတော့ဟယ်ရီမက်ဂွိုင်းယားဟာတောင်ပံအထိထွက်ကစားပြီးချိတ်ဆက်ကစားနိုင်ရေးကြိုးပမ်းခဲ့ပြီးဆိုစီဒက်ကိုဒုက္ခပေးနိုင်ခဲ့တာလည်းတွေ့ရပါတယ်။

ပရိသတ်တွေကတော့ အဲရစ်တန်ဟက်ရဲ့Plan B အဖြစ်မက်ဂွိုင်းယားကို တိုက်စစ်မှူးအဖြစ်ကစားသွားမှုအပေါ်အံ့ဩသင့်လျက်ရှိကြပါတယ်။

ယူနိုက်တက်ဟာဆိုစီဒက်နှင့်ပွဲတွင်ဒုတိယဂိုးမရခဲ့တာကြောင့်အုပ်စုဒုတိယသာရရှိပြီး ပလေးအော့ဖ်တွင်ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်လာတဲ့ဘာစီလိုနာ၊ဂျူဗင်တပ်၊အေဂျက်စ်တို့နှင့်ရင်ဆိုင်တွေ့ရတော့မှာဖြစ်ပါတယ်။

ZawGyi

ဆိုစီဒက္ႏွင့္ပြဲတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူ ယူႏိုက္တက္တိုက္စစ္ကို ဦးေဆာင္ကစားခဲ့တဲ့ မက္ဂြိဳင္းယား

ဟယ္ရီမက္ဂြိဳင္းယားဟာမေန႔ညတုန္းကမန္ခ်က္စတာယူႏိုက္တက္ႏွင့္ဆိုစီဒက္တို႔ပြဲစဥ္မွာတိုက္စစ္မႉးအျဖစ္ကစားသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းကပြဲစဥ္တြင္ဆိုစီဒက္ကို၂ဂိုးႏွင့္အထက္ျဖင့္အႏိုင္ရရွိမွသာလွ်င္ယူ႐ိုပါလိဂ္၁၆သင္းအဆင့္သို႔အုပ္စုဗိုလ္အျဖစ္တက္ေရာက္ႏိုင္ပါမယ္။

ယူႏိုက္တက္ဟာအလီဂ်န္ဒ႐ိုဂါနာခ်ိဳရဲ႕ဂိုးေၾကာင့္ဆိုစီဒက္ကို၁-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။အာဂ်င္တီးနားပါရမီရွင္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဖန္တီးမႈကေနယူႏိုက္တက္အတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာအနည္းဆုံးႏွစ္ဂိုးျပတ္အႏိုင္ရမွသာလွ်င္အုပ္စုဗိုလ္ျဖစ္မွာျဖစ္လို႔ေနာက္ထပ္ဂိုးရရွိေရးအစြမ္းကုန္ႀကိဳးပမ္းခဲ့ပါတယ္။

ပြဲခ်ိန္၈၂မိနစ္မွာေတာ့အဲရစ္တန္ဟက္ဟာဂါနာခ်ိဳႏွင့္အဲရစ္ဆင္တို႔ကိုထုတ္ၿပီးဖရက္ႏွင့္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကိုထည့္သြင္းခဲ့ပါတယ္။

အဂၤလန္ဗဟိုေနာက္ခံလူဟာခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔အတူ ယူႏိုက္တက္တိုက္စစ္တြင္ကစားသြားခဲ့ၿပီးဂိုးရရွိေရးႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။ယူႏိုက္တက္ဟာလည္းျဖတ္တင္ေဘာ၊ Long Ball တို႔ျဖင့္ ေခါင္းတိုက္ဂိုးမွတဆင့္ဂိုးရရွိေရးႀကိဳးပမ္းခဲ့ပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့ဟယ္ရီမက္ဂြိဳင္းယားဟာေတာင္ပံအထိထြက္ကစားၿပီးခ်ိတ္ဆက္ကစားႏိုင္ေရးႀကိဳးပမ္းခဲ့ၿပီးဆိုစီဒက္ကိုဒုကၡေပးႏိုင္ခဲ့တာလည္းေတြ႕ရပါတယ္။

ပရိသတ္ေတြကေတာ့ အဲရစ္တန္ဟက္ရဲ႕Plan B အျဖစ္မက္ဂြိဳင္းယားကို တိုက္စစ္မႉးအျဖစ္ကစားသြားမႈအေပၚအံ့ဩသင့္လ်က္ရွိၾကပါတယ္။

ယူႏိုက္တက္ဟာဆိုစီဒက္ႏွင့္ပြဲတြင္ဒုတိယဂိုးမရခဲ့တာေၾကာင့္အုပ္စုဒုတိယသာရရွိၿပီး ပေလးေအာ့ဖ္တြင္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္လာတဲ့ဘာစီလိုနာ၊ဂ်ဴဗင္တပ္၊ေအဂ်က္စ္တို႔ႏွင့္ရင္ဆိုင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။