ဆိုရှယ်မီဒီယာကိုအပြီးတိုင်လက်ပြနှုတ်ဆက်လိုက်တဲ့ သီယာရီဟင်နရီ

သီယာရီဟင်နရီကအွန်လိုင်းတွင်ဆဲဆိုတိုက်ခိုက်နေမှုများအားလူများကတိုက်ဖျက်နိုင်တဲ့အစွမ်းရှိလာချိန်အထိဆိုရှယ်မီဒီယာကိုအသုံးပြုတော့မှာမဟုတ်ကြောင်းကြေညာလာပါတယ်။

ဂျူဗင်တပ်၊အာဆင်နယ်နှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ Facebook၊ Instagram၊Twitterအကောင့်ကိုဖျက်ကာအသုံးမပြုတော့တဲ့ထိပ်တန်းအားကစားသမားထဲမှပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။

ဟင်နရီကဆိုရှယ်မီဒီယာတွင်အနိုင်ကျင့်မှုများ၊လူမျိုးရေးခွဲခြားမှုများအားမူပိုင်ခွင့်ချိုးဖောက်မှုကဲ့သို့တန်းတူလုပ်ဆောင်လာနိုင်တဲ့အချိန်အထိအသုံးပြုသွားမှာမဟုတ်ကြောင်းဆိုသွားပါတယ်။ဆိုရှယ်မီဒီယာတွင်အားကစားသမားများ၊နာမည်ကျော်များလူမျိုးရေးခွဲခြားတိုက်ခိုက်ခံရမှုမှာမြင့်မားသထက်မြင့်မားလာနေပါတယ်။ယခုနှစ်အစောပိုင်းတုန်းကအေလိဂ်(ဩစတြေးလျ)မှပါရမီရှင်အလယ်တန်းကစားသမားဂျို့ဟုပ်ဟာဆိုရှယ်မီဒီယာတွင်တိုက်ခိုက်မှုများခံရပြီးနောက်ဘောလုံးကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်ချက်ချခဲ့ဖူးပါတယ်။

ZawGyi





