ဆိုရှယ်မီဒီယာတွင် ပရိသတ်အများဆုံး ဘောလုံးသမားအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို ရပ်တည်

ခရစ္စတီယာနိုရော်နယ်ဒိုဟာ တစ်ကမ္ဘာလုံးမှာဘောလုံးသမားများထဲမှာ ဆိုရှယ်မီဒီယာမှာ Followers အများဆုံးဘောလုံးသမားအဖြစ်ရပ်တည်နေပါတယ်။

ဂျူဗင်တပ်နှင့်ပေါ်တူဂီစတားဟာ ဆိုရှယ်မီဒီယာများဖြစ်ကြတဲ့ Facebook ၊ Twitter ၊ Instagram အကောင့်တို့မှာ Followersပေါင်းသန်း၂၀၀ကျော်အထိမက်ဆီအပါအဝင်အခြားဘောလုံးသမားများထက် Followers ပိုမိုများစွာပိုင်ဆိုင်ထားပါတယ်။

ရော်နယ်ဒိုဟာFacebook မှာ၁၂၄သန်း၊Twitter တွင်သန်း၉၀နှင့်Instagramတွင်၂၅၂သန်းဖြင့်စုစုပေါင်း သန်း၄၆၆သန်းဖြင့်ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုရဲ့Instagram အကောင့်ဟာကမ္ဘာမှာFollowers အများဆုံးအကောင့်လည်းဖြစ်ပါတယ်။

ဒုတိယနေရာမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့မဟာပြိုင်ဘက်မက်ဆီကFacebook မှာသန်း၉၀၊Instagram တွင်၁၇၅သန်းတို့ဖြင့်စုစုပေါင်း၂၆၅သန်းFollowers ရှိပါတယ်။

မက်ဆီရဲ့နောက်မှာပီအက်စ်ဂျီစတားနေမာ၊အဲဗာတန်စတားဂျိမ်းစ်ရိုဒရီဂွက်ဇ်၊စပါးစ်စတားဂါရတ်ဘေးလ်၊ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်၊မီလန်စတားအီဘရာဟီမိုဗစ်၊အာဆင်နယ်စတားအိုဇေးလ်၊ရီးရဲလ်မက်ဒရစ်စတားမာဆယ်လိုနှင့်အက်သလက်တီကိုတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်တို့ရပ်တည်နေပါတယ်။

ZawGyi

ဆိုရွယ္မီဒီယာတြင္ ပရိသတ္အမ်ားဆုံး ေဘာလုံးသမားအျဖစ္ ခရစၥတီယာႏိုေရာ္နယ္ဒို ရပ္တည္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ တစ္ကမာၻလုံးမွာေဘာလုံးသမားမ်ားထဲမွာ ဆိုရွယ္မီဒီယာမွာ Followers အမ်ားဆုံးေဘာလုံးသမားအျဖစ္ရပ္တည္ေနပါတယ္။

ဂ်ဴဗင္တပ္ႏွင့္ေပၚတူဂီစတားဟာ ဆိုရွယ္မီဒီယာမ်ားျဖစ္ၾကတဲ့ Facebook ၊ Twitter ၊ Instagram အေကာင့္တို႔မွာ Followersေပါင္းသန္း၂၀၀ေက်ာ္အထိမက္ဆီအပါအဝင္အျခားေဘာလုံးသမားမ်ားထက္ Followers ပိုမိုမ်ားစြာပိုင္ဆိုင္ထားပါတယ္။

ေရာ္နယ္ဒိုဟာFacebook မွာ၁၂၄သန္း၊Twitter တြင္သန္း၉၀ႏွင့္Instagramတြင္၂၅၂သန္းျဖင့္စုစုေပါင္း သန္း၄၆၆သန္းျဖင့္ထိပ္ဆုံးမွာရပ္တည္ေနတာျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Instagram အေကာင့္ဟာကမာၻမွာFollowers အမ်ားဆုံးအေကာင့္လည္းျဖစ္ပါတယ္။

ဒုတိယေနရာမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မဟာၿပိဳင္ဘက္မက္ဆီကFacebook မွာသန္း၉၀၊Instagram တြင္၁၇၅သန္းတို႔ျဖင့္စုစုေပါင္း၂၆၅သန္းFollowers ရွိပါတယ္။

မက္ဆီရဲ႕ေနာက္မွာပီအက္စ္ဂ်ီစတားေနမာ၊အဲဗာတန္စတားဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္၊စပါးစ္စတားဂါရတ္ေဘးလ္၊ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ရာမို႔စ္၊မီလန္စတားအီဘရာဟီမိုဗစ္၊အာဆင္နယ္စတားအိုေဇးလ္၊ရီးရဲလ္မက္ဒရစ္စတားမာဆယ္လိုႏွင့္အက္သလက္တီကိုတိုက္စစ္မႉးလူးဝစ္ဆြာရက္ဇ္တို႔ရပ္တည္ေနပါတယ္။