
အီရန်အစိုးရပိုင်မီဒီယာကအမေရိကန်ကိုဖီဖာရဲ့စည်းမျဉ်းစည်းကမ်းချိုးဖောက်တယ်ဆိုပြီးကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ရန်တောင်းဆိုလာပါတယ်။
အင်္ဂါနေ့တွင်ကမ္ဘာ့ဖလားအုပ်စု(ခ)နောက်ဆုံးပွဲများအဖြစ်အင်္ဂလန်နှင့်ဝေးလ်၊အမေရိကန်နှင့်အီရန်တို့ရင်ဆိုင်ကစားကြရပါမယ်။
အီရန်ဟာဝေးလ်ကိုအနိုင်ရရှိထားရာအမေရိကန်ကိုအနိုင်ရရှိပါက၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။တဖက်တွင်ဝေးလ်၊အင်္ဂလန်တို့နှင့်သရေကျထားတဲ့အမေရိကန်မှာလည်းအနိုင်ရရှိလျှင်နောက်တဆင့်သို့တက်နိုင်ပါမယ်။
အမေရိကန်အသင်းဟာအီရန်နှင့်ပွဲစဉ်မတိုင်မီအင်စတာဂရမ်၊ဖစ်ဘုတ်၊တွစ်တာတို့တွင်ပို့စ်တင်ရာမှာအီရန်အလံမှ အစ္စလာမ်မစ်အမှတ်အသားကိုဖယ်ရှားပြီးပို့စ်တင်ခဲ့ပါတယ်။
ဒါကြောင့်လည်းအီရန်အစိုးရပိုင်မီဒီယာ IRNA ဟာအီရန်အလံတော်မှအစ္စလာမ်မစ်နိုင်ငံအမှတ်အသားဖြစ်တဲ့အလာင်္ကေတကိုဖယ်ရှားမှုအတွက်အမေရိကန်ကိုကမ္ဘာ့ဖလားမှထုတ်ပယ်ရန်တောင်းဆိုလာပါတယ်။
အမေရိကန်ဟာလည်း IRNA ကတောင်းဆိုလာပြီးနောက်ယင်းပို့စ်ကိုဖျက်လိုက်ပြီးအလံအမှန်ဖြင့်ပို့စ်ပြန်တင်ခဲ့ပေမဲ့လည်း “အီရန်အမျိုးသမီးများကိုဆက်လက်ထောက်ခံအားပေးနေမယ်”ဆိုပြီးရေးသားသွားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကအသက်၂၂နှစ်အရွယ်ရှိအေမီနီဆိုတဲ့အမျိုးသမီးငယ်မှာခေါင်းဆောင်းမဆောင်းမှုကြောင့်ဖမ်းဆီးခံရပြီးနှိပ်စက်ခံရကာအချုပ်ခန်းတွင်သေဆုံးသွားပြီးနောက်အီရန်နိုင်ငံအတွင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများမြင့်တက်နေပါတယ်။
အီရန်အာဏာပိုင်တို့ဟာထောင်ပေါင်းများစွာသောဆန္ဒပြသူများကိုဖမ်းဆီးထိန်းသိမ်းခဲ့သလိုရာပေါင်းများစွာသောဆန္ဒပြသူများကိုသတ်ဖြတ်မှုပြုလုပ်ထားပါတယ်။
ZawGyi
ဆိုရွယ္မီဒီယာပို႔စ္ေၾကာင့္ အေမရိကန္ကို ကမာၻ႔ဖလားမွ ထုတ္ပယ္ရန္ အီရန္ေတာင္းဆိုလာ
အီရန္အစိုးရပိုင္မီဒီယာကအေမရိကန္ကိုဖီဖာရဲ႕စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္တယ္ဆိုၿပီးကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ရန္ေတာင္းဆိုလာပါတယ္။
အဂၤါေန႔တြင္ကမာၻ႔ဖလားအုပ္စု(ခ)ေနာက္ဆုံးပြဲမ်ားအျဖစ္အဂၤလန္ႏွင့္ေဝးလ္၊အေမရိကန္ႏွင့္အီရန္တို႔ရင္ဆိုင္ကစားၾကရပါမယ္။
အီရန္ဟာေဝးလ္ကိုအႏိုင္ရရွိထားရာအေမရိကန္ကိုအႏိုင္ရရွိပါက၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ပါမယ္။တဖက္တြင္ေဝးလ္၊အဂၤလန္တို႔ႏွင့္သေရက်ထားတဲ့အေမရိကန္မွာလည္းအႏိုင္ရရွိလွ်င္ေနာက္တဆင့္သို႔တက္ႏိုင္ပါမယ္။
အေမရိကန္အသင္းဟာအီရန္ႏွင့္ပြဲစဥ္မတိုင္မီအင္စတာဂရမ္၊ဖစ္ဘုတ္၊တြစ္တာတို႔တြင္ပို႔စ္တင္ရာမွာအီရန္အလံမွ အစၥလာမ္မစ္အမွတ္အသားကိုဖယ္ရွားၿပီးပို႔စ္တင္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းအီရန္အစိုးရပိုင္မီဒီယာ IRNA ဟာအီရန္အလံေတာ္မွအစၥလာမ္မစ္ႏိုင္ငံအမွတ္အသားျဖစ္တဲ့အလာေကၤတကိုဖယ္ရွားမႈအတြက္အေမရိကန္ကိုကမာၻ႔ဖလားမွထုတ္ပယ္ရန္ေတာင္းဆိုလာပါတယ္။
အေမရိကန္ဟာလည္း IRNA ကေတာင္းဆိုလာၿပီးေနာက္ယင္းပို႔စ္ကိုဖ်က္လိုက္ၿပီးအလံအမွန္ျဖင့္ပို႔စ္ျပန္တင္ခဲ့ေပမဲ့လည္း “အီရန္အမ်ိဳးသမီးမ်ားကိုဆက္လက္ေထာက္ခံအားေပးေနမယ္”ဆိုၿပီးေရးသားသြားပါတယ္။
ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကအသက္၂၂ႏွစ္အ႐ြယ္ရွိေအမီနီဆိုတဲ့အမ်ိဳးသမီးငယ္မွာေခါင္းေဆာင္းမေဆာင္းမႈေၾကာင့္ဖမ္းဆီးခံရၿပီးႏွိပ္စက္ခံရကာအခ်ဳပ္ခန္းတြင္ေသဆုံးသြားၿပီးေနာက္အီရန္ႏိုင္ငံအတြင္းအမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈမ်ားျမင့္တက္ေနပါတယ္။
အီရန္အာဏာပိုင္တို႔ဟာေထာင္ေပါင္းမ်ားစြာေသာဆႏၵျပသူမ်ားကိုဖမ္းဆီးထိန္းသိမ္းခဲ့သလိုရာေပါင္းမ်ားစြာေသာဆႏၵျပသူမ်ားကိုသတ္ျဖတ္မႈျပဳလုပ္ထားပါတယ္။