ဆိုးရွားတဲ့ရာသီအစနှင့်ကြုံနေရတဲ့ အာဆင်နယ်အပေါ် ဂန္ထဝင်နည်းပြကြီး အကောင်းမြင်

အာစင်ဝင်းဂါးကအာဆင်နယ်မှာ၆၇နှစ်တာကာလအတွင်းအဆိုးရွားဆုံးရာသီအစတာထွက်မှုနဲ့ရင်ဆိုင်နေရသော်လည်းကောင်းမွန်တဲ့နေရာတစ်နေရာသို့ရောက်နေကြောင်းပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲလုံးရှုံးနိမ့်ထားပြီးရဂိုးလည်းတစ်ဂိုးမျှမရှိသေးကာအမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေပါတယ်။

အာဆင်နယ်ဟာပွဲကြပ်များဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့အပြင်အဓိကကစားသမားများဖြစ်တဲ့ပါတေးဒဏ်ရာရရှိနေမှုအူဘာမီယန်နှင့်လာကာဇက်တီတို့ကိုဗစ်ကူးစက်မှုများနှင့်ကြုံခဲ့ရပါတယ်။

အာစင်ဝင်းဂါးက “ကျွန်တော့်အသက်၇၁နှစ်ရှိပါတယ်။ဒီကလပ်အတွက်ကျွန်တော့်ဘဝရဲ့အကောင်းဆုံးနှစ်တွေကိုပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။အခုကျွန်တော်ကပရိသတ်တစ်ယောက်အနေနဲ့ပဲရှိပါတော့တယ်။ဒီကနေ့အချိန်မှာကလပ်ဟာကောင်းမွန်တဲ့ပုံစံမှာရှိနေပါတယ်။သူတို့ဟာခက်ခဲတဲ့ပွဲနှစ်ပွဲ(ချဲလ်ဆီးနှင့်မန်စီးတီး)နဲ့ကြုံခဲ့ပါတယ်။ဒီအသင်းမှာအလားအလာအများကြီးရှိပါတယ်။သူတို့ပြန်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာနိုင်ငံတကာပွဲစဉ်များအပြီးတွင်နော့ဝှစ်ချ်အားအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi

ဆိုး႐ြားတဲ့ရာသီအစႏွင့္ႀကဳံေနရတဲ့ အာဆင္နယ္အေပၚ ဂႏၴဝင္နည္းျပႀကီး အေကာင္းျမင္

အာစင္ဝင္းဂါးကအာဆင္နယ္မွာ၆၇ႏွစ္တာကာလအတြင္းအဆိုး႐ြားဆုံးရာသီအစတာထြက္မႈနဲ႔ရင္ဆိုင္ေနရေသာ္လည္းေကာင္းမြန္တဲ့ေနရာတစ္ေနရာသို႔ေရာက္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲသုံးပြဲလုံးရႈံးနိမ့္ထားၿပီးရဂိုးလည္းတစ္ဂိုးမွ်မရွိေသးကာအမွတ္ေပးဇယားေအာက္ဆုံးတြင္ရပ္တည္ေနပါတယ္။

အာဆင္နယ္ဟာပြဲၾကပ္မ်ားဆက္တိုက္ရင္ဆိုင္ခဲ့ရတဲ့အျပင္အဓိကကစားသမားမ်ားျဖစ္တဲ့ပါေတးဒဏ္ရာရရွိေနမႈအူဘာမီယန္ႏွင့္လာကာဇက္တီတို႔ကိုဗစ္ကူးစက္မႈမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။

အာစင္ဝင္းဂါးက “ကြၽန္ေတာ့္အသက္၇၁ႏွစ္ရွိပါတယ္။ဒီကလပ္အတြက္ကြၽန္ေတာ့္ဘဝရဲ႕အေကာင္းဆုံးႏွစ္ေတြကိုေပးဆပ္ခဲ့ၿပီးျဖစ္ပါတယ္။အခုကြၽန္ေတာ္ကပရိသတ္တစ္ေယာက္အေနနဲ႔ပဲရွိပါေတာ့တယ္။ဒီကေန႔အခ်ိန္မွာကလပ္ဟာေကာင္းမြန္တဲ့ပုံစံမွာရွိေနပါတယ္။သူတို႔ဟာခက္ခဲတဲ့ပြဲႏွစ္ပြဲ(ခ်ဲလ္ဆီးႏွင့္မန္စီးတီး)နဲ႔ႀကဳံခဲ့ပါတယ္။ဒီအသင္းမွာအလားအလာအမ်ားႀကီးရွိပါတယ္။သူတို႔ျပန္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ေနာ့ဝွစ္ခ်္အားအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။