ဆိုးရွားတဲ့ ရလဒ်များကြောင့် မိသားစုနှင့် သူ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေကြောင်း ဂရေဟမ်ပေါ်တာ ဖွင့်ဟလာ

ဂရေဟမ်ပေါ်တာကချဲလ်ဆီးအသင်းရလဒ်ဆိုးရွားနေမှုကြောင့်သူနှင့်သူ့မိသားစုများကိုလူများကသေစေလိုကြောင်းဆုတောင်းခြင်းခံနေရကြောင်းဖွင့်ဟလာပါတယ်။

စပါးစ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင်ချဲလ်ဆီးနည်းပြကသူ့ကိုအီးမေးလ်များပို့ကာအွန်လိုင်းတိုက်ခိုက်မှုခံနေရကြောင်းဖွင့်ဟလာတာဖြစ်ပါတယ်။

အမှတ်ပေးဇယားအဆင့်၁၀နေရာတွင်ရပ်တည်နေတဲ့ချဲလ်ဆီးဟာတနင်္ဂနွေနေ့တွင်လန်ဒန်မြို့ခံပြိုင်ဘက်စပါးစ်ကိုအဝေးကွင်းသိ့သွားရောက်ရင်ဆိုင်ရပါမယ်။ချဲလ်ဆီးဟာနောက်ဆုံးပရီးမီးယားလိဂ်ပွဲ ၁၄ပွဲတွင်၂ပွဲတည်းသာအနိုင်ရထားပါတယ်။

ဂရေဟမ်ပေါ်တာက “ကျွန်တော့်ဆီကိုကောင်းမွန်အီးမေးလ်တွေမရောက်လာပါဘူး။ကျွန်တော်နဲ့ကျွန်တော့်ကလေးတွေကိုသေဖို့ဆုတောင်းတဲ့စာပဲရောက်နေတယ်။ဒါတွေကသဘောကျစရာမရှိပါဘူး။အလုပ်လုပ်ဖို့သွားတယ်၊တစ်ယောက်ယောက်ကကိုယ့်ကိုကျိန်ဆဲနေတာသဘောကျစရာမရှိပါဘူး။ပြီးတော့ကိုယ့်ကိုကလပ်သမိုင်းမှာအဆိုးရွားဆုံးလူလို့လည်းအပြောခံရတယ်။ ‘အိုးဒါတွေကိုဂရုမစိုက်ဘူး’လို့ ပြောလို့ရတယ်။ဒါပေမဲ့ဒါလိုမျိုးပြောလိုက်ရင်လိမ်ရာကျပါလိမ့်မယ်။ဘာလို့လဲဆိုတော့လူတိုင်းလူမှုဆက်သွယ်မှုရှိနေလေတော့ဒါကိုလူတိုင်းဂရုစိုက်ပါတယ်။ပြီးတော့ကျွန်တော်ဒီမှာအောင်မြင်မှုရချင်တယ်။ဒီတော့ဒါကိုဂရုစိုက်မနေလို့မရပါဘူး။ကျွန်တော့်အတွက်ကျွန်တော့်မိသားစုတွေဘယ်လိုနေထိုင်ရသလဲဆိုတာသွားမေးကြည့်လိုက်ပါ။ဘာမှသဘောကျစရာမရှိပါဘူး။ပရိသတ်တွေရဲ့ခံစားချက်ကိုလည်းနားလည်ပါတယ်။အသင်းကနိုင်ပွဲမရတော့သူတို့လည်းစိတ်ပျက်နေကြတယ်။ဒါပေမဲ့ကျွန်တော့်ဘဝရဲ့နောက်ဆုံး၃၊၄လတာကာလမှာဒီလိုအတွေ့အကြုံအတွက်တကယ်ပဲ ကျေးဇူးတင်တယ်။တကယ့်ကိုကြီးမားတဲ့စိန်ခေါ်မှုလို့လည်းပြောလို့ရတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဂရေဟမ်ပေါ်တာက “တကယ်လို့များပြဿနာတစ်ခုခုရှိရင်otterbastard@gmail.comသို့အီးမေးလ်ပို့နိုင်ပါတယ်”လို့ဟာသနှောပြောကြားသွားခဲ့ပါသေးတယ်။

ချဲလ်ဆီးဟာအွန်လိုင်းတွင်တိုက်ခိုက်မှုများနှင့်ကြုံနေရတဲ့နည်းပြဂရေဟမ်ပေါ်တာကိုအပြည့်အဝထောက်ခံအားပေးနေပါတယ်။

၎င်းတို့ဟာရလဒ်ဆိုးရွားနေပေမဲ့လည်းဂရေဟမ်ပေါ်တာကိုထုတ်ပယ်သွားဦးမှာမဟုတ်ဘဲ ဆက်လက်လက်တွဲသွားပါဦးမယ်။

ချဲလ်ဆီးဟာဇန်နဝါရီတုန်းကကစားသမားသစ်၈ဦးကိုပေါင်၂၈၆.၈သန်းအသုံးပြုကာခေါ်ယူအားဖြည့်ခဲ့ပေမဲ့လည်းနောက်ဆုံး၄ပွဲတွင်ရဂိုး၁ဂိုးတည်းသာရှိပါတယ်။

ZawGyi

ဆိုး႐ြားတဲ့ ရလဒ္မ်ားေၾကာင့္ မိသားစုႏွင့္ သူ႔စိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာေနေၾကာင္း ဂေရဟမ္ေပၚတာ ဖြင့္ဟလာ

ဂေရဟမ္ေပၚတာကခ်ဲလ္ဆီးအသင္းရလဒ္ဆိုး႐ြားေနမႈေၾကာင့္သူႏွင့္သူ႔မိသားစုမ်ားကိုလူမ်ားကေသေစလိုေၾကာင္းဆုေတာင္းျခင္းခံေနရေၾကာင္းဖြင့္ဟလာပါတယ္။

စပါးစ္ႏွင့္ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲတြင္ခ်ဲလ္ဆီးနည္းျပကသူ႔ကိုအီးေမးလ္မ်ားပို႔ကာအြန္လိုင္းတိုက္ခိုက္မႈခံေနရေၾကာင္းဖြင့္ဟလာတာျဖစ္ပါတယ္။

အမွတ္ေပးဇယားအဆင့္၁၀ေနရာတြင္ရပ္တည္ေနတဲ့ခ်ဲလ္ဆီးဟာတနဂၤေႏြေန႔တြင္လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ကိုအေဝးကြင္းသိ့သြားေရာက္ရင္ဆိုင္ရပါမယ္။ခ်ဲလ္ဆီးဟာေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ ၁၄ပြဲတြင္၂ပြဲတည္းသာအႏိုင္ရထားပါတယ္။

ဂေရဟမ္ေပၚတာက “ကြၽန္ေတာ့္ဆီကိုေကာင္းမြန္အီးေမးလ္ေတြမေရာက္လာပါဘူး။ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ကေလးေတြကိုေသဖို႔ဆုေတာင္းတဲ့စာပဲေရာက္ေနတယ္။ဒါေတြကသေဘာက်စရာမရွိပါဘူး။အလုပ္လုပ္ဖို႔သြားတယ္၊တစ္ေယာက္ေယာက္ကကိုယ့္ကိုက်ိန္ဆဲေနတာသေဘာက်စရာမရွိပါဘူး။ၿပီးေတာ့ကိုယ့္ကိုကလပ္သမိုင္းမွာအဆိုး႐ြားဆုံးလူလို႔လည္းအေျပာခံရတယ္။ ‘အိုးဒါေတြကိုဂ႐ုမစိုက္ဘူး’လို႔ ေျပာလို႔ရတယ္။ဒါေပမဲ့ဒါလိုမ်ိဳးေျပာလိုက္ရင္လိမ္ရာက်ပါလိမ့္မယ္။ဘာလို႔လဲဆိုေတာ့လူတိုင္းလူမႈဆက္သြယ္မႈရွိေနေလေတာ့ဒါကိုလူတိုင္းဂ႐ုစိုက္ပါတယ္။ၿပီးေတာ့ကြၽန္ေတာ္ဒီမွာေအာင္ျမင္မႈရခ်င္တယ္။ဒီေတာ့ဒါကိုဂ႐ုစိုက္မေနလို႔မရပါဘူး။ကြၽန္ေတာ့္အတြက္ကြၽန္ေတာ့္မိသားစုေတြဘယ္လိုေနထိုင္ရသလဲဆိုတာသြားေမးၾကည့္လိုက္ပါ။ဘာမွသေဘာက်စရာမရွိပါဘူး။ပရိသတ္ေတြရဲ႕ခံစားခ်က္ကိုလည္းနားလည္ပါတယ္။အသင္းကႏိုင္ပြဲမရေတာ့သူတို႔လည္းစိတ္ပ်က္ေနၾကတယ္။ဒါေပမဲ့ကြၽန္ေတာ့္ဘဝရဲ႕ေနာက္ဆုံး၃၊၄လတာကာလမွာဒီလိုအေတြ႕အႀကဳံအတြက္တကယ္ပဲ ေက်းဇူးတင္တယ္။တကယ့္ကိုႀကီးမားတဲ့စိန္ေခၚမႈလို႔လည္းေျပာလို႔ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂေရဟမ္ေပၚတာက “တကယ္လို႔မ်ားျပႆနာတစ္ခုခုရွိရင္otterbastard@gmail.comသို႔အီးေမးလ္ပို႔ႏိုင္ပါတယ္”လို႔ဟာသေႏွာေျပာၾကားသြားခဲ့ပါေသးတယ္။

ခ်ဲလ္ဆီးဟာအြန္လိုင္းတြင္တိုက္ခိုက္မႈမ်ားႏွင့္ႀကဳံေနရတဲ့နည္းျပဂေရဟမ္ေပၚတာကိုအျပည့္အဝေထာက္ခံအားေပးေနပါတယ္။

၎တို႔ဟာရလဒ္ဆိုး႐ြားေနေပမဲ့လည္းဂေရဟမ္ေပၚတာကိုထုတ္ပယ္သြားဦးမွာမဟုတ္ဘဲ ဆက္လက္လက္တြဲသြားပါဦးမယ္။

ခ်ဲလ္ဆီးဟာဇန္နဝါရီတုန္းကကစားသမားသစ္၈ဦးကိုေပါင္၂၈၆.၈သန္းအသုံးျပဳကာေခၚယူအားျဖည့္ခဲ့ေပမဲ့လည္းေနာက္ဆုံး၄ပြဲတြင္ရဂိုး၁ဂိုးတည္းသာရွိပါတယ္။