ဆိုးရွားနေတဲ့ ခံစစ်အား ပြင်ဆင်ရန် အလုပ်တစ်ခုပေးရန် အာတီတာကို ဂန္ထဝင်နောက်ခံလူ တောင်းဆို

ဆိုးလ်ကမ်းဘဲလ်က၎င်းအားအာဆင်နယ်နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ကာဆိုးရွားနေတဲ့ခံစစ်အားပြင်ဆင်ရန်အခွင့်အရေးပေးရန် အာဆင်နယ်နည်းပြမီခေးလ်အာတီတာအားတောင်းဆိုလိုက်ပါတယ်။

အာဆင်နယ်ဂန္ထဝင်နောက်ခံလူဆိုးလ်ကမ်းဘဲလ်ဟာလွန်ခဲ့တဲ့၁၇နှစ်တုန်းကအာဆင်နယ်အသင်းနောက်ဆုံးပရီးမီးယားလိဂ်ဖလားရရှိစဉ်ကအသင်းကိုဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆိုးလ်ကမ်းဘဲလ်ဟာဘရန့်ဖို့ဒ်၊ချဲလ်ဆီးတို့အားရှုံးနိမ့်တဲ့ပွဲစဉ်မှအာဆင်နယ်ရဲ့ခံစစ်ဆိုးရွားမှုများကိုမြင်တွေ့ရပြီးနောက်အာတီတာရဲ့နည်းပြအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ကာခံစစ်အားပြန်လည်ပြုပြင်ပေးလိုစိတ်မြင့်မားနေပါတယ်။

ဆိုးလ်ကမ်းဘဲလ်က “အခုလိုအခြေအနေမျိုးနဲ့အာဆင်နယ်ကိုကြည့်ရတာအရမ်းခက်ခဲလှပါတယ်။ငွေတွေအများကြီးသုံးခဲ့တယ်။အခုအင်္ဂလန်မှာငွေအများဆုံးသုံးတဲ့အသင်းဖြစ်ပါတယ်။ဒါပေမယ့်အရည်အသွေး၊ဟန်ချက်ညီမှု၊အတွေ့အကြုံနဲ့ဆိုင်ပါတယ်။၊အလားအလာကောင်းတွေကိုအမြဲကြည့်ပါတယ်။အလားအလာကောင်းတာကောင်းပါတယ်။ဒါပေမယ့်အောင်မြင်မှုအာမခံချက်ရှိဖို့လုပ်ရတာရှိပါတယ်။ဒီအသင်းကအရမ်းငယ်ရွယ်ပါတယ်။ဒါကိုသတိရဖို့လိုပါတယ်။အတွေ့အကြုံနည်းတယ်။ဒါကတကယ့်ကိုအခြေခံကျတယ်။အခြေခံကျတာတွေကိုတချို့ကစားသမးတွေလုပ်ဖို့လိုတယ်။ရှုံးတယ်။ဒါပေမယ့်ဂိုးတွေအလွယ်တကူပေးရတာဆိုးတယ်။ခံစစ်သမားအချို့တွေအပြန်အလှန်အကူအညီမပေးမှု၊အန္တရာယ်ကိုမတားဆီးမှုကဆိုးနေပါတယ်။ပထမဂိုးကခြောက်ကိုက်ထဲသို့အလွယ်တကူလေးပေးလိုက်တာ။နောက်မှာစုပြီးခုခံလိုက်ရုံလေးပါ။စောင့်နေစရာမလိုပါဘူး။ A ၊ B ၊ C ခံစစ်ကစားတာပါ။ဂိုးတွေလွယ်လွယ်ရှင်းရှင်းလေး ပေးလိုက်ရတာဆိုးတယ်။ကျူပ်ကိုအလုပ်တစ်ခုပေးစမ်းပါ။ကျူပ်ကူညီပေးမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆိုး႐ြားေနတဲ့ ခံစစ္အား ျပင္ဆင္ရန္ အလုပ္တစ္ခုေပးရန္ အာတီတာကို ဂႏၴဝင္ေနာက္ခံလူ ေတာင္းဆို

ဆိုးလ္ကမ္းဘဲလ္က၎အားအာဆင္နယ္နည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္ကာဆိုး႐ြားေနတဲ့ခံစစ္အားျပင္ဆင္ရန္အခြင့္အေရးေပးရန္ အာဆင္နယ္နည္းျပမီေခးလ္အာတီတာအားေတာင္းဆိုလိုက္ပါတယ္။

အာဆင္နယ္ဂႏၴဝင္ေနာက္ခံလူဆိုးလ္ကမ္းဘဲလ္ဟာလြန္ခဲ့တဲ့၁၇ႏွစ္တုန္းကအာဆင္နယ္အသင္းေနာက္ဆုံးပရီးမီးယားလိဂ္ဖလားရရွိစဥ္ကအသင္းကိုဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

ဆိုးလ္ကမ္းဘဲလ္ဟာဘရန႔္ဖို႔ဒ္၊ခ်ဲလ္ဆီးတို႔အားရႈံးနိမ့္တဲ့ပြဲစဥ္မွအာဆင္နယ္ရဲ႕ခံစစ္ဆိုး႐ြားမႈမ်ားကိုျမင္ေတြ႕ရၿပီးေနာက္အာတီတာရဲ႕နည္းျပအဖြဲ႕ဝင္အျဖစ္တာဝန္ထမ္းေဆာင္ကာခံစစ္အားျပန္လည္ျပဳျပင္ေပးလိုစိတ္ျမင့္မားေနပါတယ္။

ဆိုးလ္ကမ္းဘဲလ္က “အခုလိုအေျခအေနမ်ိဳးနဲ႔အာဆင္နယ္ကိုၾကည့္ရတာအရမ္းခက္ခဲလွပါတယ္။ေငြေတြအမ်ားႀကီးသုံးခဲ့တယ္။အခုအဂၤလန္မွာေငြအမ်ားဆုံးသုံးတဲ့အသင္းျဖစ္ပါတယ္။ဒါေပမယ့္အရည္အေသြး၊ဟန္ခ်က္ညီမႈ၊အေတြ႕အႀကဳံနဲ႔ဆိုင္ပါတယ္။၊အလားအလာေကာင္းေတြကိုအၿမဲၾကည့္ပါတယ္။အလားအလာေကာင္းတာေကာင္းပါတယ္။ဒါေပမယ့္ေအာင္ျမင္မႈအာမခံခ်က္ရွိဖို႔လုပ္ရတာရွိပါတယ္။ဒီအသင္းကအရမ္းငယ္႐ြယ္ပါတယ္။ဒါကိုသတိရဖို႔လိုပါတယ္။အေတြ႕အႀကဳံနည္းတယ္။ဒါကတကယ့္ကိုအေျခခံက်တယ္။အေျခခံက်တာေတြကိုတခ်ိဳ႕ကစားသမးေတြလုပ္ဖို႔လိုတယ္။ရႈံးတယ္။ဒါေပမယ့္ဂိုးေတြအလြယ္တကူေပးရတာဆိုးတယ္။ခံစစ္သမားအခ်ိဳ႕ေတြအျပန္အလွန္အကူအညီမေပးမႈ၊အႏၲရာယ္ကိုမတားဆီးမႈကဆိုးေနပါတယ္။ပထမဂိုးကေျခာက္ကိုက္ထဲသို႔အလြယ္တကူေလးေပးလိုက္တာ။ေနာက္မွာစုၿပီးခုခံလိုက္႐ုံေလးပါ။ေစာင့္ေနစရာမလိုပါဘူး။ A ၊ B ၊ C ခံစစ္ကစားတာပါ။ဂိုးေတြလြယ္လြယ္ရွင္းရွင္းေလး ေပးလိုက္ရတာဆိုးတယ္။က်ဴပ္ကိုအလုပ္တစ္ခုေပးစမ္းပါ။က်ဴပ္ကူညီေပးမယ္”လို႔ေျပာၾကားသြားပါတယ္။