ဆိုးရွားလွန်းလှတဲ့ မန်ချက်စတာလူနေမှုဘဝကို မန်စီးတီးစတားဂန်ဒိုဂန်ရဲ့ဇနီးသည်ဖွင့်ချလာ

မန်စီးတီးစတားအိုင်ကေးဂန်ဒိုဂန်ရဲ့ဇနီးသည်ဟာမန်ချက်စတာရှိဒေသခံစားသောက်ဆိုင်များရဲ့ဆိုးရွားလှမှုကိုဖွင့်ချဝေဖန်မှုပြုလုပ်လာပါတယ်။

အသက်၂၇နှစ်အီတလီသူဆာရာအာဖီဝီကမန်ချက်စတာတွင်လှည့်လည်စားသောက်ရန်စားသောက်ဆိုင်ကောင်းမရှိကြောင်းနှင့်အစားအသောက်များမှာအလွန်ဆိုးရွားလှကြောင်းဆိုသွားပါတယ်။

အာဖီဝီက “လန်ဒန်မှာတော့ရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့မန်ချက်စတာမှာတော့ဘာမှမရှိဘူး”လို့ဆိုသွားပါတယ်။

ဒါပေမဲ့အစားအသောက်ကျွမ်းကျင်သူများကတော့ ဂန်ဒိုဂန်ရဲ့ပြောကြားမှုအပေါ်စိတ်ပျက်ရကြောင်းနှင့်မန်ချက်စတာတွင်အစားအသောက်ကောင်းများစားသောက်နိုင်တဲ့နေရာများစွာရှိကြောင်းတုံ့ပြန်နေကြပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဟာအဆိုပါပြောဆိုမှုအတွက်ဆာရာကိုတိုက်ရိုက်ဆက်သွယ်ပြီးသူမရဲ့မှတ်ချက်ပြုမှုကိုပြန်လည်ရုတ်သိမ်းရန် ပြောဆိုသွားပါတယ်။

မန်ချက်စတာရှိသူမအကြိုက်ဆုံးစားသောက်ဆိုင်အမည်ကိုပြောကြားရန်မေးမြန်းလာမှုကိုလည်းသူမက “ဆောရီးပါ။စိတ်မကောင်းပါဘူး။ဒါပေမဲ့အရိုးသားဆုံးပြောရရင်မရှိပါဘူး။ကျွန်မလည်းဆိုင်ကောင်းတစ်ဆိုင်ရှာတာပဲ။ဒါပေမဲ့နေရာတိုင်းမှာအစားအသောက်တွေဆိုးရွားလှတယ်။စစ်မှန်တဲ့အီတာလျှံစားသောက်ဆိုင်(သို့မဟုတ်)ကောင်းမွန်တဲ့ဆူရီဆိုင်(သို့မဟုတ်)လတ်ဆန်တဲ့စားသောက်ဆိုင်ရဖို့ခက်တယ်။နေရာတိုင်းမှာအေးခဲနေတဲ့အစားအစာချည်းပဲ”လို့ဆိုသွားပါတယ်။

ဒါ့အပြင်သူမကစားသောက်ဆိုင်များမှာအစားအသောက်ရောင်းချပြီးငွေရှာဖို့ထက်အရက်ရောင်းပြီးငွေဖို့သာအဓိကပစ်မှတ်ထားနေကြကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ဆိုး႐ြားလြန္းလွတဲ့ မန္ခ်က္စတာလူေနမႈဘဝကို မန္စီးတီးစတားဂန္ဒိုဂန္ရဲ႕ဇနီးသည္ဖြင့္ခ်လာ

မန္စီးတီးစတားအိုင္ေကးဂန္ဒိုဂန္ရဲ႕ဇနီးသည္ဟာမန္ခ်က္စတာရွိေဒသခံစားေသာက္ဆိုင္မ်ားရဲ႕ဆိုး႐ြားလွမႈကိုဖြင့္ခ်ေဝဖန္မႈျပဳလုပ္လာပါတယ္။

အသက္၂၇ႏွစ္အီတလီသူဆာရာအာဖီဝီကမန္ခ်က္စတာတြင္လွည့္လည္စားေသာက္ရန္စားေသာက္ဆိုင္ေကာင္းမရွိေၾကာင္းႏွင့္အစားအေသာက္မ်ားမွာအလြန္ဆိုး႐ြားလွေၾကာင္းဆိုသြားပါတယ္။

အာဖီဝီက “လန္ဒန္မွာေတာ့ရွိေကာင္းရွိလိမ့္မယ္။ဒါေပမဲ့မန္ခ်က္စတာမွာေတာ့ဘာမွမရွိဘူး”လို႔ဆိုသြားပါတယ္။

ဒါေပမဲ့အစားအေသာက္ကြၽမ္းက်င္သူမ်ားကေတာ့ ဂန္ဒိုဂန္ရဲ႕ေျပာၾကားမႈအေပၚစိတ္ပ်က္ရေၾကာင္းႏွင့္မန္ခ်က္စတာတြင္အစားအေသာက္ေကာင္းမ်ားစားေသာက္ႏိုင္တဲ့ေနရာမ်ားစြာရွိေၾကာင္းတုံ႔ျပန္ေနၾကပါတယ္။

စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးဟာအဆိုပါေျပာဆိုမႈအတြက္ဆာရာကိုတိုက္႐ိုက္ဆက္သြယ္ၿပီးသူမရဲ႕မွတ္ခ်က္ျပဳမႈကိုျပန္လည္႐ုတ္သိမ္းရန္ ေျပာဆိုသြားပါတယ္။

မန္ခ်က္စတာရွိသူမအႀကိဳက္ဆုံးစားေသာက္ဆိုင္အမည္ကိုေျပာၾကားရန္ေမးျမန္းလာမႈကိုလည္းသူမက “ေဆာရီးပါ။စိတ္မေကာင္းပါဘူး။ဒါေပမဲ့အ႐ိုးသားဆုံးေျပာရရင္မရွိပါဘူး။ကြၽန္မလည္းဆိုင္ေကာင္းတစ္ဆိုင္ရွာတာပဲ။ဒါေပမဲ့ေနရာတိုင္းမွာအစားအေသာက္ေတြဆိုး႐ြားလွတယ္။စစ္မွန္တဲ့အီတာလွ်ံစားေသာက္ဆိုင္(သို႔မဟုတ္)ေကာင္းမြန္တဲ့ဆူရီဆိုင္(သို႔မဟုတ္)လတ္ဆန္တဲ့စားေသာက္ဆိုင္ရဖို႔ခက္တယ္။ေနရာတိုင္းမွာေအးခဲေနတဲ့အစားအစာခ်ည္းပဲ”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္သူမကစားေသာက္ဆိုင္မ်ားမွာအစားအေသာက္ေရာင္းခ်ၿပီးေငြရွာဖို႔ထက္အရက္ေရာင္းၿပီးေငြဖို႔သာအဓိကပစ္မွတ္ထားေနၾကေၾကာင္းလည္းဆိုသြားပါတယ္။