
အဲရစ်တန်ဟက်ဟာအငှားဖြင့်လာရောက်ကစားနေတဲ့တိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ရဲ့ဆိုးရွားလှတဲ့ခြေစွမ်းကြောင့်လိဒ်နှင့်ပြန်လည်ရင်ဆိုင်ရမဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်အရန်ခုံသို့ပို့ရန်စဉ်းစားနေပါတယ်။
ဝက်ဟော့စ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဘီဆစ်တပ်မှယူနိုက်တက်သို့ရောက်လာပြီးနောက်၇ပွဲကစားထားရာမှာတစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
သူဟာယူနိုက်တက်သို့ရောက်လာပြီးနောက်အရပ်အမောင်းမြင့်မားပေမဲ့လည်းပြိုင်ဘက်အသင်းကိုခေါင်းတိုက်ပြီးခြိမ်းခြောက်နိုင်ခြင်းမရှိသလိုဖန်တီးမှုလည်းတစ်ကြိမ်မျှပင်ပြုလုပ်ထားနိုင်ခြင်းမရှိပါဘူး။
အထူးသဖြင့်အသက်၃၀နှစ်ရှိတိုက်စစ်မှူးရဲ့ကြားရက်တုန်းကလိဒ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှခြေစွမ်းမှာအလွန်ဆိုးရွားလှပါတယ်။
သူဟာပြိုင်ဘက်အသင်းပင်နယ်တီဧရိယာအတွင်းတွင်ဘောလုံးတစ်ကြိမ်တည်းသာထိတဲ့အထိဆိုးရွားခဲ့ပါတယ်။
ဒါကြောင့်လည်းဘန်လေအသင်းဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီတုန်းကပေါင်၁၂သန်းသုံးပြီးခေါ်ယူခဲ့တဲ့အရပ်၆ပေ၊၆လက်မရှိဝက်ဟော့စ်ကိုအားမကိုးလာတာလို့ယူဆရပါတယ်။
သူဟာဘန်လေအတွက်ပွဲ၂၀ကစားခဲ့ရာမှာ၂ဂိုးတည်းသာသွင်းနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာဘီဆစ်တပ်တွင်အငှားဖြင့်ကစားစဉ်မှာတော့လိဂ်ပွဲ၁၆ပွဲကစားခဲ့ရာမှာ၈ဂိုးအထိသွင်းထားနိုင်တာကြောင့်ယူနိုက်တက်ရဲ့မျက်စိကျခြင်းခံလာခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့သူဟာယူနိုက်တက်သို့ရောက်လာချိန်တွင်တစ်ပွဲပျမ်းမျှကန်ချက် ၁.၅ကြိမ်၊တစ်ပွဲပျမ်းမျှပြိုင်ဘက်ဧရိယာအတွင်းဘောလုံးထိမှု၄ကြိမ်၊ခေါင်းယှဉ်တိုက်မှုအကြိမ်၂၀တွင်၉ကြိမ်သာအနိုင်ရတဲ့အထိခြေစွမ်းဆိုးနေပါတယ်။
ZawGyi
ဆိုး႐ြားလွတဲ့ေျခစြမ္းေၾကာင့္ ေနရာေပ်ာက္ဖို႔ ရွိေနတဲ့ ယူႏိုက္တက္ရဲ႕အငွားတိုက္စစ္မႉး
အဲရစ္တန္ဟက္ဟာအငွားျဖင့္လာေရာက္ကစားေနတဲ့တိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္ရဲ႕ဆိုး႐ြားလွတဲ့ေျခစြမ္းေၾကာင့္လိဒ္ႏွင့္ျပန္လည္ရင္ဆိုင္ရမဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္အရန္ခုံသို႔ပို႔ရန္စဥ္းစားေနပါတယ္။
ဝက္ေဟာ့စ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘီဆစ္တပ္မွယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္၇ပြဲကစားထားရာမွာတစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။
သူဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္အရပ္အေမာင္းျမင့္မားေပမဲ့လည္းၿပိဳင္ဘက္အသင္းကိုေခါင္းတိုက္ၿပီးၿခိမ္းေျခာက္ႏိုင္ျခင္းမရွိသလိုဖန္တီးမႈလည္းတစ္ႀကိမ္မွ်ပင္ျပဳလုပ္ထားႏိုင္ျခင္းမရွိပါဘူး။
အထူးသျဖင့္အသက္၃၀ႏွစ္ရွိတိုက္စစ္မႉးရဲ႕ၾကားရက္တုန္းကလိဒ္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွေျခစြမ္းမွာအလြန္ဆိုး႐ြားလွပါတယ္။
သူဟာၿပိဳင္ဘက္အသင္းပင္နယ္တီဧရိယာအတြင္းတြင္ေဘာလုံးတစ္ႀကိမ္တည္းသာထိတဲ့အထိဆိုး႐ြားခဲ့ပါတယ္။
ဒါေၾကာင့္လည္းဘန္ေလအသင္းဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီတုန္းကေပါင္၁၂သန္းသုံးၿပီးေခၚယူခဲ့တဲ့အရပ္၆ေပ၊၆လက္မရွိဝက္ေဟာ့စ္ကိုအားမကိုးလာတာလို႔ယူဆရပါတယ္။
သူဟာဘန္ေလအတြက္ပြဲ၂၀ကစားခဲ့ရာမွာ၂ဂိုးတည္းသာသြင္းႏိုင္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာဘီဆစ္တပ္တြင္အငွားျဖင့္ကစားစဥ္မွာေတာ့လိဂ္ပြဲ၁၆ပြဲကစားခဲ့ရာမွာ၈ဂိုးအထိသြင္းထားႏိုင္တာေၾကာင့္ယူႏိုက္တက္ရဲ႕မ်က္စိက်ျခင္းခံလာခဲ့ရတာျဖစ္ပါတယ္။
ဒါေပမဲ့သူဟာယူႏိုက္တက္သို႔ေရာက္လာခ်ိန္တြင္တစ္ပြဲပ်မ္းမွ်ကန္ခ်က္ ၁.၅ႀကိမ္၊တစ္ပြဲပ်မ္းမွ်ၿပိဳင္ဘက္ဧရိယာအတြင္းေဘာလုံးထိမႈ၄ႀကိမ္၊ေခါင္းယွဥ္တိုက္မႈအႀကိမ္၂၀တြင္၉ႀကိမ္သာအႏိုင္ရတဲ့အထိေျခစြမ္းဆိုးေနပါတယ္။