ဆိုးလ်ရှားကို စကားလုံးဝမပြောတော့ဘဲ ဥပက္ခာပြုလိုက်ပြီဆိုတဲ့သတင်းကို ပေါ့ဘာတုံ့ပြန်လာ

ပေါလ်ပေါ့ဘာဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် နည်းပြအိုလီဂန်းနားဆိုးလ်ရှားနှင့်စကားမပြောတော့ဘဲဥပက္ခာပြုလိုက်ပြီဆိုတဲ့သတင်းကိုဒေါသတကြီးငြင်းဆိုလာပါတယ်။

ပေါ့ဘာဟာလီဗာပူးနှင့်ပွဲတွင်ပွဲထွက်လူစာရင်းမှာချန်လှပ်ခြင်းခံခဲ့ရပြီးဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ပေါ့ဘာဟာလူစားဝင်လာပြီးနောက်အမှားပြုလုပ်ခဲ့ပြီးလီဗာပူးတို့ပဥ္စမဂိုးရခဲ့သလိုမိနစ်အငယ်အကြာတွင်ကီတာကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပေါလ်ပေါ့ဘာဟာလီဗာပူးနှင့်ပွဲစဉ်မှအမှားများအတွက်မန်ယူကစားဖော်များကိုတောင်းပန်ခဲ့သော်လည်းဆိုးလ်ရှားကိုမူတောင်းပန်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ဒါ့အပြင်ပေါ့ဘာဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကိုလည်းရပ်ဆိုင်းလိုက်ကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်ပေါ့ဘာက “သတင်းစာတွေဟာ၁၀၀ရာခိုင်နှုန်းမှားနေတဲ့သတင်းမှားကိုထပ်ပြီးတော့ဖန်တီးချင်လာကြပြန်ပါတယ်။အလိမ်အညာကိုခေါင်းစည်းတင်လာကြပြန်ပြီ”လို့ပြောကြားသွားပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

ZawGyi

ဆိုးလ္ရွားကို စကားလုံးဝမေျပာေတာ့ဘဲ ဥပကၡာျပဳလိုက္ၿပီဆိုတဲ့သတင္းကို ေပါ့ဘာတုံ႔ျပန္လာ

ေပါလ္ေပါ့ဘာဟာတနဂၤေႏြေန႔တုန္းကလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ နည္းျပအိုလီဂန္းနားဆိုးလ္ရွားႏွင့္စကားမေျပာေတာ့ဘဲဥပကၡာျပဳလိုက္ၿပီဆိုတဲ့သတင္းကိုေဒါသတႀကီးျငင္းဆိုလာပါတယ္။

ေပါ့ဘာဟာလီဗာပူးႏွင့္ပြဲတြင္ပြဲထြက္လူစာရင္းမွာခ်န္လွပ္ျခင္းခံခဲ့ရၿပီးဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့ပါတယ္။ေပါ့ဘာဟာလူစားဝင္လာၿပီးေနာက္အမွားျပဳလုပ္ခဲ့ၿပီးလီဗာပူးတို႔ပၪၥမဂိုးရခဲ့သလိုမိနစ္အငယ္အၾကာတြင္ကီတာကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ေပါလ္ေပါ့ဘာဟာလီဗာပူးႏွင့္ပြဲစဥ္မွအမွားမ်ားအတြက္မန္ယူကစားေဖာ္မ်ားကိုေတာင္းပန္ခဲ့ေသာ္လည္းဆိုးလ္ရွားကိုမူေတာင္းပန္ခဲ့ျခင္းမရွိေၾကာင္းသိရပါတယ္။ဒါ့အျပင္ေပါ့ဘာဟာမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈကိုလည္းရပ္ဆိုင္းလိုက္ေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္ေပါ့ဘာက “သတင္းစာေတြဟာ၁၀၀ရာခိုင္ႏႈန္းမွားေနတဲ့သတင္းမွားကိုထပ္ၿပီးေတာ့ဖန္တီးခ်င္လာၾကျပန္ပါတယ္။အလိမ္အညာကိုေခါင္းစည္းတင္လာၾကျပန္ၿပီ”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။