ဆိုးလ်ရှားကို ထုတ်ပယ်ပါက နစ်နာကြေးပေါင်၇.၅သန်းပေးရမယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်ဟာအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ပါကနစ်နာကြေးပေါင်၇.၅သန်းအထိပေးရမှာဖြစ်ကြောင်းသိရပါတယ်။

မန်ယူဘုတ်အဖွဲ့ဝင်များဟာမနေ့ညတုန်းကဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်အရေးပေါ်အစည်းအဝေးဆင့်ခေါ်ခဲ့ပြီးဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်၇ပွဲမှာ၅ဂိုးအထိရှုံးနိမ့်ထားပြီးအဓိကပြိုင်ဘက်များဖြစ်တဲ့လီဗာပူးနှင့်မန်စီးတီးတို့ကိုလည်းရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်လည်းဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရေးအတွက်တောင်းဆိုမှုမှာကလပ်အပြင်ဘက်မှာသာမကကလပ်အပြင်ဘက်မှာလည်းပိုမိုကျယ်လောင်လာခဲ့ပါတယ်။

ဆိုးလ်ရှားဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းကမှမန်ယူနှင့်၃နှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီးယခုအချိန်တွင်ထုတ်ပယ်လိုက်ပါကနစ်နာကြေးအဖြစ်တစ်နှစ်စာလုပ်ခရရှိပါမယ်။

ဆိုးလ်ရှားဟာမန်ယူတွင်တစ်နှစ်လုပ်ခပေါင်၇.၅သန်းရရှိနေသူဖြစ်ပြီးပရီးမီးယားလိဂ်တွင်ပဥ္စမလုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ZawGyi

ဆိုးလ္ရွားကို ထုတ္ပယ္ပါက နစ္နာေၾကးေပါင္၇.၅သန္းေပးရမယ့္ မန္ယူ

မန္ခ်က္စတာယူႏိုက္တက္ဟာအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ပါကနစ္နာေၾကးေပါင္၇.၅သန္းအထိေပးရမွာျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာမေန႔ညတုန္းကဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္အေရးေပၚအစည္းအေဝးဆင့္ေခၚခဲ့ၿပီးဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာေနာက္ဆုံးပရီးမီးယားလိဂ္၇ပြဲမွာ၅ဂိုးအထိရႈံးနိမ့္ထားၿပီးအဓိကၿပိဳင္ဘက္မ်ားျဖစ္တဲ့လီဗာပူးႏွင့္မန္စီးတီးတို႔ကိုလည္းရႈံးနိမ့္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဆိုးလ္ရွားအားရာထူးမွထုတ္ပယ္ေရးအတြက္ေတာင္းဆိုမႈမွာကလပ္အျပင္ဘက္မွာသာမကကလပ္အျပင္ဘက္မွာလည္းပိုမိုက်ယ္ေလာင္လာခဲ့ပါတယ္။

ဆိုးလ္ရွားဟာၿပီးခဲ့တဲ့ဇူလိုင္လတုန္းကမွမန္ယူႏွင့္၃ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီးယခုအခ်ိန္တြင္ထုတ္ပယ္လိုက္ပါကနစ္နာေၾကးအျဖစ္တစ္ႏွစ္စာလုပ္ခရရွိပါမယ္။

ဆိုးလ္ရွားဟာမန္ယူတြင္တစ္ႏွစ္လုပ္ခေပါင္၇.၅သန္းရရွိေနသူျဖစ္ၿပီးပရီးမီးယားလိဂ္တြင္ပၪၥမလုပ္ခအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။