ဆိုးလ်ရှားကို လှောင်တဲ့ ယူနိုက်တက်ပရိသတ်များကို ဘရူနိုဖာနန်ဒက်စ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ?

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာမနေ့ညတုန်းက Vicarage Road တွင်ဝက်ဖို့ဒ်အား၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်အိုလီဂန်းနားဆိုးလ်ရှားအားလှောင်ပြောင်တဲ့ယူနိုက်တက်ပရိသတ်များအား နည်းပြတွင်အမှားတစ်စုံတစ်ရာမရှိဘဲကစားသမားများတွင်သာအပြစ်ရှိကြောင်းဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

ဝက်ဖို့ဒ်အား၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာဆိုးလ်ရှားဟာသူ့ရဲ့အဝေးကွင်းပရိသတ်များထံသို့သွားရောက်နှုတ်ဆက်စဉ်လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။ဆိုးလ်ရှားဟာဝက်ဖို့ဒ်အရှုံးအတွက်လက်မြှောက်ကာပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ယူနိုက်တက်ပရိသတ်များကဆိုးလ်ရှားကိုဆက်လက်လှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။အနီးတွင်ရှိတဲ့ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ပရိသတ်များကိုလက်ညှိးထိုးကာနည်းပြဆိုးလ်ရှားရဲ့အမှားကြောင့်ရှုံးနိမ့်တာဖြစ်ပြီးကွင်းအတွင်းရှိကစားသမားများရဲ့အသုံးမကျမှုကြောင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းကို ဒေါသတကြီးလက်ဟန်ခြေဟန်ပြကာတုံ့ပြန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာဝက်ဖို့ဒ်အားရှုံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်၇ပွဲတွင်၅ပွဲမြောက်အရှုံးနှင့်ရင်ဆိုင်ရကာအိုလီဂန်းနားဆိုးလ်ရှားမှာလည်းထုတ်ပယ်ခံရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ဟာစနေနေ့ညနေပိုင်းတုန်းကအရေးပေါ်အစည်းအဝေးပြုလုပ်ပြီးအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်နည်းပြသစ်ဖြစ်လာရန်ဘရန်ဒန်ရော်ဂျာ၊ဇီဒန်းနှင့်အဲရစ်တင်ဟက်တို့ကရေပန်းစားနေပါတယ်။

ZawGyi

ဆိုးလ္ရွားကို ေလွာင္တဲ့ ယူႏိုက္တက္ပရိသတ္မ်ားကို ဘ႐ူႏိုဖာနန္ဒက္စ္ ဘယ္လိုတုံ႔ျပန္ခဲ့သလဲ?

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္ဟာမေန႔ညတုန္းက Vicarage Road တြင္ဝက္ဖို႔ဒ္အား၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္အိုလီဂန္းနားဆိုးလ္ရွားအားေလွာင္ေျပာင္တဲ့ယူႏိုက္တက္ပရိသတ္မ်ားအား နည္းျပတြင္အမွားတစ္စုံတစ္ရာမရွိဘဲကစားသမားမ်ားတြင္သာအျပစ္ရွိေၾကာင္းေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။

ဝက္ဖို႔ဒ္အား၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးမွာဆိုးလ္ရွားဟာသူ႔ရဲ႕အေဝးကြင္းပရိသတ္မ်ားထံသို႔သြားေရာက္ႏႈတ္ဆက္စဥ္ေလွာင္ေျပာင္ျခင္းခံခဲ့ရပါတယ္။ဆိုးလ္ရွားဟာဝက္ဖို႔ဒ္အရႈံးအတြက္လက္ေျမႇာက္ကာပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ယူႏိုက္တက္ပရိသတ္မ်ားကဆိုးလ္ရွားကိုဆက္လက္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။အနီးတြင္ရွိတဲ့ဘ႐ူႏိုဖာနန္ဒက္စ္က ယူႏိုက္တက္ပရိသတ္မ်ားကိုလက္ညႇိးထိုးကာနည္းျပဆိုးလ္ရွားရဲ႕အမွားေၾကာင့္ရႈံးနိမ့္တာျဖစ္ၿပီးကြင္းအတြင္းရွိကစားသမားမ်ားရဲ႕အသုံးမက်မႈေၾကာင့္ရႈံးနိမ့္ခဲ့ျခင္းျဖစ္ေၾကာင္းကို ေဒါသတႀကီးလက္ဟန္ေျခဟန္ျပကာတုံ႔ျပန္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာဝက္ဖို႔ဒ္အားရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံးပရီးမီးယားလိဂ္၇ပြဲတြင္၅ပြဲေျမာက္အရႈံးႏွင့္ရင္ဆိုင္ရကာအိုလီဂန္းနားဆိုးလ္ရွားမွာလည္းထုတ္ပယ္ခံရေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ဘုတ္အဖြဲ႕ဟာစေနေန႔ညေနပိုင္းတုန္းကအေရးေပၚအစည္းအေဝးျပဳလုပ္ၿပီးအိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ရန္ဆုံးျဖတ္လိုက္ၾကၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္နည္းျပသစ္ျဖစ္လာရန္ဘရန္ဒန္ေရာ္ဂ်ာ၊ဇီဒန္းႏွင့္အဲရစ္တင္ဟက္တို႔ကေရပန္းစားေနပါတယ္။