ဆိုးလ်ရှားကို အိုးထရက်ဖို့ဒ်မှ လွှင့်စင်သွားစေဖို့ ရှိနေတဲ့ မန်ယူလာမယ့်ပွဲကျပ် ၈ ပွဲ

မန်ယူဟာလာမည့်ပွဲ၈ပွဲဆက်တိုက်အားပွဲကျပ်များရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်း၈ပွဲအတွင်းတွင် အိုလီဂန်းနားဆိုးလ်ရှားမှာမန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရနိုင်တဲ့အထိ အခြေအနေဆိုးရွားလာစေနိုင်ပါတယ်။

မန်ယူဟာလာမယ့်ပွဲ၈ပွဲတွင်ပရီးမီးယားလိဂ်ထိပ်ဆုံးနှစ်သင်းနှင့်ရင်ဆိုင်ရမယ့်အပြင်ချန်ပီယံလိဂ်တွင်လည်းမဖြစ်မနေအနိုင်ယူရမယ့်ပွဲများရင်ဆိုင်ကစားရပါမယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာနောက်ဆုံးလေးပွဲတွင်သုံးပွဲရှုံးနိမ့်ထားမှုနဲ့ဖိအားများနှင့်ရင်ဆိုင်နေရပြီးအနာဂတ်မရေမရာဖြစ်နေသူဖြစ်ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုကိုပြန်လည်ခေါ်ယူနိုင်ပြီးနောက်ရာသီအစအဖွင့်လှပခဲ့ပေမယ့်လည်းနောက်ဆုံးလေးပွဲတွင်တစ်ပွဲတည်းသာနိုင်ထားပြီးဝက်စ်ဟမ်း၊ယန်းဘွိုင်းစ်နှင့်ဗီလာတို့ကိုရှုံးနိမ့်ထားကာခါရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာထားရပြီးဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင်ရှုံးပွဲကြုံထားတဲ့ဆိုးလ်ရှားရဲ့မန်ယူဟာယနေ့ညတွင်မေလတုန်းကယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ခဲ့ဖူးတဲ့ဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်ကစားရပါမယ်။

မန်ယူဟာယင်းပွဲအပြီးမှာအဲဗာတန်ကိုရင်ဆိုင်ရပါမယ်။ယင်းနောက်ပိုင်းတွင်မန်ယူဟာလက်စတာ(အဝေး)၊အတ္တလန္တာ(အိမ်)၊လီဗာပူး(အိမ်)၊စပါးစ်(အဝေး)၊အတ္တလန္တာ(အဝေး)၊မန်စီးတီး(အိမ်)တို့ကိုဆက်တိုက်ရင်ဆိုင်ရပါမယ်။

ဒါကြောင့်လာမယ့်မန်ယူရဲ့လာမယ့်ပွဲ၈ပွဲမှာကလပ်ရဲ့ယခုရာသီအလားအလာကိုဆုံးဖြတ်ပေးလာမယ့်ပွဲများဖြစ်နေတဲ့အပြင်ဆိုးလ်ရှားရဲ့အနာဂတ်ကိုလည်းအဆုံးအဖြတ်ပေးလာဖို့ရှိနေပါတယ်။

ZawGyi

ဆိုးလ္ရွားကို အိုးထရက္ဖို႔ဒ္မွ လႊင့္စင္သြားေစဖို႔ ရွိေနတဲ့ မန္ယူလာမယ့္ပြဲက်ပ္ ၈ ပြဲ

မန္ယူဟာလာမည့္ပြဲ၈ပြဲဆက္တိုက္အားပြဲက်ပ္မ်ားရင္ဆိုင္ကစားရမွာျဖစ္ၿပီးယင္း၈ပြဲအတြင္းတြင္ အိုလီဂန္းနားဆိုးလ္ရွားမွာမန္ယူနည္းျပရာထူးမွထုတ္ပယ္ခံရႏိုင္တဲ့အထိ အေျခအေနဆိုး႐ြားလာေစႏိုင္ပါတယ္။

မန္ယူဟာလာမယ့္ပြဲ၈ပြဲတြင္ပရီးမီးယားလိဂ္ထိပ္ဆုံးႏွစ္သင္းႏွင့္ရင္ဆိုင္ရမယ့္အျပင္ခ်န္ပီယံလိဂ္တြင္လည္းမျဖစ္မေနအႏိုင္ယူရမယ့္ပြဲမ်ားရင္ဆိုင္ကစားရပါမယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာေနာက္ဆုံးေလးပြဲတြင္သုံးပြဲရႈံးနိမ့္ထားမႈနဲ႔ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရၿပီးအနာဂတ္မေရမရာျဖစ္ေနသူျဖစ္ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုျပန္လည္ေခၚယူႏိုင္ၿပီးေနာက္ရာသီအစအဖြင့္လွပခဲ့ေပမယ့္လည္းေနာက္ဆုံးေလးပြဲတြင္တစ္ပြဲတည္းသာႏိုင္ထားၿပီးဝက္စ္ဟမ္း၊ယန္းဘြိဳင္းစ္ႏွင့္ဗီလာတို႔ကိုရႈံးနိမ့္ထားကာခါရာေဘာင္ဖလားၿပိဳင္ပြဲမွထြက္ခြာထားရၿပီးျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲတြင္ရႈံးပြဲႀကဳံထားတဲ့ဆိုးလ္ရွားရဲ႕မန္ယူဟာယေန႔ညတြင္ေမလတုန္းကယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ခဲ့ဖူးတဲ့ဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲစဥ္ကစားရပါမယ္။

မန္ယူဟာယင္းပြဲအၿပီးမွာအဲဗာတန္ကိုရင္ဆိုင္ရပါမယ္။ယင္းေနာက္ပိုင္းတြင္မန္ယူဟာလက္စတာ(အေဝး)၊အတၱလႏၲာ(အိမ္)၊လီဗာပူး(အိမ္)၊စပါးစ္(အေဝး)၊အတၱလႏၲာ(အေဝး)၊မန္စီးတီး(အိမ္)တို႔ကိုဆက္တိုက္ရင္ဆိုင္ရပါမယ္။

ဒါေၾကာင့္လာမယ့္မန္ယူရဲ႕လာမယ့္ပြဲ၈ပြဲမွာကလပ္ရဲ႕ယခုရာသီအလားအလာကိုဆုံးျဖတ္ေပးလာမယ့္ပြဲမ်ားျဖစ္ေနတဲ့အျပင္ဆိုးလ္ရွားရဲ႕အနာဂတ္ကိုလည္းအဆုံးအျဖတ္ေပးလာဖို႔ရွိေနပါတယ္။