ဆိုးလ်ရှားက အခွင့်အရေးတစ်စုံတစ်ရာပေးခဲ့ခြင်းမရှိကြောင်း လင်ဂတ်ဝေဖန်

ဂျက်စီလင်ဂတ်ကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားမှာ၎င်းကိုအခွင့်အရေးတစ်စုံတစ်ရာပေးခဲ့ခြင်းမရှိကြောင်း တိုက်ခိုက်ပြောကြားလိုက်ပါတယ်။

ဝက်စ်ဟမ်းတွင်အငှားဖြင့်လာရောက်ကစားနေတဲ့လင်ဂတ်ဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလမှ၂၀၂၁ခုနှစ်ဇန်နဝါရီလအတွင်းတွင်ပြိုင်ပွဲအရပ်ရပ်တွင်ငါးဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာယခုရာသီတွင်ကာရာဘောင်းပွဲနှစ်ပွဲနှင့်အက်ဖ်အေဖလားပွဲတစ်ပွဲတည်းသာကစားခွင့်ရရှိပြီးနောက်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်ဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဝက်စ်ဟမ်းသို့ရောက်ပြီးနောက်ပထမဆုံးကစားတဲ့ဗီလာနှင့်ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့သလိုတောက်လျှောက်အကောင်းဆုံးပုံစံဖြင့်ကစားလျက်ရှိပါတယ်။

လင်ဂတ်က “အခုလိုအသက်အရွယ်မှာပုံမှန်ဘောလုံးကစားရပြီးကိုယ်ဘာလုပ်နိုင်တယ်ဆိုတာပြသဖို့အရေးအကြီး ဆုံးပါ။ဒီမှာကျွန်တော်ကစားဖို့လာတယ်။အသင်းကိုကူညီတယ်။ရာသီကုန်တော့မှဖြစ်လာမယ်ဆိုတာကြည့်ပါမယ်။ ဒါပေမယ့်အပြုံးမျက်နှာနဲ့ဘောလုံးကစားဖို့၊ဘောလုံးကစားပြီးပျော်နေဖို့နဲ့အရင်တုန်းကဂျက်စီပြန်ရဖို့ကအရေးအကြီးဆုံးပါ။ဘောလုံးမှာအနိမ့်အမြင့်အတက်အကျတွေရှိပါတယ်။ကွဲပြားတဲ့အဆင့်တွေကိုဖြတ်ကျော်ရပါတယ်။ထိုးကျသွားတာတွေလည်းအများကြီးပါ။နောက်ကွယ်မှာဖြစ်ပျက်နေတာတွေလည်းအများကြီးပါ။မော်ရင်ဟိုလက် အောက်မှာတုန်းကကျွန်တော်ဂိုးတွေအများကြီးသွင်းနိုင်ပြီးကမ္ဘာ့ဖလားလည်းကစားရတယ်။အိုလီရောက်လာတဲ့ ရာသီမှာလည်းကျွန်တော်တာထွက်ကောင်းတယ်။ပွဲတွေအများကြီးပြန်ကစားရပြီးဂိုးတွေလည်းသွင်းနိုင်ခဲ့တယ်။ဒါပေမယ့်ကျွန်တော်ကအလွယ်တကူကျရှုံးတတ်တဲ့သူဖြစ်နေပါတယ်။ဒါပေမယ့်အတွေ့အကြုံကရှိနေတော့လက် လျှော့လို့မဖြစ်ပါဘူး။ကျွန်တော်ကအမြဲတမ်းတိုက်ပွဲဝင်တတ်သူပါ။ပထမလော့ဒေါင်းပြီးတော့ကျွန်တော့်ဟာအတောင့်တင်းဆုံး၊အကြံ့ခိုင်ဆုံးအနေအထားနဲ့ပြန်လာခဲ့တယ်။ဒါပေမယ့်အခွင့်အရေးမရဘူး။ကျွန်တော်စောင့်နေခဲ့ တယ်။ကစားရဘူး။လေ့ကျင့်ခန်းပိုလုပ်တယ်။ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်နေဖို့လုပ်ခဲ့တယ်။ကျွန်တော့်အ တွက်အလုပ်ကြိုးစားပြီးအောက်ခြေကနေစလုပ်ဖို့ကအရေးကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။

လင်ဂတ်ဟာမနေ့ညတုန်းကရှက်ဖီးလ်ယူနိုက်တက်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းခြေစွမ်းပြကစားနိုင်ခဲ့ပါ တယ်။သူဟာပထမပိုင်းမှာရရှိတဲ့ပင်နယ်တီကိုကန်ရန်ကြိုးပမ်းခဲ့ပေမယ့်လည်းဝက်စ်ဟမ်းကွင်းလယ်လူဒက်လန်းရိုက်စ်ကကန်ခွင့်မပေးမှုကြောင့်မကန်ခဲ့ရပါဘူး။

ZawGyi

ဆိုးလ္ရွားက အခြင့္အေရးတစ္စုံတစ္ရာေပးခဲ့ျခင္းမရွိေၾကာင္း လင္ဂတ္ေဝဖန္

ဂ်က္စီလင္ဂတ္ကမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားမွာ၎ကိုအခြင့္အေရးတစ္စုံတစ္ရာေပးခဲ့ျခင္းမရွိေၾကာင္း တိုက္ခိုက္ေျပာၾကားလိုက္ပါတယ္။

ဝက္စ္ဟမ္းတြင္အငွားျဖင့္လာေရာက္ကစားေနတဲ့လင္ဂတ္ဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလမွ၂၀၂၁ခုႏွစ္ဇန္နဝါရီလအတြင္းတြင္ၿပိဳင္ပြဲအရပ္ရပ္တြင္ငါးဂိုးတည္းသာသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာယခုရာသီတြင္ကာရာေဘာင္းပြဲႏွစ္ပြဲႏွင့္အက္ဖ္ေအဖလားပြဲတစ္ပြဲတည္းသာကစားခြင့္ရရွိၿပီးေနာက္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဝက္စ္ဟမ္းသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဝက္စ္ဟမ္းသို႔ေရာက္ၿပီးေနာက္ပထမဆုံးကစားတဲ့ဗီလာႏွင့္ပြဲတြင္၂ဂိုးသြင္းယူႏိုင္ခဲ့သလိုေတာက္ေလွ်ာက္အေကာင္းဆုံးပုံစံျဖင့္ကစားလ်က္ရွိပါတယ္။

လင္ဂတ္က “အခုလိုအသက္အ႐ြယ္မွာပုံမွန္ေဘာလုံးကစားရၿပီးကိုယ္ဘာလုပ္ႏိုင္တယ္ဆိုတာျပသဖို႔အေရးအႀကီး ဆုံးပါ။ဒီမွာကြၽန္ေတာ္ကစားဖို႔လာတယ္။အသင္းကိုကူညီတယ္။ရာသီကုန္ေတာ့မွျဖစ္လာမယ္ဆိုတာၾကည့္ပါမယ္။ ဒါေပမယ့္အၿပဳံးမ်က္ႏွာနဲ႔ေဘာလုံးကစားဖို႔၊ေဘာလုံးကစားၿပီးေပ်ာ္ေနဖို႔နဲ႔အရင္တုန္းကဂ်က္စီျပန္ရဖို႔ကအေရးအႀကီးဆုံးပါ။ေဘာလုံးမွာအနိမ့္အျမင့္အတက္အက်ေတြရွိပါတယ္။ကြဲျပားတဲ့အဆင့္ေတြကိုျဖတ္ေက်ာ္ရပါတယ္။ထိုးက်သြားတာေတြလည္းအမ်ားႀကီးပါ။ေနာက္ကြယ္မွာျဖစ္ပ်က္ေနတာေတြလည္းအမ်ားႀကီးပါ။ေမာ္ရင္ဟိုလက္ ေအာက္မွာတုန္းကကြၽန္ေတာ္ဂိုးေတြအမ်ားႀကီးသြင္းႏိုင္ၿပီးကမာၻ႔ဖလားလည္းကစားရတယ္။အိုလီေရာက္လာတဲ့ ရာသီမွာလည္းကြၽန္ေတာ္တာထြက္ေကာင္းတယ္။ပြဲေတြအမ်ားႀကီးျပန္ကစားရၿပီးဂိုးေတြလည္းသြင္းႏိုင္ခဲ့တယ္။ဒါေပမယ့္ကြၽန္ေတာ္ကအလြယ္တကူက်ရႈံးတတ္တဲ့သူျဖစ္ေနပါတယ္။ဒါေပမယ့္အေတြ႕အႀကဳံကရွိေနေတာ့လက္ ေလွ်ာ့လို႔မျဖစ္ပါဘူး။ကြၽန္ေတာ္ကအၿမဲတမ္းတိုက္ပြဲဝင္တတ္သူပါ။ပထမေလာ့ေဒါင္းၿပီးေတာ့ကြၽန္ေတာ့္ဟာအေတာင့္တင္းဆုံး၊အႀကံ့ခိုင္ဆုံးအေနအထားနဲ႔ျပန္လာခဲ့တယ္။ဒါေပမယ့္အခြင့္အေရးမရဘူး။ကြၽန္ေတာ္ေစာင့္ေနခဲ့ တယ္။ကစားရဘူး။ေလ့က်င့္ခန္းပိုလုပ္တယ္။ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေနဖို႔လုပ္ခဲ့တယ္။ကြၽန္ေတာ့္အ တြက္အလုပ္ႀကိဳးစားၿပီးေအာက္ေျခကေနစလုပ္ဖို႔ကအေရးႀကီးဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။

လင္ဂတ္ဟာမေန႔ညတုန္းကရွက္ဖီးလ္ယူႏိုက္တက္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလည္းေျခစြမ္းျပကစားႏိုင္ခဲ့ပါ တယ္။သူဟာပထမပိုင္းမွာရရွိတဲ့ပင္နယ္တီကိုကန္ရန္ႀကိဳးပမ္းခဲ့ေပမယ့္လည္းဝက္စ္ဟမ္းကြင္းလယ္လူဒက္လန္း႐ိုက္စ္ကကန္ခြင့္မေပးမႈေၾကာင့္မကန္ခဲ့ရပါဘူး။