ဆိုးလ်ရှားနေရာတွင် ဇီဒန်းနှင့် အစားထိုးရေးအပေါ် ယူနိုက်တက်ပရိသတ်များ နှစ်ခြမ်းကွဲ၊ အချို့က အဲရစ်တင်ဟက်ကို ခန့်စေလို

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့နေရာတွင်ဇီဒန်းနှင့်အစားထိုးရေးအပေါ်သဘောထားကွဲလွဲလျက်ရှိကြပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းက Vicarage Road တွင်ဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။၎င်းတို့ဟာနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲတွင်၄ပွဲအထိရှုံးနိမ့်ထားပါတယ်။

Time သတင်းစာကယူနိုက်တက်ဘုတ်အဖွဲ့ဝင်များဟာစနေနေ့ညနေပိုင်းတုန်းကအရေးပေါ်အစည်းအဝေးခေါ်ဆိုခဲ့ပြီးဆိုးလ်ရှားကိုထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြသွားပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေသူကရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းဖြစ်ပါတယ်။ဒါပေမယ့်ပြင်သစ်ဂန္ထဝင်ကစားသမားအားနည်းပြသစ်အဖြစ်ခန့်အပ်ရေးအပေါ်ယူနိုက်တက်ပရိသတ်များအကြားသဘောထားကွဲနေပါတယ်။

ယူနိုက်တက်ပရိသတ်များအများစုတို့ကတော့ဇီဒန်းကိုခန့်အပ်ရေးအပေါ်ထောက်ခံနေပြီးရီးရဲလ်မက်ဒရစ်နည်းပြဟောင်းမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာအောင်လုပ်ဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။

ဇီဒန်းဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားသုံးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးလာလီဂါဖလား၂ကြိမ်ရရှိအောင်လည်းဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ယူနိုက်တက်ပရိသတ်အချို့တို့ကကိုယ်ရေးမှတ်တမ်းတွင်ဆုဖလားပေါင်းများစွာရယူထားနိုင်ပေမယ့်ဇီဒန်းဟာယူနိုက်တက်ရဲ့ပြဿနာများကိုဖြေရှင်းပေးနိုင်မယ့်သူအဖြစ်မမြင်ကြပါဘူး။အထူးသဖြင့်ဇီဒန်းရဲ့ရီးရဲလ်မက်ဒရစ်ကွင်းလယ်တွင်မိုဒရစ်၊တိုနီခရူးစ်နှင့်ကက်စ်မီရိုတို့ရှိနေပြီးမန်ယူတွင်စကော့မက်တိုမီနေးနှင့်ဖရက်တို့သာရှိရာဇီဒန်းရဲ့စွမ်းဆောင်ရည်အပေါ်အပြည့်အဝယုံကြည်လို့မရကြောင်းထောက်ပြနေပါတယ်။

ဒါ့အပြင်ယူနိုက်တက်ပရိသတ်အချို့တို့ကအေဂျက်စ်နည်းပြအဲရစ်တင်ဟက်ကဲ့သို့ ဖျော်ဖြေမှုအသားပေးကစားဟန်အပြင်လူငယ်များကိုပါ အရောင်တောက်ပလာအောင်လုပ်ဆောင်ပေးနိုင်တဲ့သူကိုခန့်အပ်သင့်တယ်လို့ဆိုနေကြပါတယ်။အချို့ကလည်းလက်စတာနည်းပြရော်ဂျာကိုခန့်အပ်ရေးအပေါ်ကန့်ကွက်နေပါတယ်။

တစ်ဖက်တွင်အဲရစ်တင်ဟက်နှင့်ဘရန်ဒန်ရော်ဂျာတို့ကသက်ဆိုင်ရာကလပ်အသီးသီးကထွက်ခွာလိုခြင်းမရှိပါဘူး။ဒါ့အပြင်ဇီဒန်းကလည်း ရာသီတစ်ဝက်ကာလမျိုးတွင်ယူနိုက်တက်ကိုကိုင်တွယ်ရန်ဆန္ဒရှိ/မရှိပြောဖို့ခက်နေပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့သတင်းအရယူနိုက်တက်ဟာဆိုးလ်ရှားကိုထုတ်ပယ်ပြီးပါကဒါရင်းဖလက်ချာကိုယာယီနည်းပြအဖြစ်ခန့်အပ်ပြီးမိုက်ကယ်ကာရစ်ကိုလက်ထောက်အဖြစ်ခန့်အပ်မယ်လို့သိရပါတယ်။

ZawGyi

ဆိုးလ္ရွားေနရာတြင္ ဇီဒန္းႏွင့္ အစားထိုးေရးအေပၚ ယူႏိုက္တက္ပရိသတ္မ်ား ႏွစ္ျခမ္းကြဲ၊ အခ်ိဳ႕က အဲရစ္တင္ဟက္ကို ခန႔္ေစလို

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕ေနရာတြင္ဇီဒန္းႏွင့္အစားထိုးေရးအေပၚသေဘာထားကြဲလြဲလ်က္ရွိၾကပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းက Vicarage Road တြင္ဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။၎တို႔ဟာေနာက္ဆုံးပရီးမီးယားလိဂ္၅ပြဲတြင္၄ပြဲအထိရႈံးနိမ့္ထားပါတယ္။

Time သတင္းစာကယူႏိုက္တက္ဘုတ္အဖြဲ႕ဝင္မ်ားဟာစေနေန႔ညေနပိုင္းတုန္းကအေရးေပၚအစည္းအေဝးေခၚဆိုခဲ့ၿပီးဆိုးလ္ရွားကိုထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ေၾကာင္းေဖာ္ျပသြားပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနသူကရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းျဖစ္ပါတယ္။ဒါေပမယ့္ျပင္သစ္ဂႏၴဝင္ကစားသမားအားနည္းျပသစ္အျဖစ္ခန႔္အပ္ေရးအေပၚယူႏိုက္တက္ပရိသတ္မ်ားအၾကားသေဘာထားကြဲေနပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ားအမ်ားစုတို႔ကေတာ့ဇီဒန္းကိုခန႔္အပ္ေရးအေပၚေထာက္ခံေနၿပီးရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေအာင္လုပ္ေဆာင္ႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

ဇီဒန္းဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ဆက္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးလာလီဂါဖလား၂ႀကိမ္ရရွိေအာင္လည္းဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ယူႏိုက္တက္ပရိသတ္အခ်ိဳ႕တို႔ကကိုယ္ေရးမွတ္တမ္းတြင္ဆုဖလားေပါင္းမ်ားစြာရယူထားႏိုင္ေပမယ့္ဇီဒန္းဟာယူႏိုက္တက္ရဲ႕ျပႆနာမ်ားကိုေျဖရွင္းေပးႏိုင္မယ့္သူအျဖစ္မျမင္ၾကပါဘူး။အထူးသျဖင့္ဇီဒန္းရဲ႕ရီးရဲလ္မက္ဒရစ္ကြင္းလယ္တြင္မိုဒရစ္၊တိုနီခ႐ူးစ္ႏွင့္ကက္စ္မီ႐ိုတို႔ရွိေနၿပီးမန္ယူတြင္စေကာ့မက္တိုမီေနးႏွင့္ဖရက္တို႔သာရွိရာဇီဒန္းရဲ႕စြမ္းေဆာင္ရည္အေပၚအျပည့္အဝယုံၾကည္လို႔မရေၾကာင္းေထာက္ျပေနပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ပရိသတ္အခ်ိဳ႕တို႔ကေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္ကဲ့သို႔ ေဖ်ာ္ေျဖမႈအသားေပးကစားဟန္အျပင္လူငယ္မ်ားကိုပါ အေရာင္ေတာက္ပလာေအာင္လုပ္ေဆာင္ေပးႏိုင္တဲ့သူကိုခန႔္အပ္သင့္တယ္လို႔ဆိုေနၾကပါတယ္။အခ်ိဳ႕ကလည္းလက္စတာနည္းျပေရာ္ဂ်ာကိုခန႔္အပ္ေရးအေပၚကန႔္ကြက္ေနပါတယ္။

တစ္ဖက္တြင္အဲရစ္တင္ဟက္ႏွင့္ဘရန္ဒန္ေရာ္ဂ်ာတို႔ကသက္ဆိုင္ရာကလပ္အသီးသီးကထြက္ခြာလိုျခင္းမရွိပါဘူး။ဒါ့အျပင္ဇီဒန္းကလည္း ရာသီတစ္ဝက္ကာလမ်ိဳးတြင္ယူႏိုက္တက္ကိုကိုင္တြယ္ရန္ဆႏၵရွိ/မရွိေျပာဖို႔ခက္ေနပါတယ္။

လတ္တေလာထြက္ေပၚေနတဲ့သတင္းအရယူႏိုက္တက္ဟာဆိုးလ္ရွားကိုထုတ္ပယ္ၿပီးပါကဒါရင္းဖလက္ခ်ာကိုယာယီနည္းျပအျဖစ္ခန႔္အပ္ၿပီးမိုက္ကယ္ကာရစ္ကိုလက္ေထာက္အျဖစ္ခန႔္အပ္မယ္လို႔သိရပါတယ္။