ဆိုးလ်ရှားနေရာတွင် လီဗာပူးနည်းပြဟောင်းနှင့် အစားထိုးရန် အဓိကပစ်မှတ်ထားနေတဲ့ သရဲနီဘုတ်အဖွဲ့

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူများဟာအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ဖြစ်ပါကလီဗာပူးနည်းပြဟောင်းဘရန်ဒန်ရော်ဂျာနှင့်အစားထိုးရန်ဦးစားပေးပစ်မှတ်ထားနေကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်မြို့ခံပြိုင်ဘက်မန်စီးတီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာသို့ရောက်နေပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာလက်ရှိအချိန်တွင်အိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ပြီးနည်းပြအပြောင်းအလဲချက်ချင်းလုပ်ရန်အစီအစဉ်မရှိသေးဘဲသုံးပွဲအခွင့်အရေးပေးရန်စီစဉ်ထားပါတယ်။

The Sun ရဲ့ဖော်ပြချက်အရမန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားနေရာတွင်အစားထိုးရန်နည်းပြ၃ဦးအားလျာထားထားကြောင်းသိရပါတယ်။ဆိုးလ်ရှားနေရာတွင်အစားထိုးရန်လျာထားတဲ့နည်းပြသုံးဦးကရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်း၊အေဂျက်စ်နည်းပြအဲရစ်တင်ဟက်နှင့်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ဖြစ်ပါတယ်။

ယင်းသုံးဦးထဲမှာဘရန်ဒန်ရော်ဂျာမှာနံပါတ်တစ်ဦးစားပေးနည်းပြဖြစ်ပါတယ်။ဘရန်ဒန်ရော်ဂျာဟာလီဗာပူးကိုသုံးနှစ်ကြာကိုင်တွယ်စဉ်အတွင်းပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်လုနီးအနေအထားသို့ပို့ဆောင်ပေးခဲ့ပေမယ့်ဆုဖလားရရှိခဲ့ခြင်းမရှိပါဘူး။ဒါပေမယ့်သူဟာဆဲလ်တစ်ကိုကိုင်တွယ်ချိန်တွင်စကော့တလန်ပရီးမီးယားလိဂ်ဖလား၂ကြိမ်အပါအဝင်ဆုဖလား၇လုံးရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာလက်စတာနှင့်အတူအက်ဖ်အေဖလားနှင့်ကွန်မြူနတီဒိုင်းတို့ရယူထားနိုင်ပါတယ်။

မန်ယူအသင်းတာဝန်ရှိသူများကဘရန်ဒန်ရော်ဂျာရဲ့တိုက်စစ်အသားပေးကစားဟန်နှင့်ကစားသမားများရဲ့အရည်အချင်းတိုးတက်အောင်လုပ်နိုင်များတို့ကြောင့်ဆိုးလ်ရှားနေရာတွင်အစားထိုးရန်အသင့်တော်ဆုံးသူအဖြစ်ယုံကြည်နေပါတယ်။

ZawGyi

ဆိုးလ္ရွားေနရာတြင္ လီဗာပူးနည္းျပေဟာင္းႏွင့္ အစားထိုးရန္ အဓိကပစ္မွတ္ထားေနတဲ့ သရဲနီဘုတ္အဖြဲ႕

မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူမ်ားဟာအိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ျဖစ္ပါကလီဗာပူးနည္းျပေဟာင္းဘရန္ဒန္ေရာ္ဂ်ာႏွင့္အစားထိုးရန္ဦးစားေပးပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့အပတ္တုန္းကအိုးထရက္ဖို႔ဒ္တြင္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာသို႔ေရာက္ေနပါတယ္။

မန္ယူဘုတ္အဖြဲ႕ဟာလက္ရွိအခ်ိန္တြင္အိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ၿပီးနည္းျပအေျပာင္းအလဲခ်က္ခ်င္းလုပ္ရန္အစီအစဥ္မရွိေသးဘဲသုံးပြဲအခြင့္အေရးေပးရန္စီစဥ္ထားပါတယ္။

The Sun ရဲ႕ေဖာ္ျပခ်က္အရမန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားေနရာတြင္အစားထိုးရန္နည္းျပ၃ဦးအားလ်ာထားထားေၾကာင္းသိရပါတယ္။ဆိုးလ္ရွားေနရာတြင္အစားထိုးရန္လ်ာထားတဲ့နည္းျပသုံးဦးကရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္း၊ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္ႏွင့္လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာတို႔ျဖစ္ပါတယ္။

ယင္းသုံးဦးထဲမွာဘရန္ဒန္ေရာ္ဂ်ာမွာနံပါတ္တစ္ဦးစားေပးနည္းျပျဖစ္ပါတယ္။ဘရန္ဒန္ေရာ္ဂ်ာဟာလီဗာပူးကိုသုံးႏွစ္ၾကာကိုင္တြယ္စဥ္အတြင္းပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္လုနီးအေနအထားသို႔ပို႔ေဆာင္ေပးခဲ့ေပမယ့္ဆုဖလားရရွိခဲ့ျခင္းမရွိပါဘူး။ဒါေပမယ့္သူဟာဆဲလ္တစ္ကိုကိုင္တြယ္ခ်ိန္တြင္စေကာ့တလန္ပရီးမီးယားလိဂ္ဖလား၂ႀကိမ္အပါအဝင္ဆုဖလား၇လုံးရယူႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာလက္စတာႏွင့္အတူအက္ဖ္ေအဖလားႏွင့္ကြန္ျမဴနတီဒိုင္းတို႔ရယူထားႏိုင္ပါတယ္။

မန္ယူအသင္းတာဝန္ရွိသူမ်ားကဘရန္ဒန္ေရာ္ဂ်ာရဲ႕တိုက္စစ္အသားေပးကစားဟန္ႏွင့္ကစားသမားမ်ားရဲ႕အရည္အခ်င္းတိုးတက္ေအာင္လုပ္ႏိုင္မ်ားတို႔ေၾကာင့္ဆိုးလ္ရွားေနရာတြင္အစားထိုးရန္အသင့္ေတာ္ဆုံးသူအျဖစ္ယုံၾကည္ေနပါတယ္။