ဆိုးလ်ရှားနေရာတွင် အစားထိုးခံရလျှင် သရဲနီစတားတို့ရဲ့လိင်မှုဘဝကိုပါ ပြောင်းလဲဖို့ အသင့်ဖြစ်နေတဲ့ ကွန်တီ

အန်တိုနီယိုကွန်တီဟာအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူနည်းပြရာထူးတွင်သာအစားထိုးခန့်အပ်ခြင်းခံရပါကသူ့နည်းပြဆိုင်ရာကျွမ်းကျင်မှုများအပြင် မန်ယူစတားများရဲ့လိင်မှုဘဝအတွက်အကောင်းဆုံးနည်းလမ်းကောင်းများကိုလည်းယူဆောင်လာပါမယ်။

အန်တိုနီယိုကွန်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်ကို စီးရီးအေဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်ရာထူးမှထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာနောက်ဆုံးငါးပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ဆိုးလ်ရှားနေရာတွင်အစားထိုးခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားနေတဲ့နည်းပြများထဲမှတစ်ဦးဖြစ်ပါတယ်။

ကွန်တီဟာအီတလီနှင့်အင်္ဂလန်တို့တွင်အောင်မြင်မှုများရယူထားတဲ့အပြင် ကလပ်အအဆင့်မှာသာမကအီတလီအသင်းကိုလည်းကိုင်တွယ်ဖူးကာ အတွေ့အကြုံများစွာရင့်ကျက်တဲ့နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာနည်းပြပိုင်းဆိုင်ရာ၊ကစားသမားစီမံကိန်းခန့်ခွဲမှုဆိုင်ရာမှာကျွမ်းကျင်ရုံသာမကကစားသမားများကိုစိတ်ဝင်စားစရာကောင်းတဲ့လိင်ပိုင်းဆိုင်ရာအကြံပေးမှုလည်းပြုလုပ်နိုင်သူဖြစ်ပါတယ်။

အသက်၅၀နှစ်ရှိနည်းပြဟာကစားသမားများကိုအိပ်ယာထက်ကကိစ္စကြောင့်အားအင်ကုန်ခန်းတို့မျိုးမဖြစ်စေချင်တဲ့သူပါ။ဒါကြောင့်သူဟာမန်ယူနည်းပြအဖြစ်ခန့်အပ်ခြင်းခံလာရရင်ကစားသမားများရဲ့စွမ်းအင်အပြည့်အဝကိုကွင်းထဲမှာသုံးနိုင်ဖို့အတွက် လိင်မှုရေးရာနဲ့ပတ်သက်ပြီးတော့လည်းအကြံပေးလာမှာသေချာနေပါတယ်။

အင်တာစတားများကို လိင်မှုရေးရာနဲ့ပတ်သက်ပြီးအကြံပြုခဲ့မှုအပေါ် ကွန်တီက “ပွဲတွေကစားတဲ့ကာလအတွင်းမှာကစားသမားတွေအနေနဲ့လိင်မှုရေးရာနဲ့ပတ်သက်ပြီးအကြာကြီးလုပ်လို့မရပါဘူး။သူတို့အနေနဲ့ခပ်ပါးပါးလေးဘဲလုပ်မှအဆင်ပြေပါမယ်။အကောင်းဆုံးပုံစံကတော့ကိုယ့်ပါတနာကိုအပေါ်မှာနေခိုင်းတာမျိုးပါ။ကိုယ့်ဇနီးသည်နဲ့ဆိုရင်တော့ဒီပုံစံအကောင်းဆုံးပုံစံပါ။ဒီနည်းလမ်းကြောင့်သူတို့ရဲ့အားစိုက်ရမှုသက်သာစေပါတယ်”လို့ပြောကြားသွားပါတယ်။

ကွန်တီဟာမန်ယူနည်းပြအဖြစ်ခန့်အပ်ခြင်းခံရပါကနည်းဗျူဟာအပြောင်းအလဲများစွာကိုလည်းမြင်တွေ့ရဖို့သေချာနေပါတယ်။

အီတလီလူမျိုးနည်းပြဟာနောက်တန်းသုံးယောက်စနစ်၊တောင်ပံခံစစ်သမားသုံးတဲ့စနစ်ကိုနှစ်သက်သူဖြစ်ပါတယ်။ယင်းစနစ်ကတိုက်စစ်ဆင်ကစားချိန်မှာရောခံစစ်ကစားတဲ့အချိန်မှာပါအမြဲကျစ်လစ်နေတတ်ပါတယ်။

ကွန်တီဟာမန်ယူနည်းပြဖြစ်လာပါကအင်တာမီလန်မှလူသာရိုမာတီနက်ဇ်နှင့်မီလန်စကာနီယာတို့လည်းအိုးထရက်ဖို့ဒ်သို့ရောက်လာဖို့ရှိနေပါတယ်။

ZawGyi

ဆိုးလ္ရွားေနရာတြင္ အစားထိုးခံရလွ်င္ သရဲနီစတားတို႔ရဲ႕လိင္မႈဘဝကိုပါ ေျပာင္းလဲဖို႔ အသင့္ျဖစ္ေနတဲ့ ကြန္တီ

အန္တိုနီယိုကြန္တီဟာအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူနည္းျပရာထူးတြင္သာအစားထိုးခန႔္အပ္ျခင္းခံရပါကသူ႔နည္းျပဆိုင္ရာကြၽမ္းက်င္မႈမ်ားအျပင္ မန္ယူစတားမ်ားရဲ႕လိင္မႈဘဝအတြက္အေကာင္းဆုံးနည္းလမ္းေကာင္းမ်ားကိုလည္းယူေဆာင္လာပါမယ္။

အန္တိုနီယိုကြန္တီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္ကို စီးရီးေအဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ရာထူးမွထြက္ခြာခဲ့ၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာေနာက္ဆုံးငါးပြဲမွာႏိုင္ပြဲတစ္ပြဲသာရရွိထားတဲ့ဆိုးလ္ရွားေနရာတြင္အစားထိုးခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားေနတဲ့နည္းျပမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

ကြန္တီဟာအီတလီႏွင့္အဂၤလန္တို႔တြင္ေအာင္ျမင္မႈမ်ားရယူထားတဲ့အျပင္ ကလပ္အအဆင့္မွာသာမကအီတလီအသင္းကိုလည္းကိုင္တြယ္ဖူးကာ အေတြ႕အႀကဳံမ်ားစြာရင့္က်က္တဲ့နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာနည္းျပပိုင္းဆိုင္ရာ၊ကစားသမားစီမံကိန္းခန႔္ခြဲမႈဆိုင္ရာမွာကြၽမ္းက်င္႐ုံသာမကကစားသမားမ်ားကိုစိတ္ဝင္စားစရာေကာင္းတဲ့လိင္ပိုင္းဆိုင္ရာအႀကံေပးမႈလည္းျပဳလုပ္ႏိုင္သူျဖစ္ပါတယ္။

အသက္၅၀ႏွစ္ရွိနည္းျပဟာကစားသမားမ်ားကိုအိပ္ယာထက္ကကိစၥေၾကာင့္အားအင္ကုန္ခန္းတို႔မ်ိဳးမျဖစ္ေစခ်င္တဲ့သူပါ။ဒါေၾကာင့္သူဟာမန္ယူနည္းျပအျဖစ္ခန႔္အပ္ျခင္းခံလာရရင္ကစားသမားမ်ားရဲ႕စြမ္းအင္အျပည့္အဝကိုကြင္းထဲမွာသုံးႏိုင္ဖို႔အတြက္ လိင္မႈေရးရာနဲ႔ပတ္သက္ၿပီးေတာ့လည္းအႀကံေပးလာမွာေသခ်ာေနပါတယ္။

အင္တာစတားမ်ားကို လိင္မႈေရးရာနဲ႔ပတ္သက္ၿပီးအႀကံျပဳခဲ့မႈအေပၚ ကြန္တီက “ပြဲေတြကစားတဲ့ကာလအတြင္းမွာကစားသမားေတြအေနနဲ႔လိင္မႈေရးရာနဲ႔ပတ္သက္ၿပီးအၾကာႀကီးလုပ္လို႔မရပါဘူး။သူတို႔အေနနဲ႔ခပ္ပါးပါးေလးဘဲလုပ္မွအဆင္ေျပပါမယ္။အေကာင္းဆုံးပုံစံကေတာ့ကိုယ့္ပါတနာကိုအေပၚမွာေနခိုင္းတာမ်ိဳးပါ။ကိုယ့္ဇနီးသည္နဲ႔ဆိုရင္ေတာ့ဒီပုံစံအေကာင္းဆုံးပုံစံပါ။ဒီနည္းလမ္းေၾကာင့္သူတို႔ရဲ႕အားစိုက္ရမႈသက္သာေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကြန္တီဟာမန္ယူနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရပါကနည္းဗ်ဴဟာအေျပာင္းအလဲမ်ားစြာကိုလည္းျမင္ေတြ႕ရဖို႔ေသခ်ာေနပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာေနာက္တန္းသုံးေယာက္စနစ္၊ေတာင္ပံခံစစ္သမားသုံးတဲ့စနစ္ကိုႏွစ္သက္သူျဖစ္ပါတယ္။ယင္းစနစ္ကတိုက္စစ္ဆင္ကစားခ်ိန္မွာေရာခံစစ္ကစားတဲ့အခ်ိန္မွာပါအၿမဲက်စ္လစ္ေနတတ္ပါတယ္။

ကြန္တီဟာမန္ယူနည္းျပျဖစ္လာပါကအင္တာမီလန္မွလူသာ႐ိုမာတီနက္ဇ္ႏွင့္မီလန္စကာနီယာတို႔လည္းအိုးထရက္ဖို႔ဒ္သို႔ေရာက္လာဖို႔ရွိေနပါတယ္။