ဆိုးလ်ရှားနေရာတွင် အစားထိုးရန် နည်းပြလေးဦးကို လျာထားလိုက်ပြီဖြစ်တဲ့ သရဲနီ

မန်ယူအသင်းဟာအိုးထရက်ဖို့ဒ်မှာလီဗာပူးကို၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရန် အလေးအနက်ထားစဉ်းစားနေပြီဖြစ်ပြီးသူ့နေရာတွင်အစားထိုးရန် နည်းပြလေးဦးကိုလျာထားလိုက်ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားနေရာမှာအစားထိုးရန်လျာထားတဲ့နည်းပြလေးဦးစာရင်းထဲမှာဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊အန်တိုနီယိုကွန်တီနှင့်အဲရစ်တင်ဟက်တို့ပါဝင်နေပါတယ်။

အထူးသဖြင့်မန်ယူအသင်းတာဝန်ရှိသူများဟာလက်ရှိအချိန်တွင်အသင်းလက်မဲ့ဖြစ်နေတဲ့ဇီဒန်းနှင့်အန်တိုနီယိုကွန်တီတို့ကိုခန့်အပ်ရန်ပိုမိုစိတ်ဝင်စားနေပါတယ်။

မန်ယူအသင်းတာဝန်ရှိသူများဟာအစောပိုင်းတုန်းကဆိုးလ်ရှားကိုမထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ပေမယ့်လည်းခြေစွမ်းနှင့်ရလဒ်တို့ကလက်ခံနိုင်စရာမရှိမှုနဲ့အတူ လမ်းခွဲရန်အလေးအနက်ထားစဉ်းစားနေကြပါတယ်။

မန်ယူဟာလီဗာပူးကိုရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာသို့ရောက်ရှိနေပြီးနောက်ဆုံး၄ပွဲတွင်ရမှတ်၁မှတ်တည်းသာ ရယူထားနိုင်ကာထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၈မှတ်အထိကွာဟနေပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းဟာချန်ပီယံလိဂ်ဖလား၃ကြိမ်ဆက်တိုက်ဆွတ်ခူးထားနိုင်တဲ့တစ်ဦးတည်းသောနည်းပြအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူထားသူဖြစ်ပြီးရာဖေးလ်ဗာရိန်း၊ခရစ္စတီယာနိုရော်နယ်ဒိုတို့နှင့်အတူရီးရဲလ်မက်ဒရစ်တွင်လက်တွဲဖူးပါတယ်။

ကွန်တီမှာလည်းချဲလ်ဆီးကိုနှစ်ရာသီကြာကိုင်တွယ်ဖူးကာပရီးမီးယားလိဂ်ဖလားအားနိုင်ပွဲ၃၀ရယူပြီးနိုင်ပွဲအများဆုံးစံချိန်ဖြင့်ချန်ပီယံဖြစ်ဖူးတဲ့အပြင် အက်ဖ်အေဖလားလည်းရယူနိုင်ခဲ့ပါတယ်။

မန်ယူဟာ၎င်းတို့နှစ်ဦးအားခန့်အပ်ရန်ကြိုးပမ်းမှုမအောင်မြင်လျှင်ရော်ဂျာနှင့်အဲရစ်တင်ဟက်တို့ကိုလျာထားပါတယ်။ယင်းနည်းပြနှစ်ဦးတို့ကကစားဟန်ကောင်းမွန်တဲ့အသင်းကိုတည်ဆောက်နိုင်မှုနဲ့အတူမန်ယူနည်းပြရာထူးအတွက်လျာထားစာရင်းမှာပါဝင်လာတာပါ။

ZawGyi

ဆိုးလ္ရွားေနရာတြင္ အစားထိုးရန္ နည္းျပေလးဦးကို လ်ာထားလိုက္ၿပီျဖစ္တဲ့ သရဲနီ

မန္ယူအသင္းဟာအိုးထရက္ဖို႔ဒ္မွာလီဗာပူးကို၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ရန္ အေလးအနက္ထားစဥ္းစားေနၿပီျဖစ္ၿပီးသူ႔ေနရာတြင္အစားထိုးရန္ နည္းျပေလးဦးကိုလ်ာထားလိုက္ပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားေနရာမွာအစားထိုးရန္လ်ာထားတဲ့နည္းျပေလးဦးစာရင္းထဲမွာဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊အန္တိုနီယိုကြန္တီႏွင့္အဲရစ္တင္ဟက္တို႔ပါဝင္ေနပါတယ္။

အထူးသျဖင့္မန္ယူအသင္းတာဝန္ရွိသူမ်ားဟာလက္ရွိအခ်ိန္တြင္အသင္းလက္မဲ့ျဖစ္ေနတဲ့ဇီဒန္းႏွင့္အန္တိုနီယိုကြန္တီတို႔ကိုခန႔္အပ္ရန္ပိုမိုစိတ္ဝင္စားေနပါတယ္။

မန္ယူအသင္းတာဝန္ရွိသူမ်ားဟာအေစာပိုင္းတုန္းကဆိုးလ္ရွားကိုမထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ေပမယ့္လည္းေျခစြမ္းႏွင့္ရလဒ္တို႔ကလက္ခံႏိုင္စရာမရွိမႈနဲ႔အတူ လမ္းခြဲရန္အေလးအနက္ထားစဥ္းစားေနၾကပါတယ္။

မန္ယူဟာလီဗာပူးကိုရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၇ေနရာသို႔ေရာက္ရွိေနၿပီးေနာက္ဆုံး၄ပြဲတြင္ရမွတ္၁မွတ္တည္းသာ ရယူထားႏိုင္ကာထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၈မွတ္အထိကြာဟေနပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းဟာခ်န္ပီယံလိဂ္ဖလား၃ႀကိမ္ဆက္တိုက္ဆြတ္ခူးထားႏိုင္တဲ့တစ္ဦးတည္းေသာနည္းျပအျဖစ္သမိုင္းမွတ္တိုင္စိုက္ထူထားသူျဖစ္ၿပီးရာေဖးလ္ဗာရိန္း၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ႏွင့္အတူရီးရဲလ္မက္ဒရစ္တြင္လက္တြဲဖူးပါတယ္။

ကြန္တီမွာလည္းခ်ဲလ္ဆီးကိုႏွစ္ရာသီၾကာကိုင္တြယ္ဖူးကာပရီးမီးယားလိဂ္ဖလားအားႏိုင္ပြဲ၃၀ရယူၿပီးႏိုင္ပြဲအမ်ားဆုံးစံခ်ိန္ျဖင့္ခ်န္ပီယံျဖစ္ဖူးတဲ့အျပင္ အက္ဖ္ေအဖလားလည္းရယူႏိုင္ခဲ့ပါတယ္။

မန္ယူဟာ၎တို႔ႏွစ္ဦးအားခန႔္အပ္ရန္ႀကိဳးပမ္းမႈမေအာင္ျမင္လွ်င္ေရာ္ဂ်ာႏွင့္အဲရစ္တင္ဟက္တို႔ကိုလ်ာထားပါတယ္။ယင္းနည္းျပႏွစ္ဦးတို႔ကကစားဟန္ေကာင္းမြန္တဲ့အသင္းကိုတည္ေဆာက္ႏိုင္မႈနဲ႔အတူမန္ယူနည္းျပရာထူးအတြက္လ်ာထားစာရင္းမွာပါဝင္လာတာပါ။