ဆိုးလ်ရှားနေရာတွင် အစားထိုးရန် သရဲနီဘက်ကဆက်သွယ်လာရင် လက်ခံဖို့ အသင့်ရှိနေတဲ့ ကွန်တီ

အန်တိုနီယိုကွန်တီဟာမန်ချက်စတာယူနိုက်တက်ဘက်ကမန်ယူနည်းပြရာထူးအတွက်ဆက်သွယ်လာပါကလက်ခံရန်အသင့်ရှိနေကြောင်းသိရပါတယ်။တစ်ဖက်တွင်မန်ယူဟာအိုလီဂန်းနားဆိုးလ်ရှားအား ရာထူးမှထုတ်ပယ်ရေးအတွက်ဆုံးဖြတ်ချက်တိတိကျကျမချရသေးပါဘူး။

နော်ဝေလူမျိုးနည်းပြဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။

မန်ယူဟာဆိုးလ်ရှားအားထုတ်ပယ်ဖြစ်ပါကခန့်အပ်ရန်နည်းပြ၄ဦးအားလျာထားပြီးလည်းဖြစ်ပါတယ်။အသက်၅၂နှစ်ရှိကွန်တီဟာဇီဒန်း၊လက်စတာနည်းပြဘရန်ဒန်ရော်ဂျာ၊အေဂျက်စ်နည်းပြအဲရစ်တင်ဟက်တို့နှင့်အတူ မန်ယူနည်းပြရာထူးအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်နေပါတယ်။

ဒါပေမယ့်အန်တိုနီကွန်တီကမန်ယူနည်းပြရာထူးအတွက်မန်ယူအသင်းတာဝန်ရှိသူများကသာဆက်သွယ်လာရန်အသင့်ရှိနေကြောင်းဦးစားပြောကြားသူဖြစ်လာပါတယ်။

ကွန်တီဟာချဲလ်ဆီးအသင်းကိုနှစ်ရာသီကြာကိုင်တွယ်ခဲ့ဖူးပြီးပထမဆုံးရာသီမှာပရီးမီးယားလိဂ်ဖလားအား ပွဲ၃၀စံချိန်တင်နိုင်ပွဲဖြင့်ရယူခဲ့ဖူးပါတယ်။

တစ်ဖက်တွင်မန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်ကတော့အန်တိုနီယိုကွန်တီမှာမန်ယူနည်းပြရာထူးအတွက်သင့်တော်သူမဟုတ်ကြောင်းပြောကြားသွားပါတယ်။

ဂယ်ရီနဗီးလ်က “နောက်ထပ်ကြေးစားတစ်ယောက်ကိုထပ်ခေါ်လို့မရတော့ပါဘူး။ကြေးစားတစ်ယောက်ကလာတယ်။သူတို့ကအလုပ်တစ်ခုကိုနှစ်နှစ်လောက်ဘဲလုပ်တယ်။ကွန်တီကခန့်လို့ရတဲ့သူပါ။ဒါပေမယ့်ကျွန်တော်ဆိုရင်တော့သူ့ကိုမန်ချက်စတာယူနိုက်တက်သို့ခေါ်ဆောင်မှာမဟုတ်ပါဘူး။မန်ချက်စတာယူနိုက်တက်နဲ့ကိုက်ညီတဲ့သူလို့လည်းမထင်ပါဘူး။ကျွန်တော်မှားချင်လည်းမှားနိုင်ပါတယ်။သူ့ကိုမနက်ဖြန်တင်ခန့်အပ်လိုက်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဆိုးလ္ရွားေနရာတြင္ အစားထိုးရန္ သရဲနီဘက္ကဆက္သြယ္လာရင္ လက္ခံဖို႔ အသင့္ရွိေနတဲ့ ကြန္တီ

အန္တိုနီယိုကြန္တီဟာမန္ခ်က္စတာယူႏိုက္တက္ဘက္ကမန္ယူနည္းျပရာထူးအတြက္ဆက္သြယ္လာပါကလက္ခံရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။တစ္ဖက္တြင္မန္ယူဟာအိုလီဂန္းနားဆိုးလ္ရွားအား ရာထူးမွထုတ္ပယ္ေရးအတြက္ဆုံးျဖတ္ခ်က္တိတိက်က်မခ်ရေသးပါဘူး။

ေနာ္ေဝလူမ်ိဳးနည္းျပဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

မန္ယူဟာဆိုးလ္ရွားအားထုတ္ပယ္ျဖစ္ပါကခန႔္အပ္ရန္နည္းျပ၄ဦးအားလ်ာထားၿပီးလည္းျဖစ္ပါတယ္။အသက္၅၂ႏွစ္ရွိကြန္တီဟာဇီဒန္း၊လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာ၊ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္တို႔ႏွင့္အတူ မန္ယူနည္းျပရာထူးအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ေနပါတယ္။

ဒါေပမယ့္အန္တိုနီကြန္တီကမန္ယူနည္းျပရာထူးအတြက္မန္ယူအသင္းတာဝန္ရွိသူမ်ားကသာဆက္သြယ္လာရန္အသင့္ရွိေနေၾကာင္းဦးစားေျပာၾကားသူျဖစ္လာပါတယ္။

ကြန္တီဟာခ်ဲလ္ဆီးအသင္းကိုႏွစ္ရာသီၾကာကိုင္တြယ္ခဲ့ဖူးၿပီးပထမဆုံးရာသီမွာပရီးမီးယားလိဂ္ဖလားအား ပြဲ၃၀စံခ်ိန္တင္ႏိုင္ပြဲျဖင့္ရယူခဲ့ဖူးပါတယ္။

တစ္ဖက္တြင္မန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္ကေတာ့အန္တိုနီယိုကြန္တီမွာမန္ယူနည္းျပရာထူးအတြက္သင့္ေတာ္သူမဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဂယ္ရီနဗီးလ္က “ေနာက္ထပ္ေၾကးစားတစ္ေယာက္ကိုထပ္ေခၚလို႔မရေတာ့ပါဘူး။ေၾကးစားတစ္ေယာက္ကလာတယ္။သူတို႔ကအလုပ္တစ္ခုကိုႏွစ္ႏွစ္ေလာက္ဘဲလုပ္တယ္။ကြန္တီကခန႔္လို႔ရတဲ့သူပါ။ဒါေပမယ့္ကြၽန္ေတာ္ဆိုရင္ေတာ့သူ႔ကိုမန္ခ်က္စတာယူႏိုက္တက္သို႔ေခၚေဆာင္မွာမဟုတ္ပါဘူး။မန္ခ်က္စတာယူႏိုက္တက္နဲ႔ကိုက္ညီတဲ့သူလို႔လည္းမထင္ပါဘူး။ကြၽန္ေတာ္မွားခ်င္လည္းမွားႏိုင္ပါတယ္။သူ႔ကိုမနက္ျဖန္တင္ခန႔္အပ္လိုက္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။