ဆိုးလ်ရှားရဲ့မန်ယူကို အနိုင်ယူဖို့ နည်းစနစ်ပိုင်း ၁၀ မိနစ်မျှသာပြင်ဆင်ခဲ့တဲ့ ဂွါဒီယိုလာ

ကီဗင်ဒီဘရိုင်းကမန်စီးတီးနည်းပြဂွါဒီယိုလာဟာယူနိုက်တက်နှင့်ရင်ဆိုင်ရမယ့်မန်ချက်စတာဒါဘီပွဲမတိုင်မီဆယ်မိနစ်မျှသာပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဂွါဒီယိုလာဦးဆောင်တဲ့မန်စီးတီးဟာအိုးထရက်ဖို့ဒ်ကွင်းတွင်မန်ယူကိုသက်တောင့်သက်သာဖြင့်ကစားပြီး၂-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။

ဒီဘရိုင်းက “ပွဲတစ်ပွဲခင်မှာကျွန်တော်တို့ဟာနည်းစနစ်ပိုင်းလေ့ကျင့်မှုလုပ်လေ့ရှိပါတယ်။ပြိုင်ဘက်အပေါ်မူတည်ပြီးလေ့ကျင့်ရတာမျိုးပါ။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာတော့ပက်က ‘သူတို့ဘယ်လိုကစားမလဲငါတို့မသိဘူး။ကစားတော့မှသိရမယ်’လို့ပြောပါတယ်။ဒီတော့ဆယ်မိနစ်လောက်လေ့ကျင့်ပြီးချိန်မှာဘဲရပ်လိုက်တယ်။ပြိုင်ဘက်ဘယ်လိုကစားမယ်ဆိုတာပက်ပဲသိပါတယ်။ဒီတစ်ကြိမ်မှာသူမသိပါဘူး။ဘာလုပ်ရမလဲသူမသိပါဘူး။အရင်တုန်းကဆိုလုပ်စရာရှိတာလုပ်ပါတယ်။ဒီတစ်ကြိမ်မှာခံစစ်မှာငါးယောက်ထားလာမလား၊လေးယောက်လား၊ကွင်းလယ်စိန်ကွက်လား၊ရှေ့တန်းမှာသုံးယောက်သုံးလာမလားမသိပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာမန်စီးတီးကိုရှုံးနိမ့်ပြီးနောက်မန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရရန်အလားအလာများလာပြီးမန်ယူဂန္ထဝင်များဖြစ်ကြတဲ့ရီယိုဖာဒီနန်နှင့်ရွိင်ကိန်းတို့ကနော်ဝေနည်းပြရာထူးမှနုတ်ထွက်ရန်ပြောကြားလာပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာနိုင်ငံတကာပွဲအပြီးတွင်ကစားရမယ့်ဝက်ဖို့ဒ်နှင့်ပွဲအထိမန်ယူကိုကိုင်တွယ်ခွင့်ရထားပြီးယင်းပွဲတွင်ရှုံးနိမ့်လျှင်ထုတ်ပယ်ခံရဖို့သေချာသလောက်ရှိနေပါတယ်။

ZawGyi

ဆိုးလ္ရွားရဲ႕မန္ယူကို အႏိုင္ယူဖို႔ နည္းစနစ္ပိုင္း ၁၀ မိနစ္မွ်သာျပင္ဆင္ခဲ့တဲ့ ဂြါဒီယိုလာ

ကီဗင္ဒီဘ႐ိုင္းကမန္စီးတီးနည္းျပဂြါဒီယိုလာဟာယူႏိုက္တက္ႏွင့္ရင္ဆိုင္ရမယ့္မန္ခ်က္စတာဒါဘီပြဲမတိုင္မီဆယ္မိနစ္မွ်သာျပင္ဆင္မႈျပဳလုပ္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဂြါဒီယိုလာဦးေဆာင္တဲ့မန္စီးတီးဟာအိုးထရက္ဖို႔ဒ္ကြင္းတြင္မန္ယူကိုသက္ေတာင့္သက္သာျဖင့္ကစားၿပီး၂-၀ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။

ဒီဘ႐ိုင္းက “ပြဲတစ္ပြဲခင္မွာကြၽန္ေတာ္တို႔ဟာနည္းစနစ္ပိုင္းေလ့က်င့္မႈလုပ္ေလ့ရွိပါတယ္။ၿပိဳင္ဘက္အေပၚမူတည္ၿပီးေလ့က်င့္ရတာမ်ိဳးပါ။ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္မွာေတာ့ပက္က ‘သူတို႔ဘယ္လိုကစားမလဲငါတို႔မသိဘူး။ကစားေတာ့မွသိရမယ္’လို႔ေျပာပါတယ္။ဒီေတာ့ဆယ္မိနစ္ေလာက္ေလ့က်င့္ၿပီးခ်ိန္မွာဘဲရပ္လိုက္တယ္။ၿပိဳင္ဘက္ဘယ္လိုကစားမယ္ဆိုတာပက္ပဲသိပါတယ္။ဒီတစ္ႀကိမ္မွာသူမသိပါဘူး။ဘာလုပ္ရမလဲသူမသိပါဘူး။အရင္တုန္းကဆိုလုပ္စရာရွိတာလုပ္ပါတယ္။ဒီတစ္ႀကိမ္မွာခံစစ္မွာငါးေယာက္ထားလာမလား၊ေလးေယာက္လား၊ကြင္းလယ္စိန္ကြက္လား၊ေရွ႕တန္းမွာသုံးေယာက္သုံးလာမလားမသိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာမန္စီးတီးကိုရႈံးနိမ့္ၿပီးေနာက္မန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရရန္အလားအလာမ်ားလာၿပီးမန္ယူဂႏၴဝင္မ်ားျဖစ္ၾကတဲ့ရီယိုဖာဒီနန္ႏွင့္႐ြိင္ကိန္းတို႔ကေနာ္ေဝနည္းျပရာထူးမွႏုတ္ထြက္ရန္ေျပာၾကားလာပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာႏိုင္ငံတကာပြဲအၿပီးတြင္ကစားရမယ့္ဝက္ဖို႔ဒ္ႏွင့္ပြဲအထိမန္ယူကိုကိုင္တြယ္ခြင့္ရထားၿပီးယင္းပြဲတြင္ရႈံးနိမ့္လွ်င္ထုတ္ပယ္ခံရဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။