ဆိုးလ်ရှားရဲ့မန်ယူအတွက် ပထမဆုံးခေါ်ယူထားတဲ့ ကစားသမား အီမာရန် အသက် ၁၈နှစ်ရှိပြီဖြစ်ပြီး ယူ-၂၃ တွင်ခြေစွမ်းပြနေ

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူအသင်းကိုယာယီနည်းပြအဖြစ်သာကိုင်တွယ်စဉ်တုန်းကယခုလိုမျိုးထိပ်တန်းနာမည်ကျော်ကစားသမားများ ယူနိုက်တက်သို့လာရောက်ကစားဖို့မခေါ်ယူနိုင်သေးပါဘူး။

နော်ဝေလူမျိုးနည်းပြဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကမန်ယူအတွက်ပထမဆုံးကစားသမားခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။ပထမအသင်းအတွက်ကစားသမားတစ်ဦးခေါ်ယူခဲ့တာမဟုတ်ပါဘူး။အသက်၁၆နှစ်အရွယ်ရှိလူငယ်လေးတစ်ဦးကိုလီဂူး၁ကလပ်အေမီယန်မှခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာပါရမီရှင်တောင်ပံကစားသမားလေးကိုပီအက်စ်ဂျီ၊ဂျူဗင်တပ်၊ဘာစီလိုနာတို့လိုထိပ်သီးကလပ်များကိုကျော်ဖြတ်ကာခေါ်ယူခဲ့တာပါ။

မန်ယူလူငယ်ကစားသမားလေးဟာယင်းနောက်ပိုင်းတွင်မန်ယူတွင်အထိုင်ကျလာကာလူငယ်အသင်းများမှာကစားရင်းခြေစွမ်းပိုင်းတိုးတက်မြင့်မားလာနေပါတယ်။

အီမာရန်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူယူ-၁၈အသင်းမှာခြေစွမ်းပြကစားနိုင်မှုနဲ့အတူယခုရာသီမှာမန်ယူယူ-၂၃အသင်းသို့တက်လှမ်းထားနိုင်ပြီဖြစ်ပါတယ်။

သူဟာမန်ယူသို့ရောက်ပြီးချင်းချင်း ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီနှင့်တွေ့ဆုံမှုရရှိပြီးအကြံဉာဏ်တစ်ချို့လည်းရရှိခဲ့ပါတယ်။

သူဟာဝိန်းရွန်းနီပြောတဲ့အတိုင်းမန်ယူလူငယ်အသင်းမှာကြိုးစားအားထုတ်မှုနဲ့အတူမန်ယူသို့ရောက်ပြီး၁၁လအကြာမှာဘဲပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

သူဟာလျှင်မြန်ခြင်း၊ဘောလုံးလိမ်ခေါက်မှုကောင်းမွန်ခြင်း၊ဖရီးကစ်ကန်ကောင်းခြင်း၊ဖန်တီးနိုင်မှုစွမ်းအားမြင့်မားခြင်းတို့ကြောင့် မဝေးတော့ကာလအတွင်းတွင်ဆိုးလ်ရှားရဲ့မန်ယူပထမအသင်းမှာမြင်တွေ့လာရဖို့ရှိနေပါတယ်။

ZawGyi

ဆိုးလ္ရွားရဲ႕မန္ယူအတြက္ ပထမဆုံးေခၚယူထားတဲ့ ကစားသမား အီမာရန္ အသက္ ၁၈ႏွစ္ရွိၿပီျဖစ္ၿပီး ယူ-၂၃ တြင္ေျခစြမ္းျပေန

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူအသင္းကိုယာယီနည္းျပအျဖစ္သာကိုင္တြယ္စဥ္တုန္းကယခုလိုမ်ိဳးထိပ္တန္းနာမည္ေက်ာ္ကစားသမားမ်ား ယူႏိုက္တက္သို႔လာေရာက္ကစားဖို႔မေခၚယူႏိုင္ေသးပါဘူး။

ေနာ္ေဝလူမ်ိဳးနည္းျပဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကမန္ယူအတြက္ပထမဆုံးကစားသမားေခၚယူမႈျပဳလုပ္ခဲ့ပါတယ္။ပထမအသင္းအတြက္ကစားသမားတစ္ဦးေခၚယူခဲ့တာမဟုတ္ပါဘူး။အသက္၁၆ႏွစ္အ႐ြယ္ရွိလူငယ္ေလးတစ္ဦးကိုလီဂူး၁ကလပ္ေအမီယန္မွေခၚယူခဲ့တာျဖစ္ပါတယ္။

မန္ယူဟာပါရမီရွင္ေတာင္ပံကစားသမားေလးကိုပီအက္စ္ဂ်ီ၊ဂ်ဴဗင္တပ္၊ဘာစီလိုနာတို႔လိုထိပ္သီးကလပ္မ်ားကိုေက်ာ္ျဖတ္ကာေခၚယူခဲ့တာပါ။

မန္ယူလူငယ္ကစားသမားေလးဟာယင္းေနာက္ပိုင္းတြင္မန္ယူတြင္အထိုင္က်လာကာလူငယ္အသင္းမ်ားမွာကစားရင္းေျခစြမ္းပိုင္းတိုးတက္ျမင့္မားလာေနပါတယ္။

အီမာရန္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူယူ-၁၈အသင္းမွာေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူယခုရာသီမွာမန္ယူယူ-၂၃အသင္းသို႔တက္လွမ္းထားႏိုင္ၿပီျဖစ္ပါတယ္။

သူဟာမန္ယူသို႔ေရာက္ၿပီးခ်င္းခ်င္း ဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီႏွင့္ေတြ႕ဆုံမႈရရွိၿပီးအႀကံဉာဏ္တစ္ခ်ိဳ႕လည္းရရွိခဲ့ပါတယ္။

သူဟာဝိန္း႐ြန္းနီေျပာတဲ့အတိုင္းမန္ယူလူငယ္အသင္းမွာႀကိဳးစားအားထုတ္မႈနဲ႔အတူမန္ယူသို႔ေရာက္ၿပီး၁၁လအၾကာမွာဘဲပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။

သူဟာလွ်င္ျမန္ျခင္း၊ေဘာလုံးလိမ္ေခါက္မႈေကာင္းမြန္ျခင္း၊ဖရီးကစ္ကန္ေကာင္းျခင္း၊ဖန္တီးႏိုင္မႈစြမ္းအားျမင့္မားျခင္းတို႔ေၾကာင့္ မေဝးေတာ့ကာလအတြင္းတြင္ဆိုးလ္ရွားရဲ႕မန္ယူပထမအသင္းမွာျမင္ေတြ႕လာရဖို႔ရွိေနပါတယ္။