ဆိုးလ်ရှားရဲ့လေ့ကျင့်ရေးစနစ်များအပေါ်တွင် မန်ချက်စတာယူနိုက်တက်ကစားသမားများ စိုးရိမ်နေ

မန်ချက်စတာယူနိုက်တက်ကစားသမားများဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့လေ့ကျင့်ရေးစနစ်များအပေါ်တွင်စိုးရိမ်ပူပန်မှုများရှိနေကြကြောင်း The Athletic ကဖော်ပြလာပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရဆိုးလ်ရှားဟာကစားသမားများရဲ့လေ့ကျင့်ခန်းဆင်းနေမှုများကို ကိုယ်တိုင်ဦးဆောင်လုပ်ဆောင်ခြင်းမရှိဘဲလက်ထောက်နည်းပြများကိုသာလွဲပြောင်းလုပ်စေလျက်ရှိကြောင်းသိရပါတယ်။

မန်ယူအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်များကိုအတွေ့အကြုံနည်းပါးတဲ့ လက်ထောက်များဖြစ်ကြတဲ့မက်ကန်နာနှင့်မိုက်ကယ်ကာရစ်တို့ကဦးဆောင်လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

မက်ကန်နာမှာမန်ယူ-၁၈ကိုကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီးမော်ရင်ဟိုရဲ့နောက်ဆုံးရာသီမတိုင်မီ ပထမအသင်းနည်းပြဖြစ်လာသူဖြစ်ပါတယ်။မိုက်ကယ်ကာရစ်မှာလည်းလွန်ခဲ့တဲ့သုံးနှစ်တုန်းကကစားသမားဘဝမှအနားယူပြီးနောက်မက်ကန်နာနှင့် တစ်နှစ်တည်းတွင်ပင် နည်းပြအဖွဲ့ဝင်ဖြစ်လာသူဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးကမန်ယူအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်များကိုဦးဆောင်လုပ်နေကြတာဖြစ်ပြီးအတွေ့အကြုံရင့်နည်းပြတစ်ဦးဖြစ်တဲ့လက်ထောက်နည်းပြမိုက်ဖီလန်ကစောင့်ကြည့်ကာလိုအပ်ချက်များကိုညွှန်ကြားပါတယ်။

နော်ဝေလူမျိုးနည်းပြဟာသူ့နည်းပြအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်မှုအတွက်ချီးကျူးခံရသော်လည်းတစ်ဖက်တွင်အလွန်အရေးကြီးတဲ့လုပ်ဆောင်မှုရှိလာတဲ့အခါ အဆုံးအဖြတ်ပေးနိုင်မှုပိုင်းမှာအားနည်းနေပါတယ်။

ဥပမာပြရလျှင်ဒတ်ချ်ကွင်းလယ်ကစားသမားဒွန်နီဗန်ဒီဘီခ်မှာပရီးမီးယားလိဂ်တွင်အံဝင်ရန်လိုအပ်တဲ့ကြံ့ခိုင်သန်စွမ်းမှုမျိုးမရှိပါဘူး။ဒါပေမယ့်ဆိုးလ်ရှားကဗန်ဒီဘိခ်ကိုလက်ရှိကြံ့ခိုင်သန်စွမ်းမှုမျိုးဖြင့်အောင်မြင်မှုရမယ်လို့ယုံကြည်နေတာမျိုးပါ။

အစောပိုင်းတုန်းကလည်းဆိုးလ်ရှားရဲ့လေ့ကျင့်ရေးနည်းစနစ်များမှာသာမန်အခြေခံမျိုးမျှသာဖြစ်ပြီးဖန်တီးမှုပိုင်းမရှိကြောင်းလည်းသတင်းထွက်ခဲ့ဖူးပါတယ်။

ZawGyi

ဆိုးလ္ရွားရဲ႕ေလ့က်င့္ေရးစနစ္မ်ားအေပၚတြင္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ား စိုးရိမ္ေန

မန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕ေလ့က်င့္ေရးစနစ္မ်ားအေပၚတြင္စိုးရိမ္ပူပန္မႈမ်ားရွိေနၾကေၾကာင္း The Athletic ကေဖာ္ျပလာပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားဟာကစားသမားမ်ားရဲ႕ေလ့က်င့္ခန္းဆင္းေနမႈမ်ားကို ကိုယ္တိုင္ဦးေဆာင္လုပ္ေဆာင္ျခင္းမရွိဘဲလက္ေထာက္နည္းျပမ်ားကိုသာလြဲေျပာင္းလုပ္ေစလ်က္ရွိေၾကာင္းသိရပါတယ္။

မန္ယူအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားကိုအေတြ႕အႀကဳံနည္းပါးတဲ့ လက္ေထာက္မ်ားျဖစ္ၾကတဲ့မက္ကန္နာႏွင့္မိုက္ကယ္ကာရစ္တို႔ကဦးေဆာင္လုပ္ေဆာင္ေနၾကတာလည္းျဖစ္ပါတယ္။

မက္ကန္နာမွာမန္ယူ-၁၈ကိုကိုင္တြယ္ခဲ့ဖူးသူျဖစ္ၿပီးေမာ္ရင္ဟိုရဲ႕ေနာက္ဆုံးရာသီမတိုင္မီ ပထမအသင္းနည္းျပျဖစ္လာသူျဖစ္ပါတယ္။မိုက္ကယ္ကာရစ္မွာလည္းလြန္ခဲ့တဲ့သုံးႏွစ္တုန္းကကစားသမားဘဝမွအနားယူၿပီးေနာက္မက္ကန္နာႏွင့္ တစ္ႏွစ္တည္းတြင္ပင္ နည္းျပအဖြဲ႕ဝင္ျဖစ္လာသူျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးကမန္ယူအသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားကိုဦးေဆာင္လုပ္ေနၾကတာျဖစ္ၿပီးအေတြ႕အႀကဳံရင့္နည္းျပတစ္ဦးျဖစ္တဲ့လက္ေထာက္နည္းျပမိုက္ဖီလန္ကေစာင့္ၾကည့္ကာလိုအပ္ခ်က္မ်ားကိုၫႊန္ၾကားပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပဟာသူ႔နည္းျပအဖြဲ႕ႏွင့္ပူးေပါင္းလုပ္ေဆာင္ႏိုင္မႈအတြက္ခ်ီးက်ဴးခံရေသာ္လည္းတစ္ဖက္တြင္အလြန္အေရးႀကီးတဲ့လုပ္ေဆာင္မႈရွိလာတဲ့အခါ အဆုံးအျဖတ္ေပးႏိုင္မႈပိုင္းမွာအားနည္းေနပါတယ္။

ဥပမာျပရလွ်င္ဒတ္ခ်္ကြင္းလယ္ကစားသမားဒြန္နီဗန္ဒီဘီခ္မွာပရီးမီးယားလိဂ္တြင္အံဝင္ရန္လိုအပ္တဲ့ႀကံ့ခိုင္သန္စြမ္းမႈမ်ိဳးမရွိပါဘူး။ဒါေပမယ့္ဆိုးလ္ရွားကဗန္ဒီဘိခ္ကိုလက္ရွိႀကံ့ခိုင္သန္စြမ္းမႈမ်ိဳးျဖင့္ေအာင္ျမင္မႈရမယ္လို႔ယုံၾကည္ေနတာမ်ိဳးပါ။

အေစာပိုင္းတုန္းကလည္းဆိုးလ္ရွားရဲ႕ေလ့က်င့္ေရးနည္းစနစ္မ်ားမွာသာမန္အေျခခံမ်ိဳးမွ်သာျဖစ္ၿပီးဖန္တီးမႈပိုင္းမရွိေၾကာင္းလည္းသတင္းထြက္ခဲ့ဖူးပါတယ္။