ဆိုးလ်ရှားရဲ့သရဲနီကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်မှာမဟာပြိုင်ဘက်လီဗာပူးအားအရှက်တကွဲရှုံးနိမ့်တဲ့ပွဲကို ကြည့်နေစဉ်အတွင်းမျက်နှာကြီးစူပုပ်ကာခေါင်းတရမ်းရမ်းခေါင်းတခါခါဖြစ်နေခဲ့ပါတယ်။

ယင်းအချိန်မှာဆာအဲလက်စ်ဖာဂူဆန်နဲ့မနီးမဝေးမှာရှိနေတဲ့လီဗာပူးဂန္ထဝင်ဆာကန်နီဒဲလ်လစ်ရှ်ကတော့လီဗာပူးရဲ့အားရစရာကောင်းတဲ့ခြေစွမ်းနဲ့နိုင်ပွဲကြောင့်အကြီးအကျယ်ပျော်နေခဲ့တာတွေ့ရပါတယ်။

လီဗာပူးဟာအိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူကိုပထမပိုင်းမှာတင်၄-၀ဂိုးဖြင့်အနိုင်ယူထားခဲ့ပါတယ်။မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းမှာနှစ်ပေါင်း၇၀အတွင်းပထမဆုံးအကြိမ်အဖြစ်ဧည့်သည်အသင်းကိုပထမပိုင်းမှာ၄ဂိုးရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းအစ၅မိနစ်မှာမိုဟာမက်ဆာလက်ကသူ့ရဲ့ဟက်ထရစ်မြောက်ဂိုးကိုသွင်းယူပြီးနောက် Sky Sport ကင်မရာကအိုးထရက်ဖို့ဒ်ပွဲကြည့်စင်မှ ဆာအဲလက်စ်ဖာဂူဆန်ရဲ့အခြေအနေကိုရိုက်ပြခဲ့ပါတယ်။

ဖာဂူဆန်ဟာမျက်နှာကြီးစူပုပ်ကာခေါင်းတခါခါဖြစ်နေခဲ့ပါတယ်။Sky Sport ဟာချက်ချင်းပင်လီဗာပူးဂန္ထဝင်ကန်နီဒဲလ်ကလစ်ရှ်ကိုရိုက်ပြခဲ့ရာလီဗာပူးဂန္ထဝင်မှာအတော်မသတ်နိုင်အောင်ပျော်နေခဲ့တာတွေ့ရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားအတွက်ခရီးကြမ်းကအခုမှအစဘဲရှိပါသေးတယ်။မန်ယူဟာယခုလအကုန်မှာစပါးစ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ပြီးနောက်နိုဝင်ဘာလ၆ရက်နေ့မှာမန်ချက်စတာဒါဘီပွဲစဉ်အဖြစ်မန်စီးတီးကိုအိုးထရက်ဖို့ဒ်ကွင်းမှာဧည့်ခံကစားရဦးမှာဖြစ်ပါတယ်။

ZawGyi

ဆိုးလ္ရွားရဲ႕သရဲနီကို ၾကည့္ၿပီး ေခါင္းတခါခါ ျဖစ္ေနခဲ့တဲ့ ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္မွာမဟာၿပိဳင္ဘက္လီဗာပူးအားအရွက္တကြဲရႈံးနိမ့္တဲ့ပြဲကို ၾကည့္ေနစဥ္အတြင္းမ်က္ႏွာႀကီးစူပုပ္ကာေခါင္းတရမ္းရမ္းေခါင္းတခါခါျဖစ္ေနခဲ့ပါတယ္။

ယင္းအခ်ိန္မွာဆာအဲလက္စ္ဖာဂူဆန္နဲ႔မနီးမေဝးမွာရွိေနတဲ့လီဗာပူးဂႏၴဝင္ဆာကန္နီဒဲလ္လစ္ရွ္ကေတာ့လီဗာပူးရဲ႕အားရစရာေကာင္းတဲ့ေျခစြမ္းနဲ႔ႏိုင္ပြဲေၾကာင့္အႀကီးအက်ယ္ေပ်ာ္ေနခဲ့တာေတြ႕ရပါတယ္။

လီဗာပူးဟာအိုးထရက္ဖို႔ဒ္ကြင္းမွာမန္ယူကိုပထမပိုင္းမွာတင္၄-၀ဂိုးျဖင့္အႏိုင္ယူထားခဲ့ပါတယ္။မန္ယူဟာအိုးထရက္ဖို႔ဒ္ကြင္းမွာႏွစ္ေပါင္း၇၀အတြင္းပထမဆုံးအႀကိမ္အျဖစ္ဧည့္သည္အသင္းကိုပထမပိုင္းမွာ၄ဂိုးရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းအစ၅မိနစ္မွာမိုဟာမက္ဆာလက္ကသူ႔ရဲ႕ဟက္ထရစ္ေျမာက္ဂိုးကိုသြင္းယူၿပီးေနာက္ Sky Sport ကင္မရာကအိုးထရက္ဖို႔ဒ္ပြဲၾကည့္စင္မွ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အေျခအေနကို႐ိုက္ျပခဲ့ပါတယ္။

ဖာဂူဆန္ဟာမ်က္ႏွာႀကီးစူပုပ္ကာေခါင္းတခါခါျဖစ္ေနခဲ့ပါတယ္။Sky Sport ဟာခ်က္ခ်င္းပင္လီဗာပူးဂႏၴဝင္ကန္နီဒဲလ္ကလစ္ရွ္ကို႐ိုက္ျပခဲ့ရာလီဗာပူးဂႏၴဝင္မွာအေတာ္မသတ္ႏိုင္ေအာင္ေပ်ာ္ေနခဲ့တာေတြ႕ရပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားအတြက္ခရီးၾကမ္းကအခုမွအစဘဲရွိပါေသးတယ္။မန္ယူဟာယခုလအကုန္မွာစပါးစ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ၿပီးေနာက္ႏိုဝင္ဘာလ၆ရက္ေန႔မွာမန္ခ်က္စတာဒါဘီပြဲစဥ္အျဖစ္မန္စီးတီးကိုအိုးထရက္ဖို႔ဒ္ကြင္းမွာဧည့္ခံကစားရဦးမွာျဖစ္ပါတယ္။